Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်တပ်ဖွဲ့ဝင်တွေကို သုတ်သင်ရာမှာ AIသုံးပြီး ပစ်မှတ်ရွေးခဲ့တယ် ဆိုတာကို အစ္စရေးစစ်တပ် ငြင်းဆို

ရန်သူတော် ဟားမားစ်တပ်ဖွဲ့ရဲ့ အောက်ခြေအဆင့် စစ်သားတွေကို ခန့်မှန်းရာမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို အသုံးပြုပြီး ဆုံးဖြတ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အစ္စရေးစစ်တပ်က အပြင်းအထန် ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - AP

ရန်သူတော် ဟားမားစ်တပ်ဖွဲ့ရဲ့ အောက်ခြေအဆင့် စစ်သားတွေကို ခန့်မှန်းရာမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို အသုံးပြုပြီး ဆုံးဖြတ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အစ္စရေးစစ်တပ်က အပြင်းအထန် ငြင်းဆိုခဲ့ပါတယ်။

အခုသီတင်းပတ်အတွင်း ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ အစ္စရေး ဒါရိုက်တာနှစ်ဦး ရိုက်ကူးထားတဲ့ Nazaဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ကို ပြသခဲ့ပါတယ်။ အဲဒီရုပ်ရှင်မှာ အစ္စရေးစစ်တပ်နဲ့ ထောက်လှမ်းရေး အရာရှိတွေက ဂါဇာက စစ်ဆင်ရေးတွေမှာ အသုံးပြုခဲ့တဲ့ လျှို့ဝှက်နည်းလမ်းတွေ အကြောင်းကို ထုတ်ဖော် ပြောဆိုထားခဲ့ပါတယ်။

Nazaဟာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ မကြုံစဖူး အခြေအနေအဖြစ် ၂၅ မိနစ်နီးပါးလောက် ပရိသတ်တွေက မတ်တပ်ရပ် လက်ခုပ်တီး အားပေးမှုကိုလည်း ခံယူရရှိခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာ ပါဝင်သူ ၂၄ ဦးရဲ့ ထွက်ဆိုချက်တွေဟာ အစ္စရေး စစ်တပ်အတွက် အတော်လေး ဂယက်ထစေခဲ့ပါတယ်။ အထူးသဖြင့် အစ္စရေး စစ်တပ်ဟာ အဆင့်နိမ့် ဟားမားစ် တပ်ဖွဲ့ဝင်တွေ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကို AIသုံးပြီး ဆုံးဖြတ်ခဲ့တဲ့အပြင် ဟားမားစ် အဖွဲ့သားလို့ ယုံကြည်သူတွေကို အရပ်သား မိသားစုဝင်တွေ ရှိနေတဲ့ အချိန်မှာပါ ဗုံးကြဲ တိုက်ခိုက် သုတ်သင်ခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက်တွေက အတော်လေး တုန်လှုပ်စရာ ဖြစ်လာပါတယ်။

လူတွေရဲ့ ရှင်ခြင်းသေခြင်းအတွက် AIကို ဆုံးဖြတ်ခိုင်းတယ် ဆိုတာရော၊ အရပ်သားတွေ သေဆုံးနိုင်တယ် ဆိုတာကို သိလျက်နဲ့ အဲဒီတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တယ် ဆိုတာရောက ကျင့်ဝတ်ပိုင်း ရှုထောင့်ကကြည့်ရင် အရမ်းဆိုးရွားနေပါတယ်။

Public Service Announcement

Public Service Announcement

ပစ်မှတ်တွေကို ရွေးရတာ ဗီဒီယိုဂိမ်း ဆော့နေရတာနဲ့တောင် တူကြောင်း၊ အကုန်လုံးကို အဝေးထိန်း စနစ်နဲ့တင် ထိန်းချုပ် ခိုင်းစေရတာဖြစ်ကြောင်း ရုပ်ရှင်ထဲမှာ အင်တာဗျူး ဖြေဆိုသူ တစ်ဦးက ပြောပါတယ်။ နောက်တစ်ယောက်ကတော့ အဲဒီလို ပစ်မှတ်ရွေးရတာက အတော်လေး ပျော်ဖို့ကောင်းတယ်လို့တောင် မှတ်ချက်ပေးခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ အစ္စရေး စစ်တပ်ဟာ မိနစ် ၈၀ ကြာမြင့်တဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်လို့ ဝေဖန် တုံ့ပြန်ခဲ့ပြီး အဲဒီထဲက ထွက်ဆိုချက်တွေကို စစ်မှန်ကြောင်း ဘာသက်သေမှ မပြနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အောက်ခြေအဆင့် စစ်သားတွေ မသိနိုင်လောက်တဲ့ စစ်ရေးမဟာဗျူဟာနဲ့ နည်းလမ်းတွေ အကြောင်းကိုပါ အဲဒီ ရုပ်ရှင်ထဲမှာ ထည့်သွင်း ပြောဆိုသွားကြောင်းလည်း စစ်တပ်က ဆိုပါတယ်။ အင်တာဗျူး ဖြေထားသူတွေဟာ တကယ်ပဲ စစ်မှုထမ်းတွေ ဟုတ်သလား ဆိုတာကိုတောင် အတည်ပြုလို့ မရဘူးလို့လည်း စစ်တပ်က ဝေဖန်ခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာတော့ ထွက်ဆိုသူတွေရဲ့ ရုပ်ရည်နဲ့ အသံတွေကို ပြောင်းလဲဖုံးကွယ်ပေးထားခဲ့ပါတယ်။

ဂါဇာမှာ လုပ်ဆောင်တဲ့ စစ်ဆင်ရေးတိုင်းဟာ လူသားတွေရဲ့ ပိုင်းခြားလေ့လာ ဆုံးဖြတ်ချက် အပေါ်မှာပဲ အခြေခံထားပြီး AIကို အသုံးချခဲ့တယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့လည်း အစ္စရေး စစ်တပ်က အခိုင်အမာ ဖြေရှင်းခဲ့ပါတယ်။ ဟားမားစ်နဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်သမားတွေကို ပစ်မှတ်ထား ရှင်းလင်းရာမှာ စစ်ရေးပဋိပက္ခဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ်စည်းမျဉ်းတွေ အားလုံးကို အတိအကျ လိုက်နာခဲ့ကြောင်းလည်း အစ္စရေး စစ်တပ်က ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ဂါဇာစစ်ပွဲအတွင်း ဟားမားစ်အဖွဲ့သားတွေ အပါအဝင် ပါလက်စတိုင်း ၇၄၀၀၀ နီးပါးလောက် သေဆုံးခဲ့ကြောင်း ဟားမားစ်က ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း အရပ်သားတွေပါ အများအပြား သေဆုံးမယ်ဆိုတာ သိလျက်နဲ့ အစ္စရေး စစ်တပ်က အသုံးပြုခဲ့တဲ့ တိုက်ခိုက်မှု နည်းလမ်းတွေအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

သတင်း

လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။