Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ် မြောက်စည်းရွာရှိ စစ်ကောင်စီတ​ပ်ကို ပြောက်ကျားနည်းဖြင့်ဝင်တိုက်

ယနေ့ (နိုဝင်ဘာ၁၆ရက်) မွန်းလွဲပိုင်းတွင် ကလေးမြို့ နယ်တောင်ပိုင်း မြောက်စည်းကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် ဝင်ရောက်တိုက်ခိုက် ပစ်ခတ်ခဲ့သည်။

ကလေးမြို့နယ် မြောက်စည်းရွာရှိ စစ်ကောင်စီတ​ပ်ကို ပြောက်ကျားနည်းဖြင့်ဝင်တိုက်
ကလေးမြို့နယ် မြောက်စည်းရွာရှိ စစ်ကောင်စီတ​ပ်ကို ပြောက်ကျားနည်းဖြင့်ဝင်တိုက်

▪️စစ်ကောင်စီအရာရှိတစ်ဦး​သေဆုံးပြီး လက်နက်နှင့်စစ်အသုံးအဆောင်များ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ မြောက်စည်းရွာရှိ စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး​ သေဆုံးသွားပြီး လက်နက်နှင့်စစ်အသုံး အဆောင်များ သိမ်းဆည်းရမိကြောင်း VAKOK-CNDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာ၁၆ရက်) မွန်းလွဲပိုင်းတွင် ကလေးမြို့ နယ်တောင်ပိုင်း မြောက်စည်းကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် ဝင်ရောက်တိုက်ခိုက် ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး​ သေဆုံးသွားကြောင်း VAKOK-CNDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ ဆိုင်ကယ်တစ်စီး၊လက်ပစ်ဗုံး နှစ်လုံး၊ MA-5အတို တစ်လက်၊ခြောက်လုံးပြူးအတို တစ်လက်၊ ဖုန်းနှင့် powerbank၊ ငွေကျပ် သုံးသိန်းကျော် နှင့် မှတ်ပုံတင်တို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း VAKOK-CNDF က ဆိုသည်။

Public Service Announcement

Public Service Announcement

ထောက်ပံ့ပေးကြသော ပြည်တွင်း၊ပြည်ပထောက်ပို့တပ်သားများအားလုံးကို ကျေးဇူးတင်ပြီး စစ်အာဏာ ရှင်အား အမြစ်ပြတ်ချေမှုန်းရန်အတွက် ဆက်လက် ထောက်ပံ့ပေးကြရန် VAKOK-CNDF မေတ္တာရပ်ခံထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ VAKOK-CNDF ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။