Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင်စစ်ကာင်စီတပ်စစ်​ကြောင်းကိုPDFများပူး​​ပေါင်းတိုက်ခိုက်

မြောင်မြို့နယ်တွင် ဒီဇင်ဘာလ ၆ ရက်ကလည်း ရွှေဘုံသာရွာကို မီးလာရှို့သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးသေဆုံးခဲ့သည်။

(CDSOM မှ တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-CDSOM)
(CDSOM မှ တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-CDSOM)

မြောင်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲ၌ စစ်ကောင်စီတပ်မှလေးဦးထက်မနည်းသေဆုံးခဲ့ကြောင်းမြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOMတာဝန်ခံ ကိုနွေဦးက​ပြောသည်။

ယမန်နေ့(ဒီဇင်ဘာလ ၁၀ရက်)နံနက်ကမြောင်မြို့ ဆင်ခေါင်းတောင်အရှေ့ဘက် တောင်ကြောသို့ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏စစ်ကိုင်းခရိုင် တပ်ရင်း (၆)တပ်ခွဲ(၃)နှင့် CDSOM ပါဝင်သော မဟာမိတ်များက ပူး​ပေါင်းမိုင်းခွဲတိုက်ခိုက်ခဲ့​​​ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတိုက်ခိုက်တော့ဖွားစောရွာထဲဝင်သွားပြီး ပျောက်သွားတာ။သူတို့ဖက်က၄ယောက်သေတာနဲ့၆ယောက်ဒဏ်ရာရတာကို ညနေကျမှ အတည်ပြုနိုင်ပါတယ်။ အခုထိလည်း ဖွားစောရွာထဲမှာ ရှိနေသေးတယ် “ဟုCDSOMတာဝန်ခံ ကိုနွေဦးက ပြောသည်။

အဆိုပါစစ်​ကောင်စီတပိစစ်ကြောင်းကြောင့် ကျေးရွာ ၄ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်း​ရှောင်နေကြရသည်ဟု လည်းသိရသည်။စစ်ဘေးရှောင်ပြည်သူများကိုNUG၏အမျိုးသမီး၊လူငယ် နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက လှူဒါန်း​သောစားနပ်ရိက္ခာများကိုသွား​ရောက်​ပေးဝေခဲ့​ကြောင်း၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့ကတော့ NUGရဲ့အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနက လှုုတာတွေကို စစ်ဘေးရှောင်တွေရောက်နေတဲ့တောထဲအထိ လိုက်ဝေခဲ့တယ်။ သူတို့( ဝန်ကြီးဌာန)က စစ်ဘေးရှောင်သတင်းကို နားစွင့်နေပုံရတယ်။ ချက်ချင်းလာကူညီထောက်ပံတယ်”ဟု ကိုနွေဦးကပြောသည်။

မြောင်မြို့နယ်တွင် ဒီဇင်ဘာလ ၆ ရက်ကလည်း ရွှေဘုံသာရွာကို မီးလာရှို့သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။