Connect with us

Hi, what are you looking for?

သတင်း

ရှောင်တာနယ် ၊ ဗစ်ကီဘိုးမန်းအပါအဝင် နိုင်ငံခြားသား ၄ ဦး စစ်ကောင်စီပြည်နှင်ဒဏ်ပေး

မစ္စဗစ်ကီဘိုးမန်းရဲ့အမျိုးသား ကိုထိန်လင်းကိုလည်း ပြန်လွှတ်ပေးလိုက်ပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ် အပါအဝင် နိုင်ငံခြားသား ၄ ဦးကို လွှတ်ပေးပြီး စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။

ဗြိတိန်သံအမတ်ကြီးဟောင်းဗစ်ကီဘိုးမန်း နဲ့ခင်ပွန်းဖြစ်သူ ကိုထိန်လင်း
ဗြိတိန်သံအမတ်ကြီးဟောင်းဗစ်ကီဘိုးမန်း နဲ့ခင်ပွန်းဖြစ်သူ ကိုထိန်လင်း

သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခရှောင်တာနယ် ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း ၊ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဂျပန်နိုင်ငံသား တိုရုကူဘိုတာ နဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦး တို့ကို လွှတ်ပေးလိုက်တာလို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောထားတာတွေ့ရပါတယ်။

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရုကူဘိုတာ
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရုကူဘိုတာ

မစ္စဗစ်ကီဘိုးမန်းရဲ့အမျိုးသား ကိုထိန်လင်းကိုလည်း ပြန်လွှတ်ပေးလိုက်ပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ ဥပဒေတွေ ချိုးဖောက်သူ နိုင်ငံခြားသားတွေကိုပြည်နှင်နိုင်မယ့် အစိုးရ အမိန့်သစ်ဟာ ဩဂုတ် ၂၈ ရက်နေ့မှာ စတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။