သတင်း မြောင်နယ်တွင် PDFအယောင်ဆောင် လူတစ်စုအား မြို့နယ်(ပလဖ)ဦးဆောင်ကာ ဖမ်းဆီးထိန်းသိမ်း အောက်တိုဘာ ၁၉ရက် ဖမ်းဆီးမှုတွင် ခုနစ်ဦး ဖမ်းမိပြီး ကျန်တစ်ဦးကို ယနေ့(အောက်တိုဘာ ၂၀ရက်) တွင် ဖမ်းမိခဲ့သည်။ အဆိုပါအဖွဲ့ထံမှ လက်လုပ် သေနတ် ၂၅လက်လည်း သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 20, 2022
သတင်း ကျိုက်ထိုမြို့နယ်အတွင်း ဒေသခံ ရှစ်ထောင်ကျော်ထွက်ပြေးနေရကြောင်း KNU ထုတ်ပြန် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့များသည် အောက်တိုဘာ(၁၃)ရက်မှ (၁၅)ရက်နေ့များတွင် ထိတွေ့ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။ LuduNwayOoအောက်တိုဘာ 20, 2022
သတင်း ရှားတောရှိ ဗျူဟာကုန်းသို့ ရိက္ခာပို့လာသည် ရဟတ်ယာဉ်ကို အနီးကပ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သုံးဦးသေဟု KA ထုတ်ပြန် စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကို ပစ်မှတ်ထား တုန့်ပြန်ခြင်းသည် လူစိတ်မရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ကယားဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။ LuduNwayOoအောက်တိုဘာ 20, 2022
သတင်း ရွှေပြည်သာမြို့နယ် လူကယ်ပြန်ရုံးကို မြို့ပြပြောက် ကျားအဖွဲ့များ တိုက်ခိုက် အကြမ်းဖက်စစ်ကောင်စီများဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။ LuduNwayOoအောက်တိုဘာ 20, 2022
သတင်း လက်နက်ကြီးဖြင့်ပစ်၍ ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန် အဆိုပါ တိုက်ခိုက်မှုအား KNLA တပ်ရင်း (၂၇)ကော်ဘရာစစ်ကြောင်း ၊ Federal Wings Drone အဖွဲ့၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂)၏ ရောင်နီတပ်ခွဲဒရုန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။ LuduNwayOoအောက်တိုဘာ 20, 2022
သတင်း အိမ်ထောင်သည်အမျိုးသမီးကို အဓမ္မပြုကျင့်သည့်တပ်ဖွဲ့ဝင်နှစ်ဦးကို ကြိမ်ဒဏ် ၃၀နှင့် ထောင်ဒဏ်နှစ်၂၀ ချမှတ်ဟု AAထုတ်ပြန် ပြစ်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသား ရင်သား၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ စီရင်ဆောင်ရွက်နေသည်ဟုလည်း AAက ထုတ်ပြန်သည်။ LuduNwayOoအောက်တိုဘာ 20, 2022
သတင်း ကန်ပက်လက်နယ်တွင် ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် လေးဦးသေဟု CDF အသိပေး ကန်ပက်လက်ဒေသတစ်နေရာ၌ ကင်းပုန်းယူထားသည့် CDF ရဲဘော်များနှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂၀ရက် နံနက် ၈နာရီမှစ၍ ၄နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 20, 2022
သတင်း ကျောင်းသားသမဂ္ဂအခြေစိုက်ရာ ရွာတော်ရွာကို စစ်ကောင်စီတပ် စီးနင်းပြီး အိမ်ခြေ ၁၀၀ကျော် မီးရှို့ဖျက်ဆီး၊ ဒေသခံ သုံးဦးကိုလည်း သတ်ဖြတ် တိုက်ပွဲကြာမြင့်ချိန် ၁နာရီအခန့်အကြာတွင်ဝေဟင်မှ လေယာဉ်ဖြင့် ပစ်ခက်သောကြောင့် တပ်ဖွဲ့၀င်များ ဆုတ်ခွာခဲ့ရပြီး ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရရှိခဲ့သည်။ LuduNwayOoအောက်တိုဘာ 20, 2022
သတင်း အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းကို PDF များတိုက်ခိုက် စစ်ကောင်စီရဲ ၅ ဦးသေဆုံးသည်ဟုထောက်လှမ်းသိရပြီးလက်နက်ရရှိခဲ့ခြင်းမရှိကြောင်း NRFနတ္တလင်းမှတာဝန်ရှိသူကပြောသည်။ LuduNwayOoအောက်တိုဘာ 20, 2022
သတင်း “ညနေခင်းသတင်း” ဒီနေ့ (အောက်တိုဘာ ၂၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။ LuduNwayOoအောက်တိုဘာ 20, 2022