Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံတွင် သင်္ကြန်ရေကစားနေသည့် စစ်ကောင်စီတပ်သားများအားတိုက်ခိုက်ရာ အနည်းဆုံးငါးဦးသေဟု KNDFပြော

ဧပြီ ၁၆ရက် နံနက်ပိုင်းက ဆောင်ကန်းကျေးရွာတွင် အင်အား ၂၀ခန့်ရှိ စစ်ကောင်စီတပ်ကို အလစ်အငိုက် တိုက်ခိုက်နိုင်ခဲ့ခြင်းဟု ဆိုသည်။

(KNDF - ဖယ်ခုံဇုန်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(KNDF - ဖယ်ခုံဇုန်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

ကရင်နီ – ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်တွင် သင်္ကြန်အတက်နေ့က ရေကစားနေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး အနည်းဆုံးငါးဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖယ်ခုံဇုန် တာဝန်ရှိသူက လူထုနွေဦးသို့ ပြောကြားသည်။

ဧပြီ ၁၆ရက် နံနက်ပိုင်းက ဆောင်ကန်းကျေးရွာတွင် အင်အား ၂၀ခန့်ရှိ စစ်ကောင်စီတပ်ကို အလစ်အငိုက် တိုက်ခိုက်နိုင်ခဲ့ခြင်းဟု ဆိုသည်။

“သူတို့ ရေကစားနေတယ်ဆိုတာ သတင်းအတိအကျရတာနဲ့ ပြင်ဆင်ပြီး ကားနဲ့ဝင်ပစ်တာ။အခြေအနေအရ လက်နက်တွေတော့ မရလာခဲ့ဘူး”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် လက်ရှိ ရှမ်း-ကရင်နီအစပ်ဒေသများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များအကြား တပ်ဆိုင်ထားလျက်ရှိပြီး နေ့စဥ်ထိတွေ့မှုရှိနေသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖေဖော်ဝါရီ ၂၄ ရက်ကစ၍ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှတဆင့် ဖယ်ခုံမြို့ ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ကို ကရင်နီတပ်မတော် (KA) ၊ KNDF နှင့် အလယ်ပိုင်းတိုင်းတပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်နေသည်။

အလားတူ ကရင်နီပြည်နယ်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့ နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄)ခုဖွင့်ကာ စုစုပေါင်း စစ် ကြောင်း (၁၂)ကြောင်းဖြင့်ထိုးစစ်ဆင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။