သတင်း ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်၍ မူလတန်းကျောင်းသားငယ် နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ အောက်တိုဘာ ၁၉ရက် မွန်းလွဲပိုင်း ၃နာရီခန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကျောင်းကပြန်လာသည့် ကလေးငယ်များ ထိခိုက်သေဆုံးခဲ့ရသည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 19, 2022
သတင်း လွိုင်ကော် – မိုးဗြဲလမ်းမကြီးတစ်လျှောက် စစ်ရေးပြင်းထန်နိုင်၍ ခရီးလမ်းသွားလာခြင်း လုံးဝမပြုလုပ်ရန် KNDF သတိပေး "စစ်ရေးအရတော့ ကရင်နီဒေသမှာ အရေးပါတဲ့ မိုးဗြဲနဲ့ လွိုင်ကော်ကို စကစဘက်က အလုံးစုံထိန်းနိုင်ဖို့ လုပ်နေတယ်လို့ ပြောလို့ရတယ်။ လောလောဆယ်အခြေအနေအရလည်း နှစ်ဖက်ထိတွေ့မှု ကရှိဖို့များတယ်"ဟု ၎င်းက ပြောသည်။ LuduNwayOoအောက်တိုဘာ 19, 2022
သတင်း အင်းစိန်ထောင်အတွင်း ဖောက်ခွဲမှု နှင့် ပစ်ခတ်မှုလုပ်ဆောင်သူများကို ကန့်ကွက်ရှုတ်ချကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များ ထုတ်ပြန် ယနေ့(အောက်တိုဘာ ၁၉ရက်)က နံနက်ပိုင်းက အင်းစိန်အကျဥ်းထောင်တွင် ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 19, 2022
သတင်း ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့သည့် ရဲဘော်နေထက်၏ စျာပန အောက်တိုဘာ ၁၇ ရက်က ရွှေပန်းကုံးနယ်မြေရဲစခန်းတိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နေထက်၏ နာရေးအခမ်းအနားအား ယနေ့(အောက်တိုဘာ ၁၉ ရက်)တွင် ပြုလုပ်ခဲ့သည်။ LuduNwayOoအောက်တိုဘာ 19, 2022
သတင်း ရင်ပေါင်တိုင်ရွာအနီးသို့ စစ်ကောင်စီတပ် စီးနင်းမှု ပြည်သူအချို့သေဆုံးပြီး ဒဏ်ရာရသူများ၊ ဖမ်းဆီးခံထားရသူများရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အသင့်ရှိသော်လည်း ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းထား၍ အခက်ကြုံနေရသည်ဟု ဒေသခံ PDF တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။ LuduNwayOoအောက်တိုဘာ 19, 2022
သတင်း ခလရ-၁၄ မှ ဒုတပ်ရင်းမှူးကို တပ်သားတစ်ဦးက ပစ်သတ်မှုဖြစ်ပွားခဲ့ဟု CDM တပ်သားနှစ်ဦးပြော တပ်တွင်း၌ အုပ်ချုပ်မှုလျော့နည်းမှုကြောင့် ဖြစ်ပြီး ထွက် ပြေးနေသူများပြားကြောင်း၊ ၎င်းတို့နှစ်ဦး မပြေး မီ နာရီပိုင်းအတွင်းပင် တပ်သားတစ်ဦးအရင်ပြေးခဲ့ကြောင်း CDM တပ်သားနှစ်ဦးက ထွက်ဆိုသည်။ LuduNwayOoအောက်တိုဘာ 19, 2022
သတင်း ချင်းပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း စစ်ကောင်စီတပ်.၂၅ဦးထက်မနည်းသေဟု CNFထုတ်ပြန် ထန်တလန်မှ စစ်ကူလာသည် အင်အား ၄၀ခန်ပါ စစ်ကြောင်းကိုလည်း ပူးပေါင်းတပ်ဖွဲ့က ကြားညှပ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 19, 2022
သတင်း စစ်ကောင်စီ၏တပ်မ(၄၄) ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းဦး စနိုက်ပါလက်ချက်ဖြင့်သေဆုံး၊ အာဏာသိမ်းပြီးနောက် တိုက်ပွဲများတွင်သေဆုံးစစ်သားထဲရာထူးအကြီးဆုံးဖြစ် ယနေ့ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီ ဘက်မှ (၄) ဦး ပြင်ထန် ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း ဖော်ပြထားသည်။ LuduNwayOoအောက်တိုဘာ 19, 2022
သတင်း အင်းစိန်ထောင်တိုက်ခိုက်မှုဖြစ်စဥ်အား ပြင်းထန်စွာရှုတ်ချကြောင်း GSC ထုတ်ပြန် ယနေ့နံနက်ပိုင်း အင်းစိန်ထောင် ဝင်ပေါက်ဂိတ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အကျဥ်းဦးစီးဌာနမှ သုံးဦးသေဆုံးပြီး စစ်ကောင်စီ၏ ထောင်လုံခြုံရေးဝန်ထမ်းများ ပစ်ခတ်မှုကြောင့် ထောင်ဝင်စာပါဆယ်လာပို့သူ နှင့် သက်သေထွက်ဆိုရန်လာရောက်သူ ငါးဦး သေဆုံးခဲ့သည်။ LuduNwayOoအောက်တိုဘာ 19, 2022
သတင်း KNU တပ်မဟာနယ်မြေတွေထဲ ရွာများကို လေကြောင်းတိုက်ခိုက်ပြီး ကျေးရွာတစ်ရွာမီးရှို့ခံရ ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နေ့လည်တစ်နာရီခွဲအချိန်ကစပြီး ကျေးရွာကို မီးစရှို့ကာ ဘုန်းကြီးတစ်ပါးအပါအဝင် ကျေးရွာသားတချို့ကို ဖမ်းဆီးခဲ့သည်ဟု ကျိုက်ထိုနယ်မြေသတင်းများကိုဖော်ပြနေသည့် Kyaikhto Information Team က ရေသားထားသည်။ LuduNwayOoအောက်တိုဘာ 19, 2022