Connect with us

Hi, what are you looking for?

သတင်း

အကျဉ်းသား ၅၇၀၀ ကျော်ကိုပြန်လွှတ်မယ်လို့စစ်ကောင်စီကြေညာ

ဒါအပြင် စစ်ကောင်စီရဲ့ ဒီနေ့ကြေညာချက်မှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲထားတဲ့ အနုပညာရှင် ၁၁ ဦးကို အမှုပိတ်ပေးမယ်လို့လည်းဆိုထားပါတယ်။

အကျဉ်းသား ၅၇၀၀ ကျော်ကိုပြန်လွှတ်မယ်လို့စစ်ကောင်စီကြေညာ
အကျဉ်းသား ၅၇၀၀ ကျော်ကိုပြန်လွှတ်မယ်လို့စစ်ကောင်စီကြေညာ

ဒီနေ့ ကျရောက်တဲ့အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၅၇၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့စစ်ကောင်စီက ကြေညာပါတယ်။

ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား ၄ ဦးကို လည်း လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးမယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာပါရှိပါတယ်။

လွှတ်ပေးမယ့် နိုင်ငံခြားသားတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ စစ်ကောင်စီက ကြေညာတာမရှိပါဘူး။

စစ်ကောင်စီဖမ်းထားတဲ့ နိုင်ငံခြားသားတွေထဲမှာ NLD စီးပွားရေးအကြံပေး သြစတြးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ် ၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း ၊ ရုပ်ရှင်မှတ်တမ်းရိုက်ကူးသူ ဂျပန်နိုင်ငံသား တိုရူကူဘိုတာတို့ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် စစ်ကောင်စီရဲ့ ဒီနေ့ကြေညာချက်မှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲထားတဲ့ အနုပညာရှင် ၁၁ ဦးကို အမှုပိတ်ပေးမယ်လို့လည်းဆိုထားပါတယ်။

ဒီနေ့လွှတ်ပေးမယ့် သူတွေထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက်နိုင်ငံရေးပုဒ်မတွေနဲ့ မတရားဖမ်းဆီးခံထားရသူ ဘယ်နှစ်ဦးပါဝင်မလဲဆိုတာကို စုံစမ်းနေဆဲပါ။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက လွတ်ငြိမ်းမှာတော့ နိုင်ငံရေးအကျဉ်းသားမပါဝင်သလောက်နည်းပါးတာတွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ လပေါင်း ၂၀ ကျော်ကာလအတွင်း ဖမ်းဆီးခံရသူဦးရေဟာ ၁၃၀၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စာရင်းပြုစုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook