Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက်နယ်တွင် ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် လေးဦးသေဟု CDF အသိပေး

ကန်ပက်လက်ဒေသတစ်နေရာ၌ ကင်းပုန်းယူထားသည့် CDF ရဲဘော်များနှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂၀ရက် နံနက် ၈နာရီမှစ၍ ၄နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(ကန်ပက်လက် CDF မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force -Kanpetlet)
(ကန်ပက်လက် CDF မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force -Kanpetlet)

အထိနာသည့် စစ်ကောင်စီတပ် ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ နေအိမ်များထိခိုက်မှုရှိ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၌ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ကန်ပက်လက် ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ကန်ပက်လက်ဒေသတစ်နေရာ၌ ကင်းပုန်းယူထားသည့် CDF ရဲဘော်များနှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂၀ရက် နံနက် ၈နာရီမှစ၍ ၄နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အထိနာသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီးဖြင့် ကန်ပက်လက်မြို့တွင်းသာမကအနီးအနားရှိ ကျေးရွာများကိုပါ တရစပ်ပစ်ခတ်ခဲ့ရာ လူနေအိမ်များ ထိခိုက်မှုရှိပြီး ပြည်သူလူထု ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းဆဲဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီးမေးမြန်းရန် ကန်ပက်လက် CDF ပြောရေးဆိုခွင့်ရှိသူ အချို့ကို ဆက်သွယ်ရာ အဆက်အသွယ်မရပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကန်ပက်လက်နှင့် ကျင်ဒွေးမြို့များကို လေကြောင်းဖြင့် လက်နက်အင်အား၊ လူအင်အားများဖြည့်တင်းလျက်ရှိရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ကန်ပက်လက် CDFက အသိပေးသည်။

ထို့ကြောင့် ကန်ပက်လက်မြို့အနီးအနားရှိ ကျေးရွာများအနေဖြင့် စစ်ကောင်စီတပ်၏ မဆင်မခြင် လေကြောင်းမှ လက်နက်ကြီးပစ်ခတ်မှု ရန်မှရှောင်ရှားနိုင်ရေး ပုန်းခိုကျင်းများ ကြိုတင်တူးဖော်ပြင်ဆင်ထားရန် CDFက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။