သတင်း ရေတပ်ချုပ်ဟောင်းစိုးသိန်း၏သား အေးချမ်း လိမ်လည်ဖတ်ကြားသည့်စာတမ်းအပေါ် လွတ်လပ်သော မီဒီယာ ၃၃ခု ကန့်ကွက်ရှုတ်ချ စစ်အာဏာသိမ်းမှုနောက်ပိုင်း သတင်းထောက်ပေါင်း ၁၄၀ ကျော်ရှိ ဖမ်းဆီးထိန်းသိမ်းခံရကာ ၎င်းတို့အနက် ၅၇ ဦးသည် လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ လွတ်လပ်သည့်သတင်းမီဒီယာအဖွဲ့အစည်း (၁၁)ခု၏ လုပ်ငန်းလိုင်စင်များလည်း ရုတ်သိမ်းခံထားရသည်။ LuduNwayOoစက်တင်ဘာ 9, 2022
သတင်း ပခုက္ကူနည်းပညာတက္ကသိုလ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို ယနေ့ နေ့လယ် ၂ နာရီခန့်က ပခုက္ကူ - ရေစကြိုလမ်းရှိ နည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား (၈၀)မမ၊ (၆၀)မမနှင့် (၄၀)မမ စသည့် လက်နက်ကြီးများဖြင့် အချက် (၂၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoစက်တင်ဘာ 9, 2022
သတင်း မိုးဗြဲမြို့တိုက်ပွဲ စစ်ကောင်စီတပ် ၃၀ကျော်သေ၊ လက်နက်ခဲယမ်းများရရှိမှု KNDF ထုတ်ပြန် မိုးဗြဲမြို့တိုက်ပွဲမှာ စက်တင်ဘာ ၈ရက် (ယမန်နေ့)နံနက် ၈နာရီခန့်ကစတင်ခဲ့ပြီး ဝါရီဆူးပလိုင်ဘက်မှ မိုးဗြဲမြို့ဘက်သို့ အင်အား ၁၀၀နီးပါးဖြင့် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ LuduNwayOoစက်တင်ဘာ 9, 2022
သတင်း စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်သွားရန်နှင့် မလိုက်နာပါက အမျိုးသားညီညွတ်ရေးအစိုးရ မှ ချမှတ်သော တရားဥပဒေနှင့် အညီ ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကသာ(ပကဖ)က သတိပေးခဲ့သည်။ LuduNwayOoစက်တင်ဘာ 9, 2022
ညနေခင်းသတင်း “ညနေခင်းသတင်းလွှာ” ဒီနေ့ (စက်တင်ဘာ ၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။ LuduNwayOoစက်တင်ဘာ 9, 2022
သတင်း ရိက္ခာနှင့် ခဲယမ်းလာပို့သည့် ဗိုလ်ကြီး အပါအဝင် စစ်ကောင်စီတပ်သား ၆ဦးကို KNLAနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ် ဖမ်းမိ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကော်ဘရာ စစ်ကြောင်းကလည်း သတင်းထုတ်ပြန်ရာ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ဂျီနီဗာကွန်ဗန်းရှင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု အသိပေးထားသည်။ LuduNwayOoစက်တင်ဘာ 9, 2022
သတင်း ဝမ်ပေါင်မှ နမခသို့ထွက်လာသည့် ကြေးနီတင်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ လက်ပတောင်းတောင်ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတွဲကားများသည် ယမန်နေ့ ညနေ ၅ နာရီခန့်ကလည်း မုံရွာ(နမခ)ဘက်သို့ သယ်ဆောင်သွားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ပြောသည်။ LuduNwayOoစက်တင်ဘာ 9, 2022
သတင်း စစ်ကောင်စီက ဂန့်ဂေါနယ် မီးဘေးရှောင်ပြည်သူသို့ လှူဒါန်းမည့် ဆန်တင်း ၁၅၀ကျော် ဖျက်ဆီး စစ်ကောင်စီတပ်သည် စက်တင်ဘာ ၆ရက်တွင် ရွှေတောင်ကျေးရွာသို့ ဝင်ရောကက်ကာ ဒေသခံများ၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ဆန်တင်း ၁၅၀ ကျော်ကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 9, 2022
သတင်း မင်းတပ် CDFနှင့် ကျောက်ထု PDF ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ် သုံးဦးသေ တိုက်ပွဲဖြစ်ပွားချိန်၌ စစ်ကောင်စီ၏ ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီး ပစ်ကူပေးလာကြောင်း၊ ထိုသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရာ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။ LuduNwayOoစက်တင်ဘာ 9, 2022
သတင်း ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ၂၀၀ကျော် အကြောင်းမဲ့အလုပ်ထုတ်ခံရ၍ စက်ရုံပိုင်ရှင်အား တရားစွဲဆိုရန် ပြင်ဆင်နေ ယင်းစက်ရုံတွင် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများသည် ပန်းရောင်ကတ်ကိုင်ဆောင်ပြီး တရားဝင် အလုပ်လုပ်ကိုင်နေသူများဖြစ်ရာ လုပ်သက်ပြည့် ဝန်ထမ်းများလည်း ဖြစ်သည်ဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 9, 2022