Connect with us

Hi, what are you looking for?

သတင်း

နေရပ်စွန့်ခွာရသူဦး​ရေ စုစု​ပေါင်း၁ ဒသမ ၄သန်း​ကျော်လာဟု ကုလဆို

“နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေ၊ အရပ်သားပြည်သူပိုင်ပစ္စည်းပျက်စီးမှုတွေနဲ့ အိုးအိမ်စွန့်ခွါထွက်ပြေးမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေလည်း ပိုမိုများပြားလာနေပါတယ်” ဟု OCHA က ဆိုသည်။

နေရပ်စွန့်ခွာရသူဦး​ရေ စုစု​ပေါင်း၁ ဒသမ ၄သန်း​ကျော် လာဟု ကုလဆို
နေရပ်စွန့်ခွာရသူဦး​ရေ စုစု​ပေါင်း၁ ဒသမ ၄သန်း​ကျော် လာဟု ကုလဆို

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေသည် ၁.၁ သန်းကျော်(၁၁၀၉၃၀၀) ရှိလာပြီး အာဏာသိမ်းမသိမ်းမီ အရေအတွက်နှင့်ထပ်ပေါင်းပါက နိုင်ငံတဝန်းစုစုပေါင်း ၁.၄ သန်းကျော်(၁၄၃၉၇၀၀)ရှိပြီဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါကိန်းဂဏန်းများသည် အောက်တိုဘာ၂၄ ရက်အထိ OCHA ၏ ကောက်ခံရရှိမှု စာရင်းဖြစ်ပြီး ၎င်းတို့ပြုစုချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းတွင် ၆ သိန်းကျော်(၆၁၂၄၀၀) နှင့် အများဆုံးနေရပ်စွန့်ခွာမှုဖြစ်ပေါ်ခဲ့သည်။ ဒုတိယနေရပ်စွန့်ခွာမှုအများဆုံးမှာ မကွေးတိုင်းဖြစ်ပြီး ယင်းတိုင်းတွင် ၁ သိန်းကျော်(၁၁၁၈၀၀)ရှိကာ အဆိုပါတိုင်းနှစ်တိုင်းတွင် အာဏာမသိမ်းမီက နေရပ်စွန့်ခွာသူ တစ်ဦးမျှ မရှိခဲ့ပေ။

ကုလ၏ ​နေရပ်စွန့်ခွာရသူအ​ရေအတွက်မှာ တိုင်းရင်းသား​ဒေသများရှိစစ်​ဘေး​ရှောင်များကပြုစု​သောအ​ရေအတွက်များစွာ​လျော့နည်း​နေသည်။KNU ထိန်းချုပ်​နယ်​မြေများတွင်ပင် စစ်​ဘေး​ရှောင်ပြည်သူ ၃ သိန်းက​​ကျော်ပြီး ၊ကရင်နီ(ကယား)ပြည်နယ်တွင်စစ်​ဘေး​ရှောင် ၂ သိန်း​ကျော်ရှိ​ကြောင်း​မြေပြင်တွင် ကူညီ​သောအဖွဲ့များကထုတ်ပြန်ထားသည်။

“နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေ၊ အရပ်သားပြည်သူပိုင်ပစ္စည်းပျက်စီးမှုတွေနဲ့ အိုးအိမ်စွန့်ခွါထွက်ပြေးမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေလည်း ပိုမိုများပြားလာနေပါတယ်” ဟု OCHA က ဆိုသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ လွဲ၍ ကျန်တိုင်းနှင့် ပြည်နယ် ၁၁ ခု၌ နေရပ်စွန့်ခွာထွက်ပြေးသူများရှိနေခဲ့ပြီးဖြစ်သည်။ အာဏာမသိမ်းမီကတည်းက စစ်တပ်နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအကြားဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ရှမ်းမြောက်၊ ရခိုင်မြောက်ပိုင်း၊ ပဲခူးအရှေ့ပိုင်း၊ ချင်းပြည်နယ်၊ ကရင်၊ ကချင် နှင့် ရခိုင်အလယ်ပိုင်း တို့၌ စုစုပေါင်း နေရပ်စွန့်ခွာသူဦးရေ ၃၃၀၄၀၀ ရှိနေခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များနှင့် စစ်တွေအကြားရှိ ရေကြောင်းလမ်းအပါအဝင် အဓိကလမ်းပိုင်းများကို စစ်တပ်က ပိတ်ဆို့ထားပြီး အသွားအလာများကို ကန့်သတ်ထားသဖြင့် အကူအညီလိုအပ်နေသူများထံ လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိရန် အဟန့်အတားများဖြစ်ပေါ်နေကြောင်း OCHA က ထုတ်ပြန်သည်။

“ဒါ့အပြင် စစ်တွေနဲ့ ပေါက်တောအကြား အရပ်သားပြည်သူတွေ ရေလမ်းအသုံးပြုမှုကို အောက်တိုဘာလ ၁၉ရက်နေ့ကစပြီး အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း သိရှိပါတယ်။ အလားတူ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေဖြစ်ပေါ်နေပြီး အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အကာအကွယ်ရရှိရေးကို ကြီးမားစွာခြိမ်းခြောက်နေဆဲဖြစ်ပါတယ်” ဟု OCHA က ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များအတွက် တရုတ်၊ အမေရိကန်၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗြိတိန်နိုင်ငံတို့ကို ဖိတ်ကြား ခေါ်ယူကျင်းပရန် အာဆီယံနှင့် အာဆီယံ၏မိတ်ဆွေများကိုတောင်းဆိုထားပြီး ( ASEAN Coordination Center for Humanitarian Assistance on Disaster Management) AHA စင်တာအား လူသားချင်း စာနာ ထောက်ထား မှုဆိုင်ရာ အကူအညီပေးရေးနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ ချဉ်းကပ်မှုများတွင် NUG နှင့် ပွင့်လင်းစွာ ထိတွေ့ဆက်ဆံနိုင်စေရန် အာဆီယံကို တိုက်တွန်းထားကြောင်း အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။