Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်တွင် PDFအယောင်ဆောင် လူတစ်စုအား မြို့နယ်(ပလဖ)ဦးဆောင်ကာ ဖမ်းဆီးထိန်းသိမ်း

အောက်တိုဘာ ၁၉ရက် ဖမ်းဆီးမှုတွင် ခုနစ်ဦး ဖမ်းမိပြီး ကျန်တစ်ဦးကို ယ‌နေ့(အောက်တိုဘာ ၂၀ရက်) တွင် ဖမ်းမိခဲ့သည်။ ‌အဆိုပါအဖွဲ့ထံမှ လက်လုပ် သေနတ် ၂၅လက်လည်း သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

မြောင်နယ်တွင် PDFအယောင်ဆောင် လူတစ်စုအား မြို့နယ်(ပလဖ)ဦးဆောင်ကာ ဖမ်းဆီးထိန်းသိမ်း
မြောင်နယ်တွင် PDFအယောင်ဆောင် လူတစ်စုအား မြို့နယ်(ပလဖ)ဦးဆောင်ကာ ဖမ်းဆီးထိန်းသိမ်း

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ပြည်သူ့ကာကွယ် ရေးအဖွဲ့ဝင်တစ်ဦးအား သတ်ပြီး တော်လှန်ရေးအား ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်နေသည့် PDF အယောင်ဆောင် လူတစ်စုအား ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။

သင်္ကန်းဝတ် တစ်ဦးဆောင်ပြီး အဖွဲ့ဝင်ရှစ်ဦးပါသော PDF အယောင်ဆောင်အဖွဲ့ကို မြောင်မြို့နယ်ပြည်သူ့ လုံခြုံရေးတာဝန်ခံ ဗိုလ်ကျားသစ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ယ‌မန်နေ့ (အောက်တို ဘာ ၁၉ရက်)တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“သင်္ကန်းဝတ်ပြီး မူးယစ်ဆေးသုံးနေတဲ့အဖွဲ့။ သတင်းအတိအကျစုံစမ်းပြီး ဖမ်းတာ။ ပြန်မခုခံဖို့နဲ့ ထွက်ပြေးရင် ပိတ်ဆို့ဖမ်းဖို့ သေချာပြင်ဆင်ပြီး ဖမ်းခဲ့တာ”ဟု မြောင်မြို့နယ် ပြည်သူလုံခြုံရေးနှင့်ကာကွယ်ရေးအဖွဲ့ (CDSOM)မှတာဝန်ခံ ကိုနွေဦးကပြောသည်။

မြောင်နယ်တွင် PDFအယောင်ဆောင် လူတစ်စုအား မြို့နယ်(ပလဖ)ဦးဆောင်ကာ ဖမ်းဆီးထိန်းသိမ်း
မြောင်နယ်တွင် PDFအယောင်ဆောင် လူတစ်စုအား မြို့နယ်(ပလဖ)ဦးဆောင်ကာ ဖမ်းဆီးထိန်းသိမ်း

အောက်တိုဘာ ၁၉ရက် ဖမ်းဆီးမှုတွင် ခုနစ်ဦး ဖမ်းမိပြီး ကျန်တစ်ဦးကို ယ‌နေ့(အောက်တိုဘာ ၂၀ရက်) တွင် ဖမ်းမိခဲ့သည်။ ‌အဆိုပါအဖွဲ့ထံမှ လက်လုပ် သေနတ် ၂၅လက်လည်း သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါအဖွဲ့သည် မြောင်မြို့နယ် ကျားအိုကျေးရွာတွင် အခြေစိုက်ပြီး ဥပဒေမဲ့လုပ်ရပ်များလုပ်ခဲ့သည်ဟု မြောင်မြို့နယ်ပြည်သူ့ လုံခြုံရေးအဖွဲ့က ဆိုသည်။ ဒေသခံလူငယ်နှစ်ဦးကို သေနတ်ဝယ် ပေးမည်ဟုဆိုကာ ငွေတောင်းယူပြီး သေနတ်ဝယ် မပေးဘဲ သတ်ဖြတ်ရန် ကြိုးစားခဲ့‌ကြောင်း၊လူငယ်နှစ်ဦးအနက် တစ်ဦးသေဆုံးပြီး တစ်ဦးသည် ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု ကိုနွေဦးကပြောသည်။

မြောင်နယ်တွင် PDFအယောင်ဆောင် လူတစ်စုအား မြို့နယ်(ပလဖ)ဦးဆောင်ကာ ဖမ်းဆီးထိန်းသိမ်း
မြောင်နယ်တွင် PDFအယောင်ဆောင် လူတစ်စုအား မြို့နယ်(ပလဖ)ဦးဆောင်ကာ ဖမ်းဆီးထိန်းသိမ်း

သေဆုံးသူမှာ အသက် ၂၃နှစ်အရွယ် မောင်အောင်ခိုင်သူဖြစ်ပြီး ထွက်ပြေး လွတ်မြောက်ခဲ့သူမှာ မောင်သန်းမျိုးခိုင် ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည်ယခင်က ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များအဖြစ်တိုက်ပွဲများတွင် လိုက်ပါတိုက်ခိုက်နေကြသူများဖြစ်သည်ဟု ကိုနွေဦးက ဆိုသည်။

အ‌ဆိုပါ အဖွဲ့အား ဖမ်းဆီးရာတွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သော PDF TALKE၊ ရွှေပန်းတိုက်နယ် ပြည်သူ့လုံခြုံရေးတာဝန်ခံ BLACK SPIDER အဖွဲ့ နှင့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပါဝင်သည်။ ထိန်းသိမ်းထားသူများကို အသေးစိတ်စစ်ဆေးနေဆဲဖြစ် သည်ဟုလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။