Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်ဒေသရှိ PDF တပ်ရင်း၊ တပ်ဖွဲ့များကို လက်နက်တပ်ဆင်ခဲ့ကြောင်း NUG ကာကွယ်ရေး အသိပေး

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် နိုင်ငံတဝန်း စစ်ရေးအရှိန်မြှင့်တင်မည်ဟု အသိပေးကြေညာထားသည့်နှင့်အညီ လက်နက်တပ်ဆင်မှုများလည်း လုပ်ဆောင်လျက်ရှိသည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ် ဒေသ တပ်ရင်းတပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD-NUG)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ် ဒေသ တပ်ရင်းတပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD-NUG)

▪️လက်နက်တပ်ဆင်မှုအရှိန်မြှင့်မည်ဟု အသိပေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ် ဒေသ တပ်ရင်းတပ်ဖွဲ့များကို လက်နက်တပ်ဆင်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၁၆) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မိုးကုတ်ဒေသရှိ တပ်ရင်းတပ်ဖွဲ့များကို လက်နက်တပ်ဆင် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ် ဒေသ တပ်ရင်းတပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD-NUG)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ် ဒေသ တပ်ရင်းတပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ – MOD-NUG)

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် PDF၏ တပ်ရင်းတပ်ဖွဲ့များအား လက်နက်တပ်ဆင်ခြင်းကို လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ တပ်ဆင်ပေးအပ်လျက်ရှိ ကြောင်းနှင့်လက်နက်တပ်ဆင်မှုများအား ဆက်လက်အရှိန်မြှင့် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် နိုင်ငံတဝန်း စစ်ရေးအရှိန်မြှင့်တင်မည်ဟု အသိပေးကြေညာထားသည့်နှင့်အညီ လက်နက်တပ်ဆင်မှုများလည်း လုပ်ဆောင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ယခုနှစ်တွင် မိုးကုတ်ဒေသနှင့် ဆက်စပ်ဒေသများ၌ PDF တပ်ရင်းတပ်ဖွဲ့များက စစ်ဆင်ရေးများ ဆောင်ရွက်လျက်ရှိရာ စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။