Connect with us

Hi, what are you looking for?

သတင်း

ရွှေကူနှင့် ဖားကန့်၌ KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

နိုဝင်ဘာ ၁၅ရက်က KIA တပ်မဟာ(၃)နယ်မြေနှင့် တပ်မဟာ(၉)နယ်မြေတို့၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြမထားပေ။

(KIA တပ်မှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(KIA တပ်မှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့်ဖားကန့်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင် စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

နိုဝင်ဘာ ၁၅ရက်က KIA တပ်မဟာ(၃)နယ်မြေနှင့် တပ်မဟာ(၉)နယ်မြေတို့၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြမထားပေ။

KIA အမှတ်(၃)တပ်မဟာ၊ အမှတ်(၁၃)တပ်ရင်းနယ်မြေ ရွှေကူမြို့နယ်သို့ စစ်ကောင်စီတပ် ခမရ(၃၁၉)နှင့် ခမရ(၆၀၁) ပူးပေါင်းတပ်ဖွဲ့က အင်အား ၁၀၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်း ချီတက်လာစဉ် KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားအပြီးတွင် စစ်ကောင်စီတပ်က ဒေသခံ နေအိမ်များကို တင်းကြပ်စွာ စစ်ဆေးခြင်း၊ ဒေသတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးတစ်ခုကို မီးရှို့ဖျက် ဆီးခြင်း လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)နယ်မြေ ဖားကန့်မြို့နယ် ဂွေခါကျေးရွာတွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ KIAတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် နိုဝင်ဘာ ၁၆ရက်က KIA တပ်မဟာ(၇)နယ်မြေ၊ တပ်ရင်း (၄၆) နယ်မြေ၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းများ ဖော်ပြနေသည့် ကချင်သတင်းရင်းမြစ်က ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။