Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်နှစ်ဦးသေ

အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၂၀ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဖေ‌ဖော်ဝါရီ ၂၃ရက် တွင် ပြန်လည်ဆုတ်ခွာသွားခြင်းဟု အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြသူများအား ပစ်ခတ်ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြသူများအား ပစ်ခတ်ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ၏ ကပစ(၁၂)နှင့် ကပစ(၁၀)တပ်မှ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး အဆိုပါစစ်ကြောင်းသည် မင်းလှမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ပြောသည်။

အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၂၀ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဖေ‌ဖော်ဝါရီ ၂၃ရက် တွင် ပြန်လည်ဆုတ်ခွာသွားခြင်းဟု အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“စစ်ကောင်စီစစ်ကြောင်းက ကပစ (၁၂)ရော ကပစ(၁၀)ရောပါလာတာ။ သူတို့ဘက်က နှစ်ယောက်ကျပြီး ဒဏ်ရာရသူတွေများတယ်။ ထွက်ပြေးတာ။ ကျည်‌တွေပါကျကျန်ခဲ့တယ်”ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောသည်။

တိုက်ပွဲမှာ ဖေဖော်ဝါရီ ၂၀ရက် နံနက် ၉နာရီ မိနစ် ၄၀ခန့်တွင်စတင်ခဲ့ပြီး ထိုနေ့ ညနေအထိ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“ကပစ (၁၂)က တစ်ယောက်၊ ကပစ(၁၀)က တစ်ယောက် သေတယ်။ ဖရဲသီးဆီက သတင်းပြန်ရတာပါ။သူတို့က ၂၃ရက်နေ့မှာ မြို့ထဲဘက်ကို ပြန်ဆုတ်သွားပါတယ်။ ကျွန်တော်တို့ကတော့ ဌာနေဆီမပြန်သေးဘဲ အသင့်အနေအထားရှ်ိနေပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ယနေ့ (ဖေဖော်ဝါရီ ၂၆ရက်) ပြောသည်။

အဆိုပါတိုက်ပွဲကို အထက်မင်းလှ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (UMPDF)နှင့်အတူမကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (SMPDF)၊ အရှိုချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ACDF)နှင့်Key of Revolutionတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ(၁၂)သည် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ ပိတောက်ပင် ကျေးရွာတို့၏ တောင်ဘက် (၃)မိုင်ကျော်တွင်တည်ရှိသည်။ကပစ(၁၀)သည် မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအနီးတွင်တည် ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။