သတင်း လွတ်ငြိမ်းနာမည်စာရင်းတွေထွက်နေပေမယ့်အင်းစိန်ထောင်ထဲက ကားတွေတော့ထွက်မလာသေး ကနဦးစုံစမ်းသိရတာကတော့ မတရားဖမ်းဆီးခံရတဲ့နိုင်ကျဉ်းတွေပါဝင်တာနည်းပါးတယ်လို့သိရပေမယ့် ထောင်အပြင်ကို ကားတွေထွက်လာတာတော့မရှိသေးပါဘူး။ LuduNwayOoနိုဝင်ဘာ 17, 2022
သတင်း ရွှေဘို – မန္တလေးလမ်းပိုင်းတွင် စစ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်အုပ်စု ပစ်ခတ်၍ ဒေသခံတစ်ဦးကျည်ထိမှန် စစ်အုပ်စု၏ ပစ်ခတ်မှုများကြောင့် ဇီးတောကျေးရွာနှင့် အနီးရှိ ကျေးရွာများမှ ပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2022
သတင်း ရှောင်တာနယ် ၊ ဗစ်ကီဘိုးမန်းအပါအဝင် နိုင်ငံခြားသား ၄ ဦး စစ်ကောင်စီပြည်နှင်ဒဏ်ပေး မစ္စဗစ်ကီဘိုးမန်းရဲ့အမျိုးသား ကိုထိန်လင်းကိုလည်း ပြန်လွှတ်ပေးလိုက်ပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။ LuduNwayOoနိုဝင်ဘာ 17, 2022
သတင်း ရွှေကူနှင့် ဖားကန့်၌ KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ် နိုဝင်ဘာ ၁၅ရက်က KIA တပ်မဟာ(၃)နယ်မြေနှင့် တပ်မဟာ(၉)နယ်မြေတို့၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြမထားပေ။ LuduNwayOoနိုဝင်ဘာ 17, 2022
သတင်း အကျဉ်းသား ၅၇၀၀ ကျော်ကိုပြန်လွှတ်မယ်လို့စစ်ကောင်စီကြေညာ ဒါအပြင် စစ်ကောင်စီရဲ့ ဒီနေ့ကြေညာချက်မှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲထားတဲ့ အနုပညာရှင် ၁၁ ဦးကို အမှုပိတ်ပေးမယ်လို့လည်းဆိုထားပါတယ်။ LuduNwayOoနိုဝင်ဘာ 17, 2022
သတင်း ကလေးမြို့နယ် မြောက်စည်းရွာရှိ စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းဖြင့်ဝင်တိုက် ယနေ့ (နိုဝင်ဘာ၁၆ရက်) မွန်းလွဲပိုင်းတွင် ကလေးမြို့ နယ်တောင်ပိုင်း မြောက်စည်းကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် ဝင်ရောက်တိုက်ခိုက် ပစ်ခတ်ခဲ့သည်။ LuduNwayOoနိုဝင်ဘာ 17, 2022
သတင်း အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်တိုက်ခိုက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို လက်စားချေမည်ဟု AA ထပ်မံ အသိပေး စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၀ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ ဒေသခံ ၉ဦးထက်နည်းကိုသတ်ဖြတ်ခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် လက်တုံ့ပြန်မည် ဂလဲ့စားခြေမည်ဟု AAက ထုတ်ပြန်ခဲ့ပြီး ယခု ထပ်မံ အသိပေးခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 17, 2022
သတင်း ၅၀၅(က) နဲ့ဖမ်းထားသူအချို့ မနက်ဖြန်မှာ လွတ်ငြိမ်းပေးမယ်လို့စစ်ကောင်စီကြေညာ ဒီလို လွှတ်ပေးတာဟာ မနက်ဖြန်မှာ ကျရောက်မယ့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖြစ်တယ်လို့ လည်းစစ်ကောင်စီက ဆိုပါတယ်။ LuduNwayOoနိုဝင်ဘာ 17, 2022
သတင်း လောင်းလုံးတွင် ပြည်သူနှစ်ဦး သတ်ဖြတ်ရာတွင်ပါဝင်သည်ဆိုသည့် ပျူတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ ယနေ့ညနေ ၆ နာရီခန့်က လောင်းလုံးမြို့နယ် အဝဗျောကျေးရွာမှ ထားဝယ်ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်၏ တပည့်ရင်းဖြစ်သူ ကိုဖြိုးဆိုသူအား DDT တပ်ခွဲ (၃) ထားဝယ်(ပ.က.ဖ) ရဲဘော်များက သေနတ်ဖြင့် ငါးချက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 17, 2022
သတင်း ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရသည့် မကွေးလေတပ် ထိခိုက်မှုရှိနိုင်ဟု ဒေသခံပြော ယမန်နေ့ တိုက်ခိုက်ခံရမှုကြောင့် လေယာဥ်ထိခိုက်ပျက်စီးမှု၊ စစ်ကောင်စီတပ်သားသေဆုံးမှုရှိသည်ဟု သတင်းရေးသားဖော်ပြမှုများကိုတွေ့ရသော်လည်း ယင်းအခြေအနေအပေါ် သီးခြားအတည်မပြုနိုင်ပေ။ LuduNwayOoနိုဝင်ဘာ 16, 2022