Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်သည့် စစ်ကောင်စီလုပ်ရပ် KNU တပ်မဟာ(၅)ရှုတ်ချ

KNU တပ်မဟာ(၅)သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ နေစဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။

(စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️စစ်အာဏာရှင်စနစ်ကျရှုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု အသိပေး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာရှိ ပြည်သူများအား လေကြောင်းမှ တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်များသည် တိုင်းရင်းသား တော်လှန်ရေးနယ်မြေများတွင်သာမက ဗမာတိုင်းရင်းသားများ နေထိုင်ရာ တိုင်းဒေသအချို့နှင့် မြို့ပြဒေသများပါမကျန် အပြစ်မဲ့ ပြည်သူများအား ရန်သူသဖွယ် သဘောထားပြီး မတရားပစ်ခတ်တိုက်ခိုက်သတ်ဖြတ်နေသည်ကိုတွေ့မြင်နေရသည်ဟု တပ်မဟာ(၅)က ထုတ်ပြန် သည်။

ပြည်သူလူထု ရာနှင့်ချီ အသက်ဆုံးရှုံးခဲ့ရသည့် ဧပြီ ၁၁ရက် ပဇီကြီးရွာ တိုက်ခိုက်မှု အပါအဝင် မတရားနည်းလမ်းပေါင်းစုံ ကျင့်သုံးပြီး ပြည်သူလူထုအပေါ် ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီတပ်များ၏ ရက်စက်ယုတ်မာမှုအပေါ် KNU တပ်မဟာ(၅) အနေဖြင့် လုံး၀ကန့်ကွက်ရှုတ်ချလိုက်ကြောင်းဖော်ပြကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူလူထုများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရသည်ဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ပြည်သူလူထုများ၏ အဖိနှိပ်ခံဘ၀မှ လွတ်မြောက်စေရန် အတွက် အသက်စတေးခဲ့ရသော ပုဂ္ဂိုလ်များအားလုံးကို လေးစားဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ခေါင်းဆောင်သည့် လက်ရှိစစ်ကောင်စီ၏ လုပ်ရပ်များသည် မဟာလူမျိုးကြီးဝါဒ နှင့် စစ်အာဏာရှင်စနစ် တည်တံ့ခိုင်မြဲရေးအတွက်သာ ဖြစ်သောကြောင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် စစ်ကောင်စီအား ဆန့်ကျင်တော်လှန်သော အင်အားစု အဖွဲ့အစည်းအားလုံး နှင့်ပူးပေါင်းဆောင်ရွက်ပြီး စစ်အာဏာရှင်စနစ်ကျရှုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း စစ်ကောင်စီအား ထိရောက်သော အပြစ်ပေး အရေးယူမှုများ လုပ်ဆောင်နိုင်ရေး နိုင်ငံတကာ ဘုံစုစည်းမှုတစ်ရပ်ကို စုစည်းပြီး လက်တွေ့ကျကျ ဆောင်ရွက်ပေးကြရန်လိုအပ်သည်ဟုလည်း KNU တပ်မဟာ(၅)က ကြေညာခဲ့သည်။

KNU တပ်မဟာ(၅)သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ နေစဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။