နေ့သစ်/People’s Spring
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာက ဝင်ထမ်းလာရပါတယ်။
အာဏာသိမ်းမှု နောက်ဆက်တွဲ မြင့်တက်လာတဲ့ကုန်ဈေးနှုန်း တွေနဲ့ ရှားပါးလာတဲ့အလုပ်အကိုင်တွေကြောင့်အခြေခံလူတန်းစား တွေဟာ ရရာအလုပ် လုပ်ကိုင်လာရတာပါ။
မန္တလေးမြို့ရဲ့ညခင်းမီးရောင်စုံအောက်မှာ အမျိုးသမီးငယ်လေးတွေဟာ စတိတ်စင် ပေါ်ဟို ၊ဒီယိမ်းလို့ လမ်းလျှောက်နေပါတယ်။

Public Service Announcement
ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ ဒေါက်ဖိနပ်အမြင့်ကြီး တွေကသူမတို့ကို ရှိရင်းစွဲရုပ်ထက် ပိုရင့် နေသလိုပါ။
အလည်မှာ တော့မြူးကြွစွာ သီချင်းသီဆို နေတဲ့ အမျိုးသမီးတဦးရှိပါတယ်။စင်အောက်မှာ များစွာ သော အမျိုးသားတွေပျော်ရွှင်အော်ဟစ်နေကြပါတယ်။အများစုကတော့ အသက် ၄၅ နှစ်က နေ ၆၀ နှစ်ဝန်းကျင်အမျိုးသာတွေဖြစ်ပါတယ်။
ပန်းစည်း တွေအပြုံလိုက်စုချနေသလိုစင်ပေါ်ကနေပိုက်ဆံတက်ကြဲနေပြီးပျော်စရာညကို ဖန်တီးယူ နေကြတာပါ။ဒီအပျော် တွေကြားထဲရင်ထိတ် နေရတဲ့အမျိုးသမီးငယ်လေး တွေရှိပါတယ်။
“စင်ပြတ်ဆုချရင်အဲဒီဝိုင်းကိုသွားထိုင်ပေးရတယ်။ဧည့်သည်ကအပြင်ခေါ်ရင်လည်း ငြင်းလို့မရဘူး။လိုက်ကိုလိုက်ရတယ်”လို့ မသဲနုကပြောပါတယ်။
မသဲနုဟာ ၂၀၀၇ခုနှစ်မှာ မွေးဖွားပြီး အသက် ၁၉နှစ်ပဲရှိပါသေးတယ်။ဒါပေမယ့် သူမ ဒီလောကထဲကို ရောက်လာတာ၃နှစ်ရှိပါပြီ။
မော်လမြိုင်မြို့ဇာတိဖြစ်တဲ့သူမက မိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူတို့အိမ်ထောင်ကွဲပြီးတဲ့ နောက်သူမ ၈နှစ်သမီးအရွယ်မှာဖခင်ရဲ့နောက်အိမ်ထောင်နဲ့ပါလာခဲ့ပါတယ်။မိထွေးဖြစ်သူကလည်း မောင်နှစ်မ နှစ်ယောက်ပါလာပြီး ရုပ်ရှင် တွေထဲကလို မတည့်တဲ့ ဇာတ်လမ်း တွေဖြစ်လာခဲ့ပါတယ်။
အခြေခံပညာကျောင်းတက်ဖို့ ကိုယ့်စရိတ်ကိုယ်ရှာရသလို မိထွေးဖြစ်သူပိုင် နေအိမ်မှာသူမဟာဝင်ငွေရဖို့ ရုန်းကန်လာရပါတယ်။
မိသားစုလိုက်ရန်ကုန်ကိုပြောင်းရွေ့လာရာကနေ မသဲနု တစ်ယောက်ဆယ်တန်းကျကာ လှိုင်သာယာကစက်ရုံတခုမှာ အလုပ်လုပ်ခဲ့ရပါတယ်။
“အဲဒီအချိန်က တကယ်ခက်ခဲခဲ့တာ။အိမ်ကလည်းမိထွေးသမီးနဲ့ ရန်ဖြစ်။အဖေကသူ့မိန်းမဘက်ကပဲပါတယ်။ကိုယ်ချည်းပဲအဆူခံရတာ”လို့မသဲနုကပြောပါတယ်။
အလုပ်လုပ်ရင်းသူငယ်ချင်းတယောက်က မန္တလေးမှာ အလုပ်ရှိတယ်။ပင်ပင်ပန်းပန်းမလုပ်ရဘူး။လစာလည်းကောင်းတယ်ဆိုတာနဲ့လိုက်လာခဲ့တာပါ။မန္တလေးရောက်တော့ မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ထဲတိုက်ခန်းတခုမှာ နေပါတယ်။
“အဲဒီအချိန်မှာပြန်လို့လည်းမရတော့ဘူး။သမီးကိုပို့တဲ့သူ တွေကပိုက်ဆံထုတ်သွားပြီလို့ပြောတယ်။၃လသမီးကအလကားလုပ်ပေးရတယ်။အပြင်လည်းမထွက်ရဘူး”လို့ မသဲနုက ပြောပါတယ်။
အဲဒီတုန်းကမန္တလေးမြို့ ၊ကညနရုံးအနီးနာမည်ကြီး စင်တင်တခုမှာ သူမရှိုးလျှောက်ခဲ့ရတာပါ။အသက်ကြီးကြီး အမျိုးသမီးတွေနဲ့အားလုံးအတူတူနေရပြီး ဝတ်လစ်စလစ်နေထိုင်သူတွေ၊တနေ့လုံးဒီအကြောင်းကိုထမင်းစားရေ သောက်လို ပြောနေသူ တွေနဲ့ နေထိုင်ရပါတယ်။
နောက် တော့သူမလည်း ဒီလောကတည်းကျင့်သားရလာပြီး ဒီနေရာမှာတနှစ်ကျော်ကြာခဲ့ပါတယ်။
“၆ လလောက်က ဘာပိုက်ဆံမှရဘူး။အဲဒီနောက်မှာ ဘောနပ်စ် ပေးတာ။ဂျာကြီးလည်းကြောက်ရ။အဖိုးကြီးတွေ ခေါ်လည်းလိုက်ရ။၊KTVထပ်စင်တင်ကပိုဆိုးတယ်။မလိုက်ချင်လို့လည်းမရဘူး”လို့မသဲနုကပြောပါတယ်။
တခါကအုပ်စုဖွဲ့အဓမ္မပြုကျင့်ဖို့ကြိုးစားတာ ကြောင့် အော်ဟစ်အကူညီတောင်းခဲ့တာမို့ မန်နေဂျာကိုပြန်အတိုင်ခံရကာ ခြိမ်းခြောက်ခံရဖူးတယ်လို့ မသဲနုကပြောပါတယ်။
“နင်တို့ကို သတ်ပစ်လိုက်လည်း ဘယ်သူမှမသိဘူး။ကောင်မတွေ အာမကျယ်နဲ့ခိုင်းတဲ့အတိုင်းလုပ် ဆိုပြီးပဲပြောတာ”လို့ မသဲနုကအတွေ့အကြုံကိုပြန်ပြောပါတယ်။
အဲဒီနောက် KTVအထိုင်ဖက် ပြောင်းခဲ့ပြီး ဒီလောကမှာ ပြန်ကျင်လည်ခဲ့ပါတယ်။
“အဲဒီအချိန်ကတရုတ်တွေ ဟိုင်းခန်းစသွားကြပြီ။ညီမက အဲဒီက နေဟိုင်းမယ်ကိုပြန်စဝင်ခဲ့တာ။ပျော်လည်းပျော်ရတယ်။ပိုက်ဆံလည်းပိုရတယ်”လို့ မသဲနုကဆိုပါတယ်။
ဒီလိုလုပ်နေရင်းခြောက်လ လောက်အကြာမှာပဲ ရွယ်တူအမျိုးသားတဦးနဲ့ သမီးရည်းစားဖြစ်ခဲ့ပါတယ်။အဲဒီနောက် တိုက်ခန်းတခုမှာငှားနေရင်း KTVက နေထွက်လာခဲ့ပါတယ်။
“အခန်းထိုင်(KTVမယ်)လုပ်တုန်းကချိတ်တွေနဲ့ ဆေးပစ်တယ် (မူးယစ် ဆေးလက်လီ ရောင်းချခြင်း)။အဲဒီမှာတခါ အဖမ်းခံရသးတယ်။ခံဝန်နဲ့ပြန်လွတ်လာတာ”လို့မသဲနုက ပြောပါတယ်။
ဒီလိုနဲ့ ဒီအမျိုးသားနဲ့ပါလမ်းခွဲပြီး Date Girl လုပ်လိုက်၊ငွေလိုရင်အခန်းထိုင်လိုက်နဲ့ဘဝကို ဖြေရှင်းခဲ့ရတယ်လို့ဆိုပါတယ်။၂၀၂၅၊ မတ်လ ၂၈ စစ်ကိုင်းငလျင်ကြီးမလှုပ်ခင်မှာ အမျိုးသားတယောက်နဲ့ ထပ်မံသမီးရည်းစားဖြစ်ပြီး သူ့အကူအညီနဲ့ နေထိုင်နေတာ တနှစ် ကျော်ခဲ့ပါပြီ။
အဲဒီနောက် ဒီလုပ်ငန်း တွေအားလုံးကိုလည်းသူမစွန့်ပစ်လိုက်ပြီလို့ပြောပါတယ်။ဒါပေမယ့်လူကဒီအဝန်းဝိုင်းက နေရုန်းထွက်ခဲ့ပေမယ့်သူမ နောက်ကို အရိပ်လိုလိုက် နေတဲ့ ကိစ္စတချို့လည်းရှိ နေပါတယ်။
အပြင်ဘဝမှာနေ ထိုင်ချိန်မှာတခြားအမျိုးသမီးတွေက သူမကို KTVကလာမှန်းသိသာတယ်လို့ ဝေဖန်ကြသလို တချို့က မပေါင်းဘဲ ဖယ်ကျဉ်တာတွေလည်းခံရတယ်လို့ သူကဖွင့်ဟပါတယ်။
“သူတို့ကပြောတာပဲ။သမီးပုံစံကမြင်တာနဲ့သိသာတယ်တဲ့။တက်တူးတွေကြောင့်ပဲလားမသိဘူး”လို့မသဲနုကပြောပါတယ်။
မသဲနုလိုပဲ မနိုနိုဟာလည်း ဟိုင်းမယ်ဘဝကို ဖြတ်သန်း နေရတာပါ။သူမအသက်က ၁၈နှစ်ပဲရှိ သေးတာပါ။
မန္တလေးက ဟိုတယ်တခုမှာ အလုပ်တူ အမျိုးသမီးတွေနဲ့ အတူတူစုနေကြတာပါ။မာမီလို့ခေါ်တဲ့သူတို့ရဲ့ ခေါင်း ဆောင်နဲ့အတူ ဈေးအသင့်အတင့်ရှိတဲ့ ဟိုတယ်တခုမှာ ၇ယောက် ပေါင်းပြီးငှား နေကြတာပါ။
ရှမ်းပြည်နယ်ဇာတိဖြစ်တဲ့သူမကကျောက်မဲမြို့စစ်ဖြစ်ချိန်မှာ မိသားစုအတွက်ပိုပြီးရုန်းကန်ရတယ်လို့ပြောပါတယ်။
“ကိုယ့်မိဘက ပြေးနေရပြီ လေ။ကိုယ်မှလုပ်မကျွေးဘယ်သူကကျွေးမလဲနော်။နိုနိုကမူဆယ်မှာအလုပ်လုပ်ရင်းနဲ့သူငယ်ချင်းက ခေါ်လို့ပါလာတာ”လို့ဆိုပါတယ်။
မနိုနိုက တော့ သူမ စပြီးဝင်လာကတည်းက တလကို အနည်းဆုံး ငွေကျပ် ၇သိန်းကနေ ၁၅သိန်း လောက်အထိ ရတယ်လို့ဆိုပါတယ်။
သူမက မိဘ တွေကို တလကို ငွေကျပ်၅သိန်း ထောက်ပံ့နေရပြီး တခါတရံမိဘ တွေကျန်းမာရေး အရပိုပေးရတာမျိုးလည်းရှိတယ်လို့ဆိုပါတယ်။
မနိုနိုက ဟိုတယ်မှာနေ ပြီးတယ်လီဂရမ်ကနေ အဓိက ခေါ်တဲ့ date girlမျိုးမဟုတ်ဘဲ ချိတ်ဆက်ထားတဲ့ KTV တွေမှာလိုအပ်ရင် အခန်းလိုက်ထိုင်ပေးသလိုဟိုင်းခန်းတွေမှာ ချိတ်ဆက် ခေါ်ရင်လိုက်ထိုင် လေ့ရှိတယ်လို့ဆိုပါတယ်။
“အဓိက က နိုကကျဆော့တာ။ရိုးရိုးခန်းသိပ်မထိုင်ဘူး။ဆော့တဲ့အခန်းကျ After ဆက်ရင် တောင်မနက်အထိကဆို နိုက တသိန်းခွဲလောက်ရတယ်။ကိုယ်ကလည်း ဆော့တော့အဆင်ပြေတယ်လေ”လို့မနိုနိုက ပြောပါတယ်။
ဆော့တယ်ဆိုတာ မူးယစ်စိတ်ကြွ ဆေးသုံးတာကိုပြောတာပါ။ After ဆက်တယ်ဆိုတာ မူးယစ်စိတ်ကြွဆေးသုံးပြီးအချိန်ပိုဆက်ကတယ်ပြောတာပါ။
၆တန်း(ဆဌမတန်း)နဲ့အတန်းပညာရပ်နားထားပြီး နယ်ကနေ လာရောက်အလုပ်လုပ်ကိုင်သူတ ယောက်အတွက် နေထိုင်စရိတ်နဲ့ ရတဲ့လခက အိမ်ကိုပြန်ထောက်ပံ့ဖို့ အဆင်မ ပြေတာ ကြောင့် ဒီအလုပ်ကို လုပ်ကိုင်ခဲ့တာလို့ဆိုပါတယ်။
“နိုနိုအခြေ အနေနဲ့ မြို့ပေါ်မှာ ဒီဝင် ငွေရပြီး ဒီလိုနေနိုင်ဖို့ကကျားဖြန့်သွားလုပ်မှပဲရမယ်။နိုသူငယ်ချင်းတွေဆို ကျားဖြန့်သွားလုပ်ကြတယ်။အဲတာတောင်တရုတ်စာမတက်ရင် သိန်း၂၀ လောက်ပဲရတာ”လို့ မနိုနိုကပြောပါတယ်။
သူမက လတ်တလောမှာ ဒီအလုပ်က နေထွက်ဖို့ စိတ်ကူးမရှိ သေးဘူးလို့ဆိုပါတယ်။
သူမ မိဘ တွေကလည်း နယ်မြေ ငြိမ်းချမ်းသွားပေမယ့် ဆက်ထောက်ပံ့ဖို့ လိုအပ် သေးပြီး ၇နှစ်အရွယ်မောင်အငယ်ဆုံး ကျောင်းစရိတ်လည်းရှိ သေးတယ်လို့ဆိုပါတယ်။
စစ်တပ်အာဏာ သိမ်းပြီး နောက် မန္တလေးမြို့မှာ Date Girl Agency တွေအထိ ပေါ်ပေါ်ထင်ထင်များလာပြီးဆယ်ကျော်သက်မိန်းက လေးများစွာ ဒီလောကထဲကို ရောက်ရှိလာပါတယ်။
မန္တလေးက Queen Date Girl Agency မှာဆိုရင် အသက် ၁၆နှစ်က ၁၈နှစ်အတွင်း အမျိုးသမီးငယ် လေး တွေပဲရှိတယ်လို့အမျိုးသမီးငယ်တဦးက ပြောပြပါတယ်။
မန္တလေးမြို့ကဟိုတယ်တချို့မှာဆိုရင် Telegram QR Scanတခု ချထားပြီး ဒါကို Scanဖတ်ပြီး Telegram မှာ ပြထားတဲ့အမျိုးသမီးပုံတွေထဲက ကိုယ်ကြိုက်တဲ့ အမျိုးသမီးငယ်ကို ခေါ်လိုက်ရုံပါပဲ။
ဒီလိုခေါ်ယူရင် Agency တချို့ဟာ ခေါ်ယူသူအမျိုးသားဆီက နေ အမျိုးသမီးငယ်လုံခြုံရေးအတွက်ကာကွယ်ပေးတဲ့ အနေနဲ့ အချက်အလက်တချို့ဟိုတယ်နဲ့ချိတ်ဆက် တောင်းယူတဲ့ကုမ္ပဏီတွေ ရှိတယ်လို့ ဆိုပါတယ်။
လုံခြုံရေး အတွက် အာမှမခံတဲ့ ကုမ္ပဏီ တွေဆီမှာ အလုပ် လုပ်ကိုင်မိရင် ခေါ်ယူတဲ့ အမျိုးသား တွေက အချိန်ပိုပြန်မလွှတ်တာ တွေ၊သဘာဝနဲ့ ဆန်ကျင်တဲ့လိင်ဆက်ဆံဖို့ကြိုးစားတာမျိုး တွေလည်းရှိတယ်လို့ဆိုပါတယ်။
ဒီလို ရုန်းကန် နေရတဲ့ အမျိုးသမီးငယ် တွေအတွက် လက်ရှိနိုင်ငံ ရေးအ ခြေအနေမှာ အကာကွယ်မဲ့နေပါတယ်။ဒီလို အမျိုးသမီးတွေ အတွက် အန္တရယ်ဟာ လက်တကမ်းမှာပဲရှိ နေပါတယ်။
ကူးစက်ကာလသား ရောဂါ တွေထပ် မူးယစ် ဆေးလွန် သေဆုံးမှုတွေ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ်မှု၊ဆေး ကြောင်ပြီး သတ်ဖြတ်ခံရတာ တွေရှိပါတယ် ။၂၀၂၄ခုနှစ်မှာဆိုရင် KTVအများဆုံးရှိတဲ့ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်နဲ့ မြို့ပတ်လမ်း တွေမှာ အမျိုးသမီးငယ် တွေ အသက်ခံရပြီး စွန့်ပစ်ထားတဲ့ ရုပ် အလောင်း တွေ တွေ့ရပါတယ်။
၂၀၂၄ခုနှစ်မေလမှာ ၅၈လမ်း ၁၃၉လမ်း ထောင့်က မြောင်းအတွင်းမှာ အဝတ်စလစ်နဲ့ အသက်၂၀အရွယ် အမျိုးသမီးငယ်ဟာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ဇူလိုင်လမှာလည်း ချမ်းမြသာစည်မြို့နယ်၊၅၆လမ်းနဲ့ ၁၀၇လမ်းထောင့် မှာ အမျိုးသမီးငယ်တဦးရဲ့ ဒဏ်ရာ တွေနဲ့ ရုပ်အ လောင်း ကိုတွေ့ခဲ့ပါတယ်။
အောက်တိုဘာလမှာလည်း သေဆုံးအမျိုးသမီးငယ်တဦးကို ပုသိမ်ကြီးမြို့နယ်မှာ တွေ့ခဲ့ပါတယ်။၂၀၂၄ခုနှစ်အတွင်းမှာ ဟိုင်းမယ်လို့ ခေါ်တဲ့ KTVအခန်းထိုင် မိန်းက လေး တွေ မူးယစ် ဆေးလွန်ကာ သေဆုံးမှု တွေအများအပြားရှိခဲ့တယ်လို့ အဲဒီတုန်းက KTV မန်နေဂျာတဦးက ဖြေကြားခဲ့ဖူးပါတယ်။
စစ်အာဏာသိမ်းမှု ကြောင့် ပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံအနှံ့တိုက်ပွဲတွေရဲ့ နောက်ဆကတွဲ အနေနဲ့ အမျိုးသားတွေဟာ တော်လှန်ရေး တပ်တွေအတွင်းဝင် ရောက်တာ တွေရှိသလို စစ်တပ်ရဲ့ ပေါ်တာဆွဲမှုတွေနောက်မှာ အမျိုသမီး တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာကထမ်းဆောင်နေကြရပါတယ်။
နယ်မြေ မတည်ငြိမ်မှု တွေကြောင့် စစ်ရှောင်ဘဝက နေ မြိုပေါ် တက် နေရတဲ့အမျိုးသမီးငယ် တွေလည်း ကြုံရာ၊လုပ်ကိုင်ရင်းဘဝကို ဖြတ်သန်း နေကြရတာပါ။ခေတ်ပြန်ကောင်းခဲ့ရင်တော့ ဒီအလုပ်ကိုသူတို့ဆက်မလုပ်ချင်ကြပါဘူး။
“ဒီအလုပ်ကြီးတော့ဘယ်သူကလုပ်ချင်မှာလဲ။ဒီအလုပ်က အသက်အရွယ်လည်းရှိတယ်လေ။အဲဒီအချိန်ကျရင်တော့ နိုနိုက ကိုယ်ပိုင်အင်္ကျီဆိုင် လေးဖွင့်ချင်တယ်”လို့ နိုနိုကသူဆန္ဒကိုဖွင့်ဟပါတယ်။



















































