Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ ဗျူဟာ​မြောက်နယ်စပ် တပ်စခန်းကို ကရင်နီတပ်ဒရုန်းဖြင့်တိုက်ခိုက်

ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲပိုင်းက နယ်စပ်ရှိ စစ်ကောင်စီတပ်၏ ကျားပါးစပ်ကြီး တပ်စခန်းကို ကရင်နီတပ်မတော်အမှတ်(၂)တပ်ရင်း ကွန်မန်ဒိုတပ်ဖွဲ့နှင့် Drone တပ်ဖွဲ့ တို့မှ Drone ဖြင့်စေလွှတ်၍ ဗုံးသီး(၈)လုံး ပစ်ချတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့သည်ဟုဆိုသည်။

(မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်​ကောင်စီ၏ ကျားပါစပ်ကြီးစခန်းတပ်စခန်းကို ​အ​ပေါ်စီးမှမြင်​တွေ့ရမှု။ဓါတ်ပုံ-KMIC)
(မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်​ကောင်စီ၏ ကျားပါစပ်ကြီးစခန်းတပ်စခန်းကို ​အ​ပေါ်စီးမှမြင်​တွေ့ရမှု။ဓါတ်ပုံ-KMIC)

▪︎နယ်စပ်ရှိ စစ်ကောင်စီတပ်ခစန်းများကို ရိက္ခာပို့ရန် ကြိုးပမ်းနေ၍ တိုက်ပွဲများဆက်ဖြစ်နိုင်ဟု အသိပေး

ကရင်နီပြည်နယ် ရှားတောမြို့နယ်မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီတပ်မတော်(KA)ကဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူခူညေးရယ်က​ပြောသည်။

ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲပိုင်းက နယ်စပ်ရှိ စစ်ကောင်စီတပ်၏ ကျားပါးစပ်ကြီး တပ်စခန်းကို ကရင်နီတပ်မတော်အမှတ်(၂)တပ်ရင်း ကွန်မန်ဒိုတပ်ဖွဲ့နှင့် Drone တပ်ဖွဲ့ တို့မှ Drone ဖြင့်စေလွှတ်၍ ဗုံးသီး(၈)လုံး ပစ်ချတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့သည်ဟုဆိုသည်။

“အဲဒါ(စစ်ကောင်စီတပ်စခန်း)က ဗမာပြည်မြေပုံအရဆိုရင် ရှားတောမြို့နယ်ထဲပါတယ်။ ရှားတောမြို့နယ် တောင်ပိုင်းပေါ့။ အဲဒီမှာ ချောင်းလေးရှိတယ်။ ထိုင်းဘက်က ဆင်းလာပြီး သံလွင်မှာ ဆုံတယ် အဲဒီ ချောင်းရဲ့မြောက်ဘက်ပေါ့။ထိခိုက်ကျဆုံးမှုက ကျနော်တို့အဖွဲ့တွေကလည်း ဒရုန်းသွားချတော့ လက်နက်ကြီးနဲ့ ပြန်ပြီး သူတို့က ထုတ်တယ်ပေါ့။ အဲဒီမျာ သူတို့ ပြန်ဆုတ်ခွာလာတော့ သူတို့ဘက်က ထိခိုက်ပျက်စီးတာတော့ မသိလိုက်ရသေးဘူး” ဟု ခူညေးရယ်က People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တန်ပြန်ပစ်ခတ်ခဲ့သော်လည်း မိမိတို့တပ်ဖက်မှ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယခုတိုက်ခိုက်ခဲ့သည့်ကျားပါးစပ်ကြီးစခန်းသည်ဟွေပုန်းလောင်းစစ်ဒေသ၏ ဗျူဟာမြောက် စိုးမိုးကုန်းတစ်ခုဖြစ်ပြီး နယ်စပ်မှတ်တိုင် BP-10 နှင့် နီးသည်ဟုဆိုသည်။

ယင်းတပ်စခန်းကို ၂၀၂၂ ဇန်နဝါရီလက ကရင်နီတပ်မတော်မှ တစ်ကြိမ်ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သော်လည်း နာရီပိုင်း အတွင်း စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်နှင့် ဂျက်လေယာဉ်လေကြောင်းစစ်ကူတိုက်ခိုက်လာသဖြင့်ပြန်လည် ဆုတ်ခွာပေးခဲ့ရသော စခန်းတစ်ခုဖြစ်သည်။

စစ်ကောင်စီတို့ အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ် တိုက်ခိုက် ခံရသော စခန်းတစ်ခု ဖြစ်ကြောင်းနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) လက်အောက်ခံတပ်ရင်းများအနက် ရှေ့တန်း ခလရ/၁၃၅ တပ်ရင်း ထိန်းချုပ်ထားသော စခန်းတစ်ခုဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများသို့ ရိက္ခာပို့ရန်စီစဉ်ဆောင်ရွက်နေ၍ တိုက်ပွဲဆက်ဖြစ်နိုင်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

“အခုကတော့ သူတို့ ရိက္ခာပို့ ဖို့ နည်းနည်းအခက်အခဲဖြစ်တဲ့ အခြေအနေမျိုး ဖြစ်တယ်။ ပြည်တွင်းမှာလည်း တိုက်ပွဲတွေက ဖြစ်၊ ရှေ့တန်းကို သိပ်ပြီး တော့မှ လူအင်အား မြေပြင်အင်အားက လာဖို့က အခက်အခဲ အရင်ထက်ပိုရှိတာပေါ့။ ဆိုတဲ့အခါကျတော့ ရှမ်းဘက်က လာတာမျိုး အခု ဆို ဟတ်စကီးနဲ့ ပို့မယ့်အစီအစဉ်တို့ အဲဒီမျိုးတွေရှိတယ်။ အထဲမှာလည်း ပြည်မက တပ်တွေလည်းလာတယ် ပြောတယ်။ ကျနော်တို့ သိရသလောက်ဆို ရှမ်းပြည်နယ် မိုင်းနောင်က စကခ (၂) ဆို အခု ဆီဆိုင်မှာ သူတို့ ရောက်နေတယ်ကြားတယ်။ ရှမ်းဘက်မှာ တိုက်ပွဲသိပ်မဖြစ်တော့ ဒီဘက်ကို လာဖို့ အဲဒီလို ကြိုတွေးထားတာပေါ့” ဟု ခူညေးရယ်ကဆက်ပြောသည်။

ဖေဖော်ဝါရီ ၂၄ရက်ကပင် နယ်စပ်မှတ်တိုင် BP-12 အနီးရှိ စစ်ကောင်စီတပ်စခန်း ဟွေခမောက် စခန်းသို့ ရိက္ခာပို့ရန်လာသည့် ရဟတ်ယာဉ်ကို ကရင်နီတပ်မတော်က မြေပြင်မှ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီရဟတ်ယာဉ် ဆင်းသက်နိုင်ခြင်းမရှိဘဲ နောက်ကြောင်း ပြန်လှည့်သွားသည်။

ဖေဖော်ဝါရီ ၁၉ရက်ကလည်း နယ်စပ်စခန်းသို့ မြေပြင်မှ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၆ဦးထက်မနည်းသေဆုံးကာ အရာရှိ အပါအဝင် ၅ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများရရှိခဲ့သည်ဟု ကရင်နီစစ်ဘက်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်တပ်နဲ့ SNA အထိနာလို့ မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ကုသ