စက်တင်ဘာ-၁၁၊၂၀၂၆။People’s Spring
ဝဒေသထဲမှာ တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး စာရင်းဝင်သံဖြူသတ္တုတွင်းတစ်ခု နှစ်နဲ့ချီ ရပ်နားထားရာက လုပ်ငန်း ပြန်လည်ပတ်နေကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ ICG ကဖော်ပြပါတယ်။
၂၀၂၃ တုန်းက ရပ်နားထားတဲ့ မန်းမော် သတ္တုတွင်းမှာ သံဖြူ တူးဖော် ထုတ်လုပ်မှုတွေ ပြန်လည်စတင်နေပြီး ဖြစ်သလို တရုတ်ဆီကို သတ္တုတွေ တင်ပို့နေတယ်လို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG)က စက်တင်ဘာ ၁၀ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။
သံဖြူသတ္တုဟာဉာဏ်ရည်တုနည်းပညာ (AI)အတွက် လိုအပ်တဲ့ ချစ်ပ်တွေ ထုတ်လုပ်ရာမှာအရေးပါတဲ့ကုန်ကြမ်းတစ်ခုလည်းဖြစ်ပါတယ်။မန်းမော်သတ္တုတွင်းဟာဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ထိန်းချုပ်နယ်မြေထဲမှာတည်ရှိနေပြီးကမ္ဘာ့သံဖြူ စျေးကွက်ကို အဓိကထောက်ပံ့ပေးနေတဲ့ရင်းမြစ် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ AI နည်းပညာအရှိန်အဟုန်နဲ့ စတင်တိုးတက်လာချိန် ၂၀၂၃ မှာပဲ UWSAက အဲဒီသတ္တုတွင်းကို ရုတ်တရက် ပိတ်ထားလိုက်တာဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် စျေးကွက်ထဲမှာသံဖြူစျေးတွေလည်းမြင့်တက်လာခဲ့ပါတယ်။
အခုတော့ သတ္တုတွင်းမှာ လုပ်ငန်းလည်ပတ်မှုတွေ ဖြည်းဖြည်းနဲ့မှန်မှန် ပြန်စလာနေပြီဖြစ်ကြောင်း၊ ဒါပေမဲ့ သတ္တုမိုင်းတွင်းမပိတ်သိမ်းခင် ကာလကထုတ်လုပ်နိုင်စွမ်းမျိုးကိုတော့ မမီသေးကြောင်း ICGက ဆိုပါတယ်။
အခုနှစ်ပထမနှစ်ဝက်အတွင်းမှာတင် တရုတ်ဟာ မြန်မာဖက်ကနေ သံဖြူတင်သွင်းဝယ်ယူမှုတန်ချိန်လေးသောင်းနီးပါးရှိလာပြီးအဲဒီပမာဏဟာမနှစ်ကတစ်နှစ်လုံးစာထက်ပိုများပါတယ်။
ဂြိုဟ်တု ဓာတ်ပုံတွေအရ မန်းမော် သတ္တုတွင်းမှာ လှုပ်ရှားမှုတွေပြန်လည်နိုးကြား အသက်ဝင်နေတာကိုအတည်ပြုနိုင်ပြီး ညအချိန်မှာလည်း မီးတွေ ထိန်လင်းနေတယ်လို့ ICG အစီရင်ခံစာမှာဖော်ပြထားပါတယ်။
၂၀၁၆ တုန်းက မြန်မာနိုင်ငံကနေသံဖြူစုစုပေါင်း တန်ချိန် ၅ သိန်းနီးပါး ထွက်ရှိခဲ့ပြီး ၉၉ ရာခိုင်နှုန်းလောက်ကိုတော့တရုတ်ဆီတင်ပို့ခဲ့ပါတယ်။
ထောက်ပံ့ရေးရင်းမြစ်တွေရဲ့ မတည်ငြိမ်မှုနဲ့ ဝယ်လိုအား မြင့်တက်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလတုန်းကကမ္ဘာ့သံဖြူစျေးဟာစံချိန်တင် အဆင့်မျိုးထိ မြင့်တက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ မန်းမော်သတ္တုမိုင်း ရုတ်တရက် ပိတ်သိမ်းခဲ့ရတာဟာ စစ်ရေး ပဋိပက္ခတွေကြောင့် မဟုတ်ဘဲ UWSA ခေါင်းဆောင်ပိုင်းကြား အကျိုးအမြတ် ခွဲဝေမှု အငြင်းပွားတဲ့ပြဿနာတွေကြောင့်ဖြစ်နိုင်ကြောင်း ICGကသုံးသပ်ထားပါတယ်။
ကိုးကား-Bangkok Post



















































