စစ်ကောင်စီအရာရှိတစ်ဦးသေဆုံးပြီး လက်နက်နှင့်စစ်အသုံးအဆောင်များ သိမ်းဆည်းရမိ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ မြောက်စည်းရွာရှိ စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး သေဆုံးသွားပြီး လက်နက်နှင့်စစ်အသုံး အဆောင်များ သိမ်းဆည်းရမိကြောင်း VAKOK-CNDFအဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ (နိုဝင်ဘာ၁၆ရက်) မွန်းလွဲပိုင်းတွင် ကလေးမြို့ နယ်တောင်ပိုင်း မြောက်စည်းကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် ဝင်ရောက်တိုက်ခိုက် ပစ်ခတ်ခဲ့သည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး သေဆုံးသွားကြောင်း VAKOK-CNDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် စစ်ကောင်စီတပ်ထံမှ ဆိုင်ကယ်တစ်စီး၊လက်ပစ်ဗုံး နှစ်လုံး၊ MA-5အတို တစ်လက်၊ခြောက်လုံးပြူးအတို တစ်လက်၊ ဖုန်းနှင့် powerbank၊ ငွေကျပ် သုံးသိန်းကျော် နှင့် မှတ်ပုံတင်တို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း VAKOK-CNDF က ဆိုသည်။
ထောက်ပံ့ပေးကြသော ပြည်တွင်း၊ပြည်ပထောက်ပို့တပ်သားများအားလုံးကို ကျေးဇူးတင်ပြီး စစ်အာဏာ ရှင်အား အမြစ်ပြတ်ချေမှုန်းရန်အတွက် ဆက်လက် ထောက်ပံ့ပေးကြရန် VAKOK-CNDF မေတ္တာရပ်ခံထားသည်။

Public Service Announcement
ဖြစ်စဥ်နှင့်ပတ်သက်၍ VAKOK-CNDF ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
