Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်နယ်တွင် ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် လေးဦးသေဟု CDF အသိပေး

ကန်ပက်လက်ဒေသတစ်နေရာ၌ ကင်းပုန်းယူထားသည့် CDF ရဲဘော်များနှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂၀ရက် နံနက် ၈နာရီမှစ၍ ၄နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(ကန်ပက်လက် CDF မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force -Kanpetlet)
(ကန်ပက်လက် CDF မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force -Kanpetlet)

အထိနာသည့် စစ်ကောင်စီတပ် ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ နေအိမ်များထိခိုက်မှုရှိ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၌ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ကန်ပက်လက် ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ကန်ပက်လက်ဒေသတစ်နေရာ၌ ကင်းပုန်းယူထားသည့် CDF ရဲဘော်များနှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂၀ရက် နံနက် ၈နာရီမှစ၍ ၄နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အထိနာသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီးဖြင့် ကန်ပက်လက်မြို့တွင်းသာမကအနီးအနားရှိ ကျေးရွာများကိုပါ တရစပ်ပစ်ခတ်ခဲ့ရာ လူနေအိမ်များ ထိခိုက်မှုရှိပြီး ပြည်သူလူထု ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းဆဲဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီးမေးမြန်းရန် ကန်ပက်လက် CDF ပြောရေးဆိုခွင့်ရှိသူ အချို့ကို ဆက်သွယ်ရာ အဆက်အသွယ်မရပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကန်ပက်လက်နှင့် ကျင်ဒွေးမြို့များကို လေကြောင်းဖြင့် လက်နက်အင်အား၊ လူအင်အားများဖြည့်တင်းလျက်ရှိရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ကန်ပက်လက် CDFက အသိပေးသည်။

ထို့ကြောင့် ကန်ပက်လက်မြို့အနီးအနားရှိ ကျေးရွာများအနေဖြင့် စစ်ကောင်စီတပ်၏ မဆင်မခြင် လေကြောင်းမှ လက်နက်ကြီးပစ်ခတ်မှု ရန်မှရှောင်ရှားနိုင်ရေး ပုန်းခိုကျင်းများ ကြိုတင်တူးဖော်ပြင်ဆင်ထားရန် CDFက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။