Connect with us

Hi, what are you looking for?

သတင်း

ကျောင်းသားသမဂ္ဂအခြေစိုက်ရာ ရွာတော်ရွာကို စစ်ကောင်စီတပ် စီးနင်းပြီး အိမ်ခြေ ၁၀၀ကျော် မီးရှို့ဖျက်ဆီး၊ ဒေသခံ သုံးဦးကိုလည်း သတ်ဖြတ်

တိုက်ပွဲကြာမြင့်ချိန် ၁နာရီအခန့်အကြာတွင်ဝေဟင်မှ လေယာဉ်ဖြင့် ပစ်ခက်သောကြောင့် တပ်ဖွဲ့၀င်များ ဆုတ်ခွာခဲ့ရပြီး ရဲဘော်‌တစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရရှိခဲ့သည်။

(ရွာတော်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-အ.ထ.က ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂ)
(ရွာတော်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-အ.ထ.က ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ကျောင်းသားသမဂ္ဂအခြေစိုက်ထားသည့် ရွာတော်ကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ သုံးဦးကိုသတ်ဖြတ်ကာ နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သ​ည် ရွာတော်ကျေးရွာအား ယမန်နေ့(အောက်တိုဘာ ၁၉ ရက်) နံနက်ပိုင်းက အင်အား ၃၀ခန့်ဖြင့် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဒေသခံ ပြည်သူ သုံးဦးကိုပါ သတ်ဖြတ်သွားကြောင်း ဝက်လက်မြို့နယ်အခြေစိုက်အ.ထ.က ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂအဖွဲ့က ထုတ်ပြန်သည်။

(ရွာတော်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-အ.ထ.က ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂ)
(ရွာတော်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-အ.ထ.က ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂ)

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၂၀ မီးလောင်ပျက်စီးခဲ့ပြီး တိရစ္ဆာန်များပါ သေဆုံးခဲ့သည်။

“တစ်ရွာလုံးလည်း ထွက်ပြေးနေရတယ်။ အဆက်အသွယ်ကလည်း ရတချ​က်၊မရတချက်ပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ယင်းကျေးရွာ၌ အ​ခြေစိုက်ထားသည့် ဝက်လက်မြို့နယ် အခြေစိုက်ကျောင်းသားသမဂ္ဂများအဖွဲ့၏ ကွန်ပြူတာ နှစ်လုံး၊ ကာလာပရင့်တာ တစ်လုံးနှင့် အခြားပစ္စည်းများ ၁၇သိန်းဖိုးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂက အသိပေးသည်။

သတ်ဖြတ်ခံရသည့် ဒေသခံသုံးဦးနှင့်ပတ်သက်၍ အချက်အလက်များအား ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂထံ မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် ရွာတော်ရွာအပြင် မန်ကျည်းသုံးပင်ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူသုံးဦးမှာလည်း လက်နက်ကြီးထိမှန်​ ဒဏ်ရာရခဲ့သည်။

စစ်အာဏာရှင်အား ခုခံတော်လှန်မှုအားကောင်းသော ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်သည် အောက်တိုဘာအတွင်း၌ ဝက်လက်နယ် အရှေ့ပိုင်းနှင့်အနောက်ပိုင်း နှစ်ပိုင်းလုံးအား စစ်ကြောင်းထိုးပစ်ခတ်ရှင်းလင်းမှုများ ပြုလုပ်နေကာ ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံထားရသည်။

(ရွာတော်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-အ.ထ.က ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂ)
(ရွာတော်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-အ.ထ.က ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂ)

အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ၀က်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြာမြင့်ချိန် ၁နာရီအခန့်အကြာတွင်ဝေဟင်မှ လေယာဉ်ဖြင့် ပစ်ခက်သောကြောင့် တပ်ဖွဲ့၀င်များ ဆုတ်ခွာခဲ့ရပြီး ရဲဘော်‌တစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရရှိခဲ့သည်။

အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင်လည်း ဝက်လက်မြို့နယ်၊ စခန်းသာကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို