Connect with us

Hi, what are you looking for?

သတင်း

အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်တိုက်ခိုက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို လက်စားချေမည်ဟု AA ထပ်မံ အသိပေး

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၀ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ ဒေသခံ ၉ဦးထက်နည်းကိုသတ်ဖြတ်ခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် လက်တုံ့ပြန်မည် ဂလဲ့စားခြေမည်ဟု AAက ထုတ်ပြန်ခဲ့ပြီး ယခု ထပ်မံ အသိပေးခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က ယနေ့ နေ့လည်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူ ၁၄ဦးထက်မနည်းသေဆုံးခဲ့ရာ စစ်ကောင်စီလက်ချက်ကြောင့် အသက်သေဆုံးသွားသော ပြည်သူများအတွက် ဝမ်းနည်းကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ခဲ့ပြီး လက်စားချေမည်ဟု ထပ်မံ အသိပေးထားသည်။

ပြည်သူလူထုများအပေါ် ဆန့်ကျင်ကျူးလွန်သောစစ်ရာဇဝတ်မှုများတွင် ပါဝင်ကျူးလွန်သူများကိုမဖြစ်မနေလက်စားချေသွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်တိုက်ခိုက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို လက်စားချေမည်ဟု AA ထပ်မံ အသိပေး
အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်တိုက်ခိုက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို လက်စားချေမည်ဟု AA ထပ်မံ အသိပေး

ရက္ခိုင်ပြည်အတွင်း မြေပြင်တိုက်ပွဲများ၌ အထိအခိုက်၊ အကျအဆုံးများပြီး အဖက်ဖက်တွင် ယိုယွင်းပျက်စီး နေသော စိတ်ဓာတ်ပျက်ပြားနေသည့် စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်သော ကျေးရွာများ၊ လူနေအိမ်များကို ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို နေ့စဉ်ရက်ဆက်ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် စစ်ပွဲအတွင်း လိုက်နာရမည့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်၍ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကိုပါ နေ့စဉ်ရက်ဆက် ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်လျက်ရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၆ရက် နေ့လည်က မောင်တောမြို့နယ်၊ ဂြိတ်ချောင်းရွာသို့လက်နက်ကြီးဖြင့်ပစ်ခတ်၍ကလေးကင်ပွန်းတပ်ပွဲကျင်းပနေသည့် ပွဲအတွင်းမှ ကလေးငယ်များအပါအဝင် ပြည်သူ ၁၁ဦး အစုလိုက် အပြုံလိုက် သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရခဲ့သည်ဟုဖော်ပြထားသည်။ယင်းပစ်ခတ်မှုကို မောင်တောမြို့နယ် နခခ(၇)မှစစ်ကောင်စီတပ်များကရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းဖြစ်သည်ဟုလည်းပါရှိသည်။

ထို့ပြင် နေ့လည် ၁၁နာရီခွဲခန့်ကလည်း ကျောက်တော်မြို့၊ ကန်စောက်အခြေစိုက် ခမရ(၅၃၉) တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက်လိုက်သော လက်နက်ကြီး ကျည်ဆံ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွားအတွင်း ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၃ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမျှမရှိပါဘဲ အပြစ်မဲ့ပြည်သူများ၊ ရပ်ရွာများရှိရာသို့တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းသာ ဖြစ်ကြောင်း၊ ဤကဲ့သို့သော ပစ်ခတ်တိုက်ခိုက်မှုများကို စစ်ကောင်စီသည် ရက္ခိုင်ဒေသ၌သာမက မြန်မာပြည်အနှံ့ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်လျက်ရှိကြောင်း AAက ထုတ်ပြန်သည်။

လွန်ခဲ့သောရက်များအတွင်း၌လည်း စစ်ကောင်စီသည် လက်နက်ကြီးများဖြင့် ယနေ့ကဲ့သို့ပင် ပစ်ခတ် တိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရပ်သားပြည်သူလူထုများသေဆုံး၊ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့​သေးသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၀ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ ဒေသခံ ၉ဦးထက်နည်းကိုသတ်ဖြတ်ခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် လက်တုံ့ပြန်မည် ဂလဲ့စားခြေမည်ဟု AAက ထုတ်ပြန်ခဲ့ပြီး ယခု ထပ်မံ အသိပေးခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။