Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွတ်ငြိမ်းနာမည်စာရင်းတွေထွက်‌နေပေမယ့်အင်းစိန်ထောင်ထဲက ကားတွေတော့ထွက်မလာသေး

ကနဦးစုံစမ်းသိရတာကတော့ မတရားဖမ်းဆီးခံရတဲ့နိုင်ကျဉ်းတွေပါဝင်တာနည်းပါးတယ်လို့သိရ‌ပေမယ့် ထောင်အပြင်ကို ကားတွေထွက်လာတာတော့မရှိသေးပါဘူး။

ဒီနေ့ မှာကျရောက်တဲ့အမျိုးသားနေ့ မှာ စစ်ကောင်စီက အကျဉ်းသား ၅၇၀၀ ကျော်ကိုပြန်လွှတ်ပေးနေတယ်လို့ကြေညာထားပါတယ်။

ကနဦးစုံစမ်းသိရတာကတော့ မတရားဖမ်းဆီးခံရတဲ့နိုင်ကျဉ်းတွေပါဝင်တာနည်းပါးတယ်လို့သိရ‌ပေမယ့် ထောင်အပြင်ကို ကားတွေထွက်လာတာတော့မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

အင်းစိန်ထောင်ရှေ့မှာလည်း အာဏာသိမ်းပြီးအစောပိုင်းက လွှတ်ပေးတဲ့လွတ်ငြိမ်းတွေကလို လာရောက်စောင့်ဆိုင်းနေကြသူတွေနည်းပါးတာတွေ့ရပါတယ်။

လွတ်ငြိမ်းနာမည်စာရင်းတွေထွက်‌နေပေမယ့်အင်းစိန်ထောင်ထဲက ကားတွေတော့ထွက်မလာသေး
လွတ်ငြိမ်းနာမည်စာရင်းတွေထွက်‌နေပေမယ့်အင်းစိန်ထောင်ထဲက ကားတွေတော့ထွက်မလာသေး

ဒါ့အပြင် ထောင်ရှေ့ဝင်ပေါက်ကို ဓာတ်ပုံရိုက်သူတစ်ဦးကို စစ်ကောင်စီတပ်သားတွေ ထွက်လာပြီးဖမ်းသွားတဲ့သတင်းတွေလည်းထွက်လာနေပါတယ်။

ဒီနေ့မနက်ပိုင်း ၁၁နာရီကျော်မှာတော့ ထောင်ထဲကို မီနီဘတ်စ်ကား၂စီးဝင်သွားပါတယ်။

လက်ရှိအချိန်ထိတော့ အင်းစိန်ထောင်ကနေလွတ်‌မြောက်လာသူတွေကိုမ‌တွေ့ရသေးပါဘူး။

Public Service Announcement

Public Service Announcement