Connect with us

Hi, what are you looking for?

သတင်း

အိမ်ထောင်သည်အမျိုးသမီးကို အဓမ္မပြုကျင့်သည့်တပ်ဖွဲ့ဝင်နှစ်ဦးကို ကြိမ်ဒဏ် ၃၀နှင့် ထောင်ဒဏ်နှစ်၂၀ ချမှတ်ဟု AAထုတ်ပြန်

ပြစ်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသား ရင်သား၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ စီရင်ဆောင်ရွက်နေသည်ဟုလည်း AAက ထုတ်ပြန်သည်။

အိမ်ထောင်သည်အမျိုးသမီးကို အဓမ္မပြုကျင့်သည့်တပ်ဖွဲ့ဝင်နှစ်ဦးကို ကြိမ်ဒဏ် ၃၀နှင့် ထောင်ဒဏ်နှစ်၂၀ ချမှတ်ဟု AAထုတ်ပြန်
အိမ်ထောင်သည်အမျိုးသမီးကို အဓမ္မပြုကျင့်သည့်တပ်ဖွဲ့ဝင်နှစ်ဦးကို ကြိမ်ဒဏ် ၃၀နှင့် ထောင်ဒဏ်နှစ်၂၀ ချမှတ်ဟု AAထုတ်ပြန်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ရက္ခိုင့်တပ်တော်(AA)မှ တပ်သားအဆင့် ရဲဘော် နှစ်ဦးကို ကြိမ်ဒဏ် ၃၀ချက်နှင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သည်ဟု AAက ထုတ်ပြန်သည်။

အောက်တိုဘာ ၁ရက်မွန်းလွဲပိုင်းက AAမှ တပ်သားအဆင့်ရှိ ရဲဘော် နှစ်ဦးသည် ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ကျေးရွာအုပ်စုနေ အသက် (၃၀)အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား ၎င်း၏ နေအိမ်၌ လက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်တန်းမှု ရရှိ၍ စစ်ခုံရုံးဖွဲ့ စစ်ဆေးခဲ့ရာ ကျူးလွန်သူ တရားခံနှစ်ဦးက ဝန်ခံခဲ့သည်ဟု ဆိုသည်။

ပြစ်မှုကျူးလွန်သူ နှစ်ဦးစလုံးမှာ ပြစ်မှုမြောက်ကြောင်း ထင်ရှားသည့်အပြင် တပ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အထူးတားမြစ်ချက်ကိုပါ ချိုးဖောက်ထားကြောင်း၊ အဆိုပါတပ်သား နှစ်ဦးသည် အခင်းဖြစ်ပွားသည့်နေ့၌ အရက်သေစာသောက်စားမူးယစ်ခဲ့ပြီး အမှန်တကယ် အဓမ္မပြုကျင့်ခဲ့ကြောင်း နှစ်ဦးစလုံးမှ ကိုယ်တိုင်ဝန်ခံ ထွက်ဆိုခဲ့ကြောင်း AA ထုတ်ပြန်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ AA၏ စစ်ဥပဒေနှင့်အညီ အောက်တိုဘာ ၂၀ရက်တွင် စီရင်ခဲ့ရာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ်(၂၀) နှင့် ကြိမ်ဒဏ် ၃၀ချက် ချမှတ်ခဲ့ကြောင်း၊ ကြိမ်ဒဏ်ကို စီရင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပြစ်ဒဏ်ကို နစ်နာခဲ့ရသည့် မိသားစုဝင်များ၊ ကျေးရွာခေါင်းဆောင်အချို့ နှင့် ဘာသာရေးခေါင်းဆောင်အချို့တို့၏ ရှေ့မှောက်၌ စီရင်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပြစ်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသား ရင်သား၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ စီရင်ဆောင်ရွက်နေသည်ဟုလည်း AAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။