သတင်း KNUညီလာခံ အွန်လိုင်းက ကျင်းပရန် စီစဉ်မှု အဆင်မပြေ KNU ၏ (၁၇)ကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီ ၂၇ရက်တွင် စတင်ကျင်းပခဲ့သော်လည်း KNU တပ်မဟာ(၅)က ကိုယ်စားလှယ်များ တက်ရောက်နိုင်ခြင်းမရှိဟု KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ကိုးကားပြီး Salween Press က ဖော်ပြထားသည်။ LuduNwayOoမတ် 6, 2023
သတင်း ခင်ဦးမြို့နယ်မှာ တိုက်ပွဲကျန် ဗုံးသီးကျည်ဖူးပေါက်ကွဲမှုဖြစ်ပြီး ကလေးတစ်ဦးသေဆုံး နွားကျောင်းသွားရင်း တောတွင်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ကျန်ခဲ့တဲ့ ၇၉ ဗုံးသီးပစ်လောင်ချာကျည်ဖူးကို ကောက်ယူလာခဲ့ပြီး နေအိမ်က အုတ်ကန်ပေါ် တင်ထားရာကနေ ပြုတ်ကျကာ ပေါက်ကွဲမှုဖြစ်ပြီးသေဆုံးသွားတာလို့သိရပါတယ်။ LuduNwayOoမတ် 6, 2023
သတင်း ယင်းမာပင်အခြေစိုက် အမိမြေတော်လှန်ရေးစခန်း စီးနင်းဖျက်ဆီးခံရ ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးမှုမရှိခဲ့သော်လည်း စခန်း၏ အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ဆုံးရှုံးခဲ့ရကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့တာဝန်ခံက ပြောသည်။ LuduNwayOoမတ် 6, 2023
သတင်း မြိုင်မြို့သို့ ရိက္ခာပို့လာသည့် စစ်အုပ်စုအားတိုက်ခိုက် ရာ ခြောက်ဦးသေဟုဆို တိုက်ပွဲမှာ ဖေဖော်ဝါရီ ၄ရက်က ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း၊ အမှတ်(၂)တပ်ရင်းနှင့် အမှတ် (၇) တပ်ရင်းတို့မှ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။ LuduNwayOoမတ် 6, 2023
သတင်း စစ်ကောင်စီနှင့်တရုတ်၏ လေအားလျှပ်စစ်စီမံကိန်းသုံးခုလက်တွေ့မဖြစ်နိုင်ဟုစွမ်းအင်ပညာရှင်များသုံးသပ် ထိုစီမံကိန်းများအနက် မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းကို ယခုနှစ်(၂၀၂၃)ဒီဇင်ဘာတွင် လုပ်ငန်းများစတင်ရန် စစ်ကောင်စီခန့် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်ကပြောကြောင်းစစ်ကောင်စီမီဒီယာများကဖော်ပြသည်။ LuduNwayOoမတ် 5, 2023
သတင်း သြစတြေးလျတွင်ကျင်းပမည့်အစည်းအဝေးတစ်ခု၌ စစ်ကောင်စီ ကိုယ်စားလှယ်များကို တက်ရောက်ခွင့်ပေးမည်မဟုတ်ဟု အကြောင်းပြန် NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းရွှေက မြန်မာစစ်ကောင်စီကိုယ်စားလှယ်များကို ဘရစ္စဘိန်း၌ ပြုလုပ်မည့်အစည်းအဝေးသို့ ဖိတ်ကြားထားမှုနှင့်ပတ်သက်၍ သြစတြေးလျအစိုးရထံ တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 5, 2023
သတင်း သံတောင်မြို့ (၁၃) မိုင်တွင် နေအိမ် ၇ လုံးမီးရှို့ခံရ မတ်လ(၄)ရက် မွန်းလွဲနှစ်နာရီအချိန်ခန့်တွင် သံတောင်မြို့(၁၃)မိုင်၌ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေအိမ်(၇)လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ LuduNwayOoမတ် 5, 2023
သတင်း ဒလန်သတင်းပေးမှုဖြင့် ဝိုင်ဒင်းရွာရှိ PDF စခန်းစီးနင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၉ဦးကျဆုံး ဖေဖော်ဝါရီ ၂၃ရက်နှင့်၂၇ရက်ကလည်း ဝိုင်ဒင်းကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ဦးသေဆုံးကာအများအပြားဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။ LuduNwayOoမတ် 5, 2023
သတင်း “ညနေခင်းသတင်းလွှာ” ဒီနေ့ (မတ်လ ၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။ LuduNwayOoမတ် 5, 2023
သတင်း စစ်ကောင်စီက လူသားဒိုင်း၊ လက်ကိုင်တုတ်အဖြစ် အသုံးချနေမှုလက်မခံရန် ပအိုဝ်းပြည်သူများကို PNFC ဥက္ကဋ္ဌ ပန်ကြား ဖေဖော်ဝါရီအတွင်း ကရင်နီ- ရှမ်းနယ်စပ် တိုက်ပွဲများ၌ စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသည့် PNO/PNA တပ်ဖွဲ့ဝင်များလည်း သေဆုံးထိခိုက်ရှိခဲ့သည်။ LuduNwayOoမတ် 5, 2023