Connect with us

Hi, what are you looking for?

သတင်း

ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရသည့် မကွေးလေတပ် ထိခိုက်မှုရှိနိုင်ဟု ဒေသခံပြော

ယမန်နေ့ တိုက်ခိုက်ခံရမှုကြောင့် လေယာဥ်ထိခိုက်ပျက်စီးမှု၊ စစ်ကောင်စီတပ်သားသေဆုံးမှုရှိသည်ဟု သတင်းရေးသားဖော်ပြမှုများကိုတွေ့ရသော်လည်း ယင်းအခြေအနေအပေါ် သီးခြားအတည်မပြုနိုင်ပေ။

ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရသည့် မကွေးလေတပ် ထိခိုက်မှုရှိနိုင်ဟု ဒေသခံပြော
ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရသည့် မကွေးလေတပ် ထိခိုက်မှုရှိနိုင်ဟု ဒေသခံပြော

မကွေးလေတပ်ကို ဒေသခံတော်လှန်ရေးတပ်များပူးပေါင်း၍ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်သည်ဟု မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ယခင်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရခြင်း၊ ဖောက်ခွဲခံရခြင်းဖြစ်ခဲ့သည့် မကွေးလေတပ်တွင် နိုဝင်ဘာ ၁၅ရက် နံနက်တွင် ရှော့တိုက်ဒုံးဖြင့် ထပ်မံတိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံက ပြောသည်။

“လေတပ်အခြေအနေက ဒီကနေ့ လေယာဉ်တွေစပြီး ပျံတာတွေ့ရတယ်။ ဒါပေမယ့် အနီးအနား ဝန်းကျင်မှာရှိတဲ့ သပြေစမ်းတို့ ဘာတို့ ရွာတွေကို တင်းတင်းကြပ်ကြပ်ရှာဖွေတာ စောင့်ကြည့်တာ လုပ်တာရှိတယ်။ အခု သုံးဖွဲ့ ရေနံချောင်းတို့ မကွေးယူဂျီအဖွဲ့တို့ သုံးဖွဲ့ ပေါင်းပြီး ထုတ်ပြန်တာ ရှိတယ်။ လက်ရှိက ဒီကနေ့ လေယာဉ်ပျံတက်တာလည်းတွေ့နေရတယ်။ မနေ့ကတော့ ပျံသန်းတာမရှိဘူး။ တနင်္လာနဲ့အင်္ဂါ နှစ်ရက်က ပျံသန်းတာလုံး၀မရှိဘူး။ ဒါပေမဲ့ သူတို့ထဲမှာ ထိခိုက်ပျက်စီးရှိတယ်လို့ ကြားတာပဲ။ ဒါပေမဲ့ တိတိပပတော့ ပြောလို့မရဘူး”ဟု ဒေသခံက ပြောသည်။

ယမန်နေ့ တိုက်ခိုက်ခံရမှုကြောင့် လေယာဥ်ထိခိုက်ပျက်စီးမှု၊ စစ်ကောင်စီတပ်သားသေဆုံးမှုရှိသည်ဟု သတင်းရေးသားဖော်ပြမှုများကိုတွေ့ရသော်လည်း ယင်းအခြေအနေအပေါ် သီးခြားအတည်မပြုနိုင်ပေ။

Public Service Announcement

Public Service Announcement

ယခင် တိုက်ခိုက်ခံရမှုနှစ်ကြိမ်တွင် လေယာဉ်ရုံနှင့် လေယာဉ်ထိခိုက်ပျက်စီးမှု အချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။