Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်ပ​ရောက်လုပ်သားများကိုစစ်​ကောင်စီဘဏ်များမှတစ်ဆင့်လစာပြန်ပို့ရန်ဆွဲ​ဆောင်မှုအလုပ်မဖြစ်နိုင်ဟုသုံးသပ်​ကြ

လက်ရှိတွင် ပြည်ပရောက်မြန်မာအလုပ်သမားက ဘဏ်စနစ်ကို အသုံးပြုငွေလွဲသည့် အစား ဟွန်ဒီစနစ်ကိုသာအဓိက အသုံးပြုနေသည်ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောသည်။

စစ်​ကောင်စီ၏ ထုတ်ပြန်ချက်
စစ်​ကောင်စီ၏ ထုတ်ပြန်ချက်

▪︎ဒေါ်လာများဖြင့်စစ်​ကောင်စီကလက်နက်နှင့်​လေယာဥ်ဆီဝယ်၍ပြည်သူကိုပြန်သတ်မည်ဖြစ်​သော​ကြောင့်ဘဏ်များမှ​ငွေမလွှဲရန် PDF တစ်ဦးတိုက်တွန်း

ပြည်ပ​ရောက်မြန်မာလုပ်သားများက နိုင်ငံခြား​ငွေကို ပြည်တွင်းသို့ စစ်​ကောင်စီ၏လိုင်စင်ရဘဏ်များမှတစ်ဆင့်ပြန်ပို့လျှင် ၁ ​ဒေါ်လာလျှင် ၃၀ ကျပ်အပို​ဆောင်​ပေးမည်ဟု ဆွဲ​ဆောင်မှုမှာ အလုပ်ဖြစ်မည်မဟုတ်​ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေအေဂျင်စီများနှင့် သင်္ဘောသားအေဂျင်စီများကပြောသည်။

နိုင်ငံခြားငွေ အသည်းအသဲလိုအပ်နေသည့် စစ်ကောင်စီသည် ပြည်ပရောက်မြန်မာနိုင်ငံများ၏ လစာများကို ဘဏ်စနစ်ဖြင့် ပြည်တွင်းကို ငွေလွဲပါက နိုဝင်ဘာ ၁ ရက်ကစ၍ တစ်ဒေါ်လာကို ကျပ် ၃၀ကိုအပိုဆောင်းပေးမည်ဟု စစ်​ကောင်စီ၏ ဗဟိုဘဏ်ကထုတ်ပြန်ချက်အပေါ် ၎င်းတို့က မှတ်ချက်ပေးခြင်းဖြစ်သည်။

လက်ရှိတွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာလျှင် ၃၀၅၀ကျပ် ပေါက်ဈေးရှိနေချိန်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က တစ်ဒေါ်လာကို ၂၁၀၀ကျပ်သာ သတ်မှတ်ထားသည်။ ယခု အပိုဆောင်းပေးငွေ ကျပ် ၃၀ ထပ်မံထည့်သွင်းလျှင် တစ်ဒေါ်လာကို ကျပ် ၂၁၃၀ ကျပ်သာရှိမည်ဖြစ်သည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ၊ ပိုင်ရှင်တစ်ဦးကတွက်ချက်ပြသည်။

“ ပြင်ပပေါက်ဈေးက ကျပ် ၃၀၀၀ကျော်ပေါက်နေတာကို ဈေးနှိမ့်ပြီးတော့ သတ်မှတ်တယ်၊ ပြီးတော့ သူတို့ကပဲ ဂရုဏာရှင်ကြီးတွေလိုအထက်စီးကပြည်ပရောက်အလုပ်သမားတွေရဲ့လစာကို မတရားခေါင်းပုံဖြတ်ချင်တာ”ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ကိုရီးယားရောက် မြန်မာအလုပ်သမားများကို KBZဘဏ်က တစ်ဒေါ်လာလျှင် ၂၈၆၀ ကျပ်ဖြင့် လဲ​ပေးမည်ဟုအောက်တိုဘာ ၂၈ ရက်တွင် ကိုရီးယား Hana ဘဏ်မှတစ်ဆင့်ထုတ်ပြန်ထားသည်။ လစာဝင်ငွေအတွက်သာဖြစ်ပြီး အခြားရည်ရွယ်ချက်အတွက်ဆိုလျှင် ထိုနှုန်းထားရရှိမည်မဟုတ်ဟုလည်း KBZ ဘဏ်ကဆိုသည်။

ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း”အခုချိန်မှာ ပို့ကုန်ရငွေတွေ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုငွေတွေက ပြည်တွင်းကို အဝင်နည်းလာတော့ ပြည်ပ အလုပ်သမားတွေစီက‌ဒေါ်လာတွေကအဓိက နိုင်ငံခြားငွေဖြစ်လာတယ်။ ဒီငွေတွေကို သူတို့စီဝင်ဖို့ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုသူတို့ဘဲ ပြန်ချိုးဖောက်ပြီး အမျိုးမျိုးပြင်နေကြတာ”ဟုပြောသည်။

အရပ်သားအစိုးရ နှင့် အရပ်သားတစ်ပိုင်း၊စစ်အစိုးရတစ်ပိုင်း ကာလတွင် ပြည်ပရောက်မြန်မာနိုင်ငံသားများက ပြည်တွင်းကို ငွေလွဲရာတွင် ဘဏ်စနစ်ဖြင့် ပေးပို့မှု အထိုက်အလျောက်ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်ပြီးနောက် စစ်​ကောင်စီကို​ထောက်ပံ့သကဲ့သို့မဖြစ်​​စေရန်နှင့် ငွေထုတ်ယူရန်ခက်ခဲခြင်း၊ဒေါ်လာပေါက်ဈေး ထက်များစွာဈေးနှိမ့်ခြင်းစသည်တို့ကြောင်း ဘဏ်စနစ်ဖြင့် ပေးပို့မှု အလွန်နည်းပါးသွားသည်။

လက်ရှိတွင် ပြည်ပရောက်မြန်မာအလုပ်သမားက ဘဏ်စနစ်ကို အသုံးပြုငွေလွဲသည့် အစား ဟွန်ဒီစနစ်ကိုသာအဓိက အသုံးပြုနေသည်ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောသည်။

“စိတ်ချရတဲ့ ငွေလဲပေးတဲ့သူတွေကတဆင့်လွဲတယ်။ ငွေထုတ်ပေးတဲ့သူက အိမ်တိုင်ယာရောက်သွားပေးတယ်။ ဘဏ်ကလွှဲရင်မြန်မာငွေရတာလဲနည်းတယ်။ငွေထုတ်ရတာလည်း ခက်တယ်”ဟု ၎င်းကဆက်​ပြောသည်။

တစ်နှစ်လျှင်ပြည်ပရောက်မြန်မာနိုင်ငံသားများကပြည်တွင်းသို့ဒေါ်လာ တစ်ဘီလီယံခန့်ပြန်လည်ပေးပို့နေခြင်ဖြစ်သည်။ ပြည်ပရောက်မြန်မာနိုင်ငံသားများက ပြည်တွင်းကို ၂၀၁၄ ခုနှစ်မှ စတင်ပြီး ၂၀၂၂ ဇူလိုင်လအထိ ဒေါ်လာ ၆ ဘီလီယံကျော်ပြန်လည်ပို့ထားသည်။ အများစုမှာ အရပ်သားအစိုးရလက်ထက် ၂၀၁၆ မှာ အာဏာသိမ်းမခံရခင် ၂၀၂၁ ​​ဇန်နဝါရီလအတွင်းပြန်ပို့ထားကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီအနေဖြင့် ​နိုင်ငံတစ်ဝန်း​လေ​ကြောင်းအသုံးပြု အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် တိုက်ပွဲများပိုပြင်းထန်လာသဖြင့် ​လေယာဥ်ဆီနှင့် လက်နက်ခဲယမ်းများဝယ်ယူရန် ​ဒေါ်လာပိုမိုလိုအပ်လာသည်။ဒေါ်လာလိုအပ်ချက် မြင့်မားနေသည့် အချိန်ဖြစ်၍ ပြည်ပရောက်မြန်မာအလုပ်သမားများအနေဖြင့် မိမိချွေးနည်းစာဒေါ်လာငွေကို စစ်ကောင်စီထံမရောက်အောင် ဘဏ်စနစ်ဖြင့် အသုံးပြုပြီးငွေမလွှဲကြရန် CDM ဘဏ်ဝန်ထမ်းမှ မကွေးတိုင်း အခြေစိုက်တပ်ရင်းတစ်ခုတွင် PDFရဲဘော်အဖြစ်တာဝန်ထမ်း​ဆောင်​နေသူတစ်ဦးကတိုက်တွန်းသည်။

“ဒီလစာတွေက ဒေါ်လာတွေနဲ့ စစ်လက်နက်တွေ ဝယ်ပြီး ကိုယ့်ပြည်သူကို ပြန်သတ်မှာ။ ဒါကြောင့်မို့ စစ်တပ်ထိန်းထားတဲ့ ဘဏ်တွေကနေ ဒေါ်လာတွေမလွှဲကြဖို့ တိုက်တွန်းပါတယ်။ ”ဟု အထက်ပါPDF ရဲ​ဘော်ကတိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။