Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် ရေစက်စောင့်စစ်ကောင်စီတ​ပ်သားများအား မိုင်းဆွဲတိုက်ခိုက်

မြိုင်(ပကဖ)နှင့် မဟာမိတ်အဖွဲ့များသည် ယနေ့( ဒီဇင်ဘာ၁၀ရက်)နံနက်၆နာရီခန့်ကလည်း စက်မှု(၂)မှ ပြန်လာသော စစ်ကောင်စီယာဉ်တန်းအား မိုင်းပွိုင့် ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့သေးသည်။

မြိုင်တွင် ရေစက်စောင့်စစ်ကောင်စီတ​ပ်သားများအား မိုင်းဆွဲတိုက်ခိုက်
မြိုင်တွင် ရေစက်စောင့်စစ်ကောင်စီတ​ပ်သားများအား မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ခရီးသွားပြည်သူများအား ငွေတောင်းရန်လာသည့် ရေစက်စောင့်စစ်ကောင်စီတ​ပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလယျ်ာက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၀)နံနက် ၁၀နာရီခန့်က ကိုင်းတောမကျေးရွာရှိ ရေစက်တွင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသည် ခရီးသွားပြည်သူများထံမှ ငွေကြေးတောင်းခံရန် ဆုံကုန်းတံတားထိပ်သို့ ထွက်လာရာ ဒေသကာကွယ်ရေးအဖွဲ့များက တံတားထိပ်တွင် ရှေ့ထွက်မိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆာင် ကိုလယျ်ာက ပြောသည်။

“ကိုင်းတောမ ရဲစခန်းအနီးက စစ်သားတွေက စက်မှု၂ကို ရေပေးတဲ့ ရေစက်ကို လုံခြုံရေးစောင့်ရတာ။ အဲနားက ကားလမ်းဖြတ်သွားတဲ့ယာဥ်တွေကို ငွေတောင်းဖို့ထွက်လာချိန် တိုက်ခိုက်ခဲ့တာပါ။”ဟု ကိုလယျ်ာက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ၊ တပ်ခွဲ – ၁ ၊ တပ်ခွဲ -၄ (စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့)နှင့် မုန်တိုင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မြိုင်(ပကဖ)နှင့် မဟာမိတ်အဖွဲ့များသည် ယနေ့( ဒီဇင်ဘာ၁၀ရက်)နံနက်၆နာရီခန့်ကလည်း စက်မှု(၂)မှ ပြန်လာသော စစ်ကောင်စီယာဉ်တန်းအား မိုင်းပွိုင့် ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်