Connect with us

Hi, what are you looking for?

သတင်း

ကော့​သောင်းတွင်ပျူခေါင်းဆောင်နှစ်ဦးကိုPDFများတိုက်ခိုက်ပြီးလက်နက်ခဲယမ်းများသိမ်းဆည်း

ပုလဲစစ်​ကြောင်းတိုက်ခိုက်ခံရပြီး ရက်​ပေါင်း ၄၀ ​ကျော်ကြာချိန် ဧပြီ ၁၆ ရက်ကဆိတ်ဖူးကျေးရွာသို့ လက်နက်ကိုင် အင်အား ၄၀ခန့်က ခေါင်းစွပ်အမဲဝတ်ဆင်ပြီး လာရောက်၍ အထက်ပါပျူ ခေါင်း​ဆောင်နှစ်ဦး၏ အိမ်များအားလက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

(ပျူ​ခေါင်း​ဆောင်နှစ်ဦးထံမှ သိမ်းဆည်းရရှိ​​​သော လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ။ဓါတ်ပုံ-​ကော့​သောင်းPDF)
(ပျူ​ခေါင်း​ဆောင်နှစ်ဦးထံမှ သိမ်းဆည်းရရှိ​​​သော လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ။ဓါတ်ပုံ-​ကော့​သောင်းPDF)

▪︎မတ်လဆန်းကဝိုင်ဒင်းရွာPDF စစ်​ကြောင်းစီးနင်းခံရမှုတွင်ယခုပျူ​ခေါင်​ဆောင်နှစ်ဦးကဦး​ဆောင်ခဲ့ဟုဆို

ကော့သောင်းခရိုင်၊ ခ​မောက်ကြီးမြို့နယ်၊ ဆိတ်ဖူးကျေးရွာမှ စစ်ကောင်စီလက်​​အောက်ခံပျူ​စောထီးခေါင်းဆောင်နှစ်ဦးကို ယမန့်(ဧပြီ ၁၆ ရက်) ညနေပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ရှင်းလင်းပြီး လက်နက်ခဲယမ်းများပါသိမ်းဆည်းရရှိကြောင်းကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူက​ပြောသည်။

ပျူစောထီး​ခေါင်း​ဆောင်ကျော်ဝင်းနှင့်ဒုခေါင်းဆောင်းမြင့်အောင်တို့ကို ယမန့်နေ့ညနေ ၄နာရီခန့်က PDFများကဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ဖြစ်သည်ဟု အဆိုပါအဖွဲ့နှင့်​ဒေသခံများက​ပြောသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်ကခမောက်ကြီးမြို့၊ဝိုင်ဒင်းရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပုလဲစစ်ကြောင်းကိုပျူစောထီးနှင့် စစ်ကောင်စီတပ်များကတိုက်ခိုက်စီးနင်းရာတွင် ​ကျော်ဝင်းနှင့်မြင့်​အောင်တို့ နှစ်ဦးက ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများကပြောသည်။

Public Service Announcement
Public Service Announcement

ဝိုင်းဒင်းရွာတွင် PDF များစီးနင်းတိုက်ခိုက်ခံရစဥ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ပုလဲစစ်​ကြောင်းတိုက်ခိုက်ခံရပြီး ရက်​ပေါင်း ၄၀ ​ကျော်ကြာချိန် ဧပြီ ၁၆ ရက်ကဆိတ်ဖူးကျေးရွာသို့ လက်နက်ကိုင် အင်အား ၄၀ခန့်က ခေါင်းစွပ်အမဲဝတ်ဆင်ပြီး လာရောက်၍ အထက်ပါပျူ ခေါင်း​ဆောင်နှစ်ဦး၏ အိမ်များအားလက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

“ဦးမြင့်အောင်ကခေါင်းမှာသေနတ်မှန်ပြီးသေတာ။ဦးကျော်ဝင်းက လည်ပင်း၊ ခေါင်းနဲ့ ရင်ညွန့်မှာ မှန်ပြီးသေတာ။”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့်နီးစပ်သူတစ်ဦးကPeople’s Spring သတင်းဌာနသို့ ပြောသည်။

၎င်းတို့ နှစ်ဦးကို ရှင်းလင်းပြီးနောက် Ak-47 နှစ်လက်၊ ကျည် တစ်ရာ၊ ၉ မမ ပစ္စတိုတစ်လက်၊ ကျည်ကာ၄ ထည်၊ ယူနီဖောင်း နှစ်စုံ၊ ဂတ်စ် သေနတ် တစ်လက်၊ ကျည်ဘောက် ၅ခုနှင့် ဓားများ နှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိသည်ဟု ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိဘဲ အောင်မြင်သွာဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ခိုက်မှု​ဖြစ်ပြီး​နောက် ​ဒေသခံများသည် ထိုင်းနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်လာကြ​ကြောင်း ထိုင်းနိုင်ငံဘက်မှ သတင်းဌာနများက​ဖော်ပြသည်။ မတ်လတွင် ကော့သောင်းခရိုင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့စဥ်ကလည်း ​ဒေသခံပြည်သူများမှာထိုင်းဘက်ခြမ်းသို့ထွက်​ပြေးတိမ်း​ရှောင်ခဲ့ကြသည်။

ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများအနေဖြင့်ပြည်သူနှင့်အတူအမြန်ဆုံးပူးပေါင်းကြရန်နှင့် စစ်ကောင်စီ ထောင့်တိုင်များကိုဆက်လက်ချေမှုန်းသွားမည်ဟုလည်း ကော့သောင်းမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။