Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှားတောမြို့နယ် စစ်ကောင်စီ၏ ခြေကုပ်စခန်းကို ကရင်နီတပ်များ တိုက်ခိုက်

စစ်ကောင်စီခြေကုပ်စခန်းကို ယခုလ ၂၇ရက် နံနက်ပိုင်းက ကရင်နီတပ်မတော်(KA)နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ် ပစ်ခတ်၍ လူနေအိမ်တစ်လုံးပျက်ဆီးသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF
စစ်ကောင်စီတပ် ပစ်ခတ်၍ လူနေအိမ်တစ်လုံးပျက်ဆီးသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့နယ်၊ ပွန်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ ခြေကုပ်စခန်းကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၄က ယနေ့(အောက်တိုဘာ ၃၀ရက်) ထုတ်ပြန်သည်။

စစ်ကောင်စီခြေကုပ်စခန်းကို ယခုလ ၂၇ရက် နံနက်ပိုင်းက ကရင်နီတပ်မတော်(KA)နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ် ပစ်ခတ်၍ လူနေအိမ်တစ်လုံးပျက်ဆီးသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF
စစ်ကောင်စီတပ် ပစ်ခတ်၍ လူနေအိမ်တစ်လုံးပျက်ဆီးသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ – KNDF

ထိတွေ့တိုက်ပွဲမှာ မိနစ် ၄၀ကျော်ကြာမြင့်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများအတွင်း စစ်ကောင်စီ၏ ခြေကုပ်စခန်းထဲရှိ ပစ်မှတ်အချို့အား ပူးပေါင်းတပ်များမှ ထိရောက်စွာ ပစ်ခက်တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို အတည်ပြု၍မရသေးကြောင်း KNDFက ပြောသည်။

Public Service Announcement

Public Service Announcement

“ပွန်ချောင်းရွာမှာက စကစက အနည်းဆုံး ၅၀ လောက်တပ်စွဲထားတာ။အဲဒီနေရာကို အခုလ ဒုတိယပတ်လောက်က ပထမတစ်ကြိမ်ဝင်တိုက် သေးတယ်။အဲဒီတုန်းကလည်း စကစ အထိနာတယ်။နောက်ပြီး ရှားတောဆိုတာ KA ရဲ့ နယ်မြေကျွမ်းကျင်မှုထဲပါပြီသား”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ရှင်းပြသည်။

စစ်ကောင်စီတပ် ပစ်ခတ်၍ လူနေအိမ်တစ်လုံးပျက်ဆီးသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF
စစ်ကောင်စီတပ် ပစ်ခတ်၍ လူနေအိမ်တစ်လုံးပျက်ဆီးသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ – KNDF

တိုက်ပွဲတွင် ကရင်နီပူးပေါင်းတပ်မှ ထိခိုက်မှုတစ် စုံတစ်ရာမရှိ ပြန်လည်ဆုပ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ထိတွေ့တိုက်ပွဲအပြီး စစ်ကောင်စီမှ ၎င်းတို့၏ ခြေကုပ်စခန်းတွင်းမှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီး ထိမှန်ကာ ပွန်းချောင်းကျေးရွာရှိ လူနေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးမှုလည်း ရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။