Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်တိုက်ခိုက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို လက်စားချေမည်ဟု AA ထပ်မံ အသိပေး

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၀ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ ဒေသခံ ၉ဦးထက်နည်းကိုသတ်ဖြတ်ခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် လက်တုံ့ပြန်မည် ဂလဲ့စားခြေမည်ဟု AAက ထုတ်ပြန်ခဲ့ပြီး ယခု ထပ်မံ အသိပေးခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က ယနေ့ နေ့လည်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူ ၁၄ဦးထက်မနည်းသေဆုံးခဲ့ရာ စစ်ကောင်စီလက်ချက်ကြောင့် အသက်သေဆုံးသွားသော ပြည်သူများအတွက် ဝမ်းနည်းကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ခဲ့ပြီး လက်စားချေမည်ဟု ထပ်မံ အသိပေးထားသည်။

ပြည်သူလူထုများအပေါ် ဆန့်ကျင်ကျူးလွန်သောစစ်ရာဇဝတ်မှုများတွင် ပါဝင်ကျူးလွန်သူများကိုမဖြစ်မနေလက်စားချေသွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်တိုက်ခိုက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို လက်စားချေမည်ဟု AA ထပ်မံ အသိပေး
အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်တိုက်ခိုက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို လက်စားချေမည်ဟု AA ထပ်မံ အသိပေး

ရက္ခိုင်ပြည်အတွင်း မြေပြင်တိုက်ပွဲများ၌ အထိအခိုက်၊ အကျအဆုံးများပြီး အဖက်ဖက်တွင် ယိုယွင်းပျက်စီး နေသော စိတ်ဓာတ်ပျက်ပြားနေသည့် စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်သော ကျေးရွာများ၊ လူနေအိမ်များကို ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို နေ့စဉ်ရက်ဆက်ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် စစ်ပွဲအတွင်း လိုက်နာရမည့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်၍ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကိုပါ နေ့စဉ်ရက်ဆက် ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်လျက်ရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၆ရက် နေ့လည်က မောင်တောမြို့နယ်၊ ဂြိတ်ချောင်းရွာသို့လက်နက်ကြီးဖြင့်ပစ်ခတ်၍ကလေးကင်ပွန်းတပ်ပွဲကျင်းပနေသည့် ပွဲအတွင်းမှ ကလေးငယ်များအပါအဝင် ပြည်သူ ၁၁ဦး အစုလိုက် အပြုံလိုက် သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရခဲ့သည်ဟုဖော်ပြထားသည်။ယင်းပစ်ခတ်မှုကို မောင်တောမြို့နယ် နခခ(၇)မှစစ်ကောင်စီတပ်များကရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းဖြစ်သည်ဟုလည်းပါရှိသည်။

ထို့ပြင် နေ့လည် ၁၁နာရီခွဲခန့်ကလည်း ကျောက်တော်မြို့၊ ကန်စောက်အခြေစိုက် ခမရ(၅၃၉) တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက်လိုက်သော လက်နက်ကြီး ကျည်ဆံ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွားအတွင်း ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၃ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမျှမရှိပါဘဲ အပြစ်မဲ့ပြည်သူများ၊ ရပ်ရွာများရှိရာသို့တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းသာ ဖြစ်ကြောင်း၊ ဤကဲ့သို့သော ပစ်ခတ်တိုက်ခိုက်မှုများကို စစ်ကောင်စီသည် ရက္ခိုင်ဒေသ၌သာမက မြန်မာပြည်အနှံ့ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်လျက်ရှိကြောင်း AAက ထုတ်ပြန်သည်။

လွန်ခဲ့သောရက်များအတွင်း၌လည်း စစ်ကောင်စီသည် လက်နက်ကြီးများဖြင့် ယနေ့ကဲ့သို့ပင် ပစ်ခတ် တိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရပ်သားပြည်သူလူထုများသေဆုံး၊ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့​သေးသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၀ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ ဒေသခံ ၉ဦးထက်နည်းကိုသတ်ဖြတ်ခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် လက်တုံ့ပြန်မည် ဂလဲ့စားခြေမည်ဟု AAက ထုတ်ပြန်ခဲ့ပြီး ယခု ထပ်မံ အသိပေးခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။