Connect with us

Hi, what are you looking for?

သတင်း

ဟားခါးစာသင်ကျောင်း၌ လုံခြုံရေးတာဝန်ယူနေသည့်ရဲတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်

ထန်တလန်အခြေစိုက် ခလရ (၂၆၉)တပ်မှ စစ်ကောင်စီတပ်သား နှစ်ဦးသည်လည်း လက်နက် ၂လက်၊ ကျည်၊ လက်ပစ်ဗုံး၊ ဗုံးသီးများနှင့်အတူ ဟားခါး CDFထံအလင်းဝင်လာကြောင်း ဟားခါး CDFက ဖေဖော်ဝါရီ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။

အလင်းဝင်လာသည့် ရံတပ်သားက လက်နက်ပေးအပ်နေစဉ်၊ ဓာတ်ပုံ - ဟားခါး CDF
အလင်းဝင်လာသည့် ရံတပ်သားက လက်နက်ပေးအပ်နေစဉ်၊ ဓာတ်ပုံ - ဟားခါး CDF

ချင်းပြည်နယ် ဟားခါးမြို့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ဟားခါး ချင်းကာကွယ်ရေးတပ်(CDF)က အသိပေးထုတ်ပြန်သည်။

ပြည်သူနှင့်အတူ ပူးပေါင်းလာသည့် အဆိုပါ ရဲတပ်သားကို ဟားခါး CDFက ကျပ်သိန်း ၃၀ပေးအပ်ခဲ့ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဟားခါး CDFရဲ့ ချင်းဘာသာဖြင့် ထုတ်ပြန်ချက်ကို The Chin Journalက ဗမာဘာသာဖြင့် ဖော်ပြထားသည်။

အဆိုပါ ရဲတပ်သား​၏ လက်နက်နှင့်အတူ အလင်းဝင်သွားသည့်အပေါ် စစ်ကောင်စီတပ်က ဟားခါးမြို့တွင် အပူတပြင်းလိုက်လံရှာဖွေခဲ့သည်ဟုလည်း ဒေသခံ၏ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။

“စာသင်ကျောင်းမှာလုံခြုံရေးတာဝန်ယူတဲ့ စစ်ကောင်စီရဲတစ်ဦး လက်နက်နဲ့ ထွက်ပြေးလို့ မြို့သစ်ရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေက တစ်အိမ်တက် တစ်အိမ်ဆင်း လုပ်ပြီး ဧည့်စာရင်း စစ်ကြတယ်။ နာမည်၊ ဓာတ်ပုံ နဲ့တကွ ဒီလူကို တွေ့လားလို့ မေးမြန်းတာလည်း လုပ်တယ်” ဟု ဒေသခံရဲ့ ပြောကြားချက်ကို The Chin Journal က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထန်တလန်အခြေစိုက် ခလရ (၂၆၉)တပ်မှ စစ်ကောင်စီတပ်သား နှစ်ဦးသည်လည်း လက်နက် ၂လက်၊ ကျည်၊ လက်ပစ်ဗုံး၊ ဗုံးသီးများနှင့်အတူ ဟားခါး CDFထံအလင်းဝင်လာကြောင်း ဟားခါး CDFက ဖေဖော်ဝါရီ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။

ဟားခါးအခြေစိုက် ခလရ(၂၆၆)တပ်မှ စစ်ကောင်စီတပ်သား နှစ်ဦးသည်လည်း ဖေဖော်ဝါရီ ၁၆ရက်က CDF ဆဲန်ထန်တပ်ဖွဲ့ထံ လက်နက်နှင့်အတူ အလင်းဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။