သတင်း ထန်တလန်မြို့ မြေပြင်တိုက်ပွဲ ချင်းတပ်ဖွဲ့မှ ရဲဘော် နှစ်ဦးကျဆုံး ဖေဖော်ဝါရီ ၉ရက်တွင် စစ်ကောင်စီ၏ ထန်တလန်ရဲစခန်းကို CNAနှင့် ချင်းကာကွယ်ရေးတပ် (CDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုများရှိခဲ့သည့်အပြင် လက်နက် ၄၂လက်ကို ချင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 26, 2023
သတင်း “ညနေခင်းသတင်း” ဒီနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။ LuduNwayOoဖေဖော်ဝါရီ 26, 2023
သတင်း တမူးမြို့တွင် စစ်ကောင်စီတပ်က လူနေရပ်ကွက်အတွင်း လက်နက်ကြီးပစ်ခတ်၍ သားအမိသုံးဦးထိမှန်ပြီး ကလေးငယ်တစ်ဦးသေဆုံး ယမန်နေ့(ဖေဖော်ဝါရီ ၂၅ရက်) နံနက်ကတမူးမြို့ စော်ဘွား ၁၂ (ခ)ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 26, 2023
သတင်း တောင်ကိုရီးယားမြန်မာများထည့်ဝင်သည့် One Day Challenge လှုပ်ရှားမှုမှ NUG ကို ကန်ဒေါ်လာ ၁.၆ သန်းကျော်ပေးပို့လှူဒါန်း လက်ရှိတွင် One Day Challenge အဖွဲ့ဝင်ပေါင်း ၁၃၄၂ ဦးရှိပြီး ယင်းအဖွဲ့ဝင်များက ၎င်းတို့၏ လစဥ်ထည့်ဝင်ငွေ ကိုရီးယားဝမ်ငွေ ၁၂၅,၇၆၀,၀၀၀ ကို NUG အား ထောက်ပံ့နေခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 26, 2023
သတင်း ချင်းတိုင်းရင်းသားအဆိုတော်တွေသီဆိုတဲ့သီချင်းယူကျုမှာရေပန်းစားလာ ဒီသီချင်းကို ဖေဖော်ဝါရီ ၃ ရက်က လူသုံးသောင်းခွဲကျော် Subscribe လုပ်ထားတဲ့ Chin Tube You Tube Channel မှာတင်ခဲ့တာဖြစ်ပြီး သုံးပါတ်ကျော်အကြာမှာ ကြည့်ရှုသူတစ်သန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 26, 2023
သတင်း ဟားခါးစာသင်ကျောင်း၌ လုံခြုံရေးတာဝန်ယူနေသည့်ရဲတစ်ဦး လက်နက်နှင့်အတူ အလင်းဝင် ထန်တလန်အခြေစိုက် ခလရ (၂၆၉)တပ်မှ စစ်ကောင်စီတပ်သား နှစ်ဦးသည်လည်း လက်နက် ၂လက်၊ ကျည်၊ လက်ပစ်ဗုံး၊ ဗုံးသီးများနှင့်အတူ ဟားခါး CDFထံအလင်းဝင်လာကြောင်း ဟားခါး CDFက ဖေဖော်ဝါရီ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 26, 2023
သတင်း မင်းတပ် ခလရ(၂၇၄)တပ် လက်နက်ကြီးပစ်ခတ်၍ မိသားစုဝင် သုံးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ စစ်ကောင်စီတပ် ခလရ(၂၇၄) အနေဖြင့်ယခင်ကလည်း မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုဖြစ်ပေါ်ခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 26, 2023
သတင်း မန္တလေးတိုင်း မြို့နယ်သုံးခုရှိ ရဲစခန်း၊ ပျူစခန်းနှင့် စစ်ကောင်စီယာဥ်များအား တိုက်ခိုက် မန္တလေးတိုင်းမြောက်ခြမ်းတွင်လည်း သပိတ်ကျင်းမြို့နယ်ရှိ ပုဏ္ဏားကြီးရွာပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးသီး၈လုံးချတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 26, 2023
သတင်း စစ်တပ်၏ ဗျူဟာမြောက်နယ်စပ် တပ်စခန်းကို ကရင်နီတပ်ဒရုန်းဖြင့်တိုက်ခိုက် ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲပိုင်းက နယ်စပ်ရှိ စစ်ကောင်စီတပ်၏ ကျားပါးစပ်ကြီး တပ်စခန်းကို ကရင်နီတပ်မတော်အမှတ်(၂)တပ်ရင်း ကွန်မန်ဒိုတပ်ဖွဲ့နှင့် Drone တပ်ဖွဲ့ တို့မှ Drone ဖြင့်စေလွှတ်၍ ဗုံးသီး(၈)လုံး ပစ်ချတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့သည်ဟုဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 26, 2023
သတင်း အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်နှစ်ဦးသေ အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၂၀ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ရက် တွင် ပြန်လည်ဆုတ်ခွာသွားခြင်းဟု အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 26, 2023