သတင်း တော်လှန်ရေးအမြန်ဆုံး အဆုံးသတ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရန် အစိုးရအဖွဲ့ဝင်များကို NUG ယာယီသမ္မတတိုက်တွန်း “မိမိတို့အစိုးရအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်မှုများမှာ ယုံကြည်မှုပိုမိုတိုးတက်လာအောင်၊ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုတိုးတက်လာအောင် အစွမ်းကုန်ကြိုးပမ်းကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆိုသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း ကောလင်းနယ်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်၍ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင် အပါအဝင် ပြည်သူလေးဦး သေဆုံးခဲ့ရသည့် မှတ်တမ်းများ ထုတ်ပြန် သေဆုံးခဲ့သူများမှာ သစ်ဆိမ်ကုန်းရွာနေ မောင်ပြည့်စုံ ၊ ကိုမိုးအောင် ၊ကိုဇင်မျိုးထွန်းနှင့် ကိုဇင်မျိုးထွန်း၏ ဇနီးကိုယ်ဝန်ကိုးလလွယ်ထားသည့် မဖြူဇာဝင်းတို့ဖြစ်ပြီး မောင်ပြည့်စုံ၏ဖခင် ကိုနေလင်းဦးမှာ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း မီးရှို့ခံကျေးရွာများအားကူညီနေရ၍ အဖွဲ့ရံပုံငွေအင်အားနည်းလာသောကြောင့် အားဖြည့်ပေးရန် ဒီပဲယင်းအခြေစိုက်တပ်ဖွဲ့နှစ်ဖွဲ့မေတ္တာရပ်ခံ ပြည်သူ့ကာကွယ်ရေးတာဝန်များကိုလည်း မြို့နယ်(ပကဖ)များ၊ NUGလက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များနှင့် အခြားသောမြို့နယ်ရှိ မဟာမိတ်အဖွဲ့များနှင့်အတူ ပူးပေါင်း၍ တာဝန်ထမ်းဆောင် နေသော အဖွဲ့များဖြစ်ကြောင်း အသိပေးထားသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း မဲဆောက်၌ ဖမ်းဆီးခံရသူများထဲတွင် တော်လှန်ရေးသမားကိုစုံစမ်းရန်လွှတ်ထားသောစစ်တပ်နှင့်ရဲကတ်ကိုင်ဆောင်သူအချို့ပါဝင် အဖမ်းခံရသူများထဲတွင် သဘာ၀တရားရိပ်သာမှ ဘုန်းကြီးအချို့ပါဝင်ပြီး ၎င်းတို့သည် မဲဆောက် ရောက် အထောက်အထားမဲ့ မြန်မာများကို ကူညီရန် ပြောဆိုခြင်း၊ စာရင်းကောက်ယူခြင်းများ ပြီးခဲ့သည့် လအနည်းငယ်ကတည်းက လုပ်နေသည်ဟု မဲဆောက်သို့ရောက်ရှိနေသူတစ်ဦး က ပြောသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း မှိုရှာထွက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တစ်ဦးသေဟုဆို အဆိုပါ စစ်ကောင်စီတပ်အား (၃)ရက်ကြာ ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုလဲတပ်ရင်း - ၁ (Royal Eagle PDF)က ဆိုသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း ထီးချိုင့်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၈ဦးထက်မနည်းသေဟုဆို စစ်ကောင်စီတပ်များသည် သခွတ်ချောင်ရွာ၌ ယမန်နေ့ညက စခန်းချပြီး ယနေ့နံနက်တွင် ထီးချိုင့်မြို့သို့ ပြန်ဝင်သွားကြောင်း ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း ဖာပွန်ထဲက စစ်ကောင်စီစခန်းတွေကို KNLA ဝင်တိုက် ဒါ့အပြင် မနက်(၁၁)နာရီအချိန်ခန့်မှာ KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း(၁၀၂)တပ်ဖွဲ့ဝင်တွေက မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် လှဂွန်းပျိုအခြေစိုက် စစ်ကောင်စီစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ LuduNwayOoဩဂုတ် 30, 2022
သတင်း မုန်းမှာ ဒေသခံတစ်ဦးကို စစ်တပ်ကထပ်ဖမ်းဆီး စစ်ကောင်စီရဲ့ ခလရ(၃၉)တပ်ဟာ ကျေးရွာတွေထဲမှာ ပြည်သူတွေရဲ့ပစ္စည်းတွေကို ခိုးယူတာတွေအပြင် ပြည်သူတွေရဲ့ အိမ်မွေးတိရိစ္ဆာန်စတာတွေကို ဖမ်းယူစားသောက်တာတွေရှိကြောင်း ကေအဲန်ယူက ဆိုထားပါတယ်။ LuduNwayOoဩဂုတ် 30, 2022
သတင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒရုန်းလက်ရုံးတပ်ဖွဲ့စည်းရန် ဘဏ္ဍာငွေရှာဖွေမည့် Skywalk အစီအစဥ်သြဂုတ် ၃၀ ရက်စမည် အထက်ပါ Skywalk ဘဏ္ဍာငွေရှာဖွေရေးအစီအစဥ်အား သြဂုတ် ၃၀ ရက်မှ စက်တက်ဘာ ၁၅ ရက်အထိ ၁၇ ရက်တာကာလအတွင်း ဘဏ္ဍာငွေအဖြစ် အမေရိကန်ဒေါ်လာတစ်သန်းရရှိရန် မျှော်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း လုံခြုံရေးကင်မရာတပ်ဆင်ထားသော ပြည်သူများ အချက်နှစ်ချက်လုပ်ဆောင်ပေးရန် ရန်ကုန်သပိတ်အဖွဲ့များနှင့် မြေပြင်ကင်းထောက်အဖွဲ့များ မေတ္တာရပ်ခံ မြေပြင်သပိတ်များနှင့် စစ်ဆင်ရေးများလုပ်ဆောင်ပြီးချိန်တွင် အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးကင်မရာမှတ်တမ်းများကို စစ်ဆေး၍အရေးယူဆောင်ရွက်မှုများပြုလုပ်လေ့ရှိသည်။ LuduNwayOoဩဂုတ် 30, 2022