Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် သံဃသမဂ္ဂ ဆရာတော်တစ်ပါးနှင့် လူငယ်သုံးဦးကို စစ်ကောင်စီ မတရားဖမ်းဆီး

“ညနေ ၅ နာရီ လောက်က ဖမ်းခံရတယ်လို့ သိရပါတယ်။ ဘာမှအဆက်အသွယ်မရသေးတဲ့အတွက် အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။ မြေပြင်သပိတ်ရဲဘော်တချို့ကိုလည်း ရှောင်သင့်သူတွေ ရှောင်ကြဖို့ သတိပေးထားပါတယ် “ဟု ၎င်းက ဆိုသည်။

(စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်း ခံရသည့် သံဃသမဂ္ဂ ဆရာတော် ဦးကလျာဏ၊ ဓာတ်ပုံ - သံဃသမဂ္ဂ-မန္တလေး)
(စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်း ခံရသည့် သံဃသမဂ္ဂ ဆရာတော် ဦးကလျာဏ၊ ဓာတ်ပုံ - သံဃသမဂ္ဂ-မန္တလေး)

မန္တလေးမြို့တွင် အောက်တိုဘာ ၃၀ရက် ညနေ ၅ နာရီခန့်က သံဃသမဂ္ဂ(မန္တလေး)သပိတ်မှ ဆရာတော် ဦးကလျာဏ နှင့်လူငယ်သုံးဦးကို အကြမ်းဖက်စစ်ကောင်စီက မတရားအကြမ်းဖက် ဖမ်းဆီးသွားကြောင်း အဆိုပါသပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

“ညနေ ၅ နာရီ လောက်က ဖမ်းခံရတယ်လို့ သိရပါတယ်။ ဘာမှအဆက်အသွယ်မရသေးတဲ့အတွက် အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။ မြေပြင်သပိတ်ရဲဘော်တချို့ကိုလည်း ရှောင်သင့်သူတွေ ရှောင်ကြဖို့ သတိပေးထားပါတယ် “ဟု ၎င်းက ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းမခံရမီအချိန်အထိ ဆရာတော်ဦးကလျာဏသည် ကျန်းမာရေး အလွန်ကောင်းမွန်သည့် ငယ်ဖြူစာချ ရဟန်းငယ်တစ်ပါး ဖြစ်သည့်အတွက် ဦးကလျာဏ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် တစ်စုံတရာ ဖြစ်ခဲ့သော် အကြမ်းဖက်ဖမ်းဆီးခဲ့သူများသာ တာဝန်ခံ တာဝန်ယူကြရမည်ဟု သံဃသမဂ္ဂ(မန္တလေး) အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။