သတင်း ရန်ကုန်မြို့ မှပြည်သူများ တော်လှန်ရေး အင်အားစုများနှင့်အတူ ပူးပေါင်းပါဝင်ပေးရန် မေတ္တာရပ်ခံ အဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော်များနှင့်ပက်သက်၍သေချာအတည်ပြုချက်မရယူနိုင်သေးကြောင်း၄င်းတို့၏ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များမှတဆင့်သိရှိရကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။ LuduNwayOoဇွန် 18, 2022
သတင်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင်တစ်နိုင်ငံလုံးလွတ်မြောက်ရေး ဆုတောင်းလှုပ်ရှားမှု ပြုလုပ်ရန် GSCB တိုက်တွန်း " ယုတ်မာကောက်ကျစ်တဲ့ အာဏာရှင် အကြမ်းဖက်စစ်အုပ်စုကို လာမယ့် (၁၉)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အာဏာရှင်ကို တော်လှန်နေကြတဲ့ လူထုအပေါင်းတို့ရဲ့ သွေးအေးမနေဘူး။ သွေးကွဲမနေဘူး။ သွေးကြောင်မနေဘူးဆိုတာ ထပ်မံပြသလိုက်ကြရအောင်ပါ " ဟု တော်လှန်ရေးအင်အားစုများက တိုက်တွန်းခဲ့သည်။ LuduNwayOoဇွန် 18, 2022
သတင်း ဓနုဒေသတွင် ပြည်သူ့စစ်ဖွဲ့ရန်ကြိုးပမ်းနေသောပြည်ခိုင်ဖြိုးအမတ်လောင်းကို PDF ကသေနတ်ဖြင့်ပစ်ခတ်ရှင်းလင်း "ဦးကျော်ငြိမ်းက ဓနုဒေသမှာပြည်သူ့စစ်အဖွဲ့ဖွဲ့ဖို့ ရွာတွေမှာလိုက်ပြီးငွေအကုန်အကျခံစည်းရုံးနေတဲ့သူ။ သူ့အိမ်မှာ ဝင်ပစ်သွားတာ။ ကျန်တဲ့သူတွေကို ဘာမှ မလုပ်ဘဲ ဦးကျော်ငြိမ်းကိုပဲ ပစ်သွားတာ"ဟု ဦးကျော်ငြိမ်း၏လူရင်းမိတ်ဆွေတစ်ဦးကပြောသည်။ LuduNwayOoဇွန် 18, 2022
သတင်း မြစ်ဆုံအနီး တန်ဖဲရွာအထွက်၌ စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်၊ သေဆုံးထိခိုက်ရှိနိုင် ယနေ့ (ဇွန်လ ၁၈ရက်)နံနက်ပိုင်းတွင် ပူတာအိုဘက်မှ မြစ်ကြီးနားဘက်သို့ ဦးတည်ပြီး ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇွန် 18, 2022
သတင်း ဂန့်ဂေါနယ်အတွင်း ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ခိုက်ခံရပြီး ရှစ်ဦးခန့်သေ စစ်ကောင်စီတပ်စစ်ကြောင်းများသည် ဇွန်လ ၁၄ရက်ကတည်းက ဂန့်ဂေါမြို့နယ် ကန်ရွာသို့ဝင်ရောက်သောင်းကျန်းခဲ့ပြီး ပြည်သူများအားဖမ်းဆီးခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းနှင့် တိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 18, 2022
သတင်း နိုင်ငံထက် ကိုယ်ကျိုးစီးပွားကိုသာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ပထမဦးစားပေးဟု JFM ထုတ်ပြန် “မြန်မာစစ်တပ်သည် ၄င်း၏ရာဇဝင်တွင် တခါမျှ မရှိခဲ့ဖူးသော မြန်မာစစ်တပ်၏ ဖွဲ့စည်းမှုပုံစံနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဗီယက်နမ် စစ်တပ်သို့ လက်လွှဲပေးအပ်ခဲ့သည်” ဟု JFM က ထုတ်ပြန်သည်။ LuduNwayOoဇွန် 18, 2022
သတင်း ဆားလင်းကြီးနယ် လင်းစာကျက်ရွာတွင် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကိုသတ်ဖြတ်ပြီး နေအိမ်၁၀၀ ကျော်အား မီးရှို့ဖျက်ဆီး နေအိမ်စုစုပေါင်း ၁၁၂လုံး၊ အိမ်ထောင်စု ၁၀၉စု၊နေအိမ် ၅၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စာသင်ကျောင်းအပါ အဝင် ကျေးလက်ဆေးပေးခန်း၂လုံးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြား ရေးက ထုတ်ပြန်သည်။ LuduNwayOoဇွန် 18, 2022
သတင်း လူများစွာကို လည်လှီး၊ ခေါင်းဖြတ်၊ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီတပ်သားများကိုယ်တိုင် ပြောထားသည့် ရုပ်သံမှတ်တမ်းအား RFA ဖော်ထုတ်တင်ဆက် စစ်ကိုင်းတိုင်း၌ အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေးလုပ်ဆောင်သည့် ကာလအတွင်း စစ်ကောင်စီတပ်သားများ၏ ရက်စက်ကြမ်းကြုတ်မှုများကို သိသာပေါ်လွင်စေသည့် ဓာတ်ပုံနှင့် ဗွီဒီယို မှတ်တမ်း ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 18, 2022
သတင်း ဆော(ပအဖ)ကျန်းမာရေးဌာနတာဝန်ရှိသူများ ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေး ကလေးများတွင် သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရလိုအပ်မှုရှိခြင်းများကိုတွေ့ရှိရပြီး သွားနှင့်ခံတွင်းရောဂါများလည်းတွေ့ရှိခဲ့ရကြောင်းနှင့် တတ်နိုင်သည့်ကုသမှုများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoဇွန် 18, 2022
သတင်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင်တစ်နိုင်ငံလုံးလွတ်မြောက်ရေး ဆုတောင်းလှုပ်ရှားမှု ပြုလုပ်ရန် GSCB တိုက်တွန်း ဇွန်လ (၁၉) ရက် (တနင်္ဂနွေနေ့) တွင် တစ်နိုင်ငံလုံးက ဘာသာပေါင်းစုံသော လူထုကြီးက ကိုယ် ကိုးကွယ်ယုံကြည်သည့် ဘာသာအလိုက် ဘာသာရေး အဆောက်အဆုံများ၊ ဘုရားများဆီသို့ ချီတက်ကြပါ ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းထားသည်။ LuduNwayOoဇွန် 18, 2022