Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားပြော

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - AP

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ အစိုးရ မီဒီယာရဲ့ ဖော်ပြချက်အရ အဲဒီ လက်တွေ့ စမ်းသပ် ပစ်ခတ်မှုတွေမှာ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ဒုံးကျည်တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ စမ်းသပ်မှုကိုတော့ စက်တင်ဘာ ၁၂ ရက်နေ့တုန်းက လုပ်ဆောင်ခဲ့တာလို့ KCNA သတင်းဌာနက ဆိုပါတယ်။

ကိုရီးယားစစ်တပ်ရဲ့ ကွဲပြားတဲ့ အစုအဖွဲ့ပေါင်းစုံက ယူနစ်တွေ ပူးပေါင်းပြီး အဲဒီလေ့ကျင့်မှုမှာ ပါဝင်ခဲ့ကြောင်းလည်း KCNAရဲ့ သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့တုန်းကတော့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက မြောက်ကိုရီးယားဟာ ဝိုဆန်ဒေသ တဝိုက်ကနေ အရှေ့ပင်လယ်လို့ခေါ်တဲ့ ဂျပန်ပင်လယ်ဖက်ဆီ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာ ထောက်လှမ်းတွေ့ရှိကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းတဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေအပြီး တစ်ရက်အကြာမှာပဲ မြောက်ကိုရီးယားကလည်း အခုလို လက်နက် စမ်းသပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

KCNAရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ရေးလေ့ကျင့်မှုကို ဘယ်မှာ လုပ်ဆောင်ခဲ့သလဲ ဆိုတာကို တိတိကျကျ ထည့်ပြောမထားပါဘူး။ အဲဒီ လေ့ကျင့်မှုမှာ တိုက်ခိုက်ရေးဒရုန်း အမျိုးမျိုး၊ ခရုစ်ဒုံးကျည်တွေ၊ အကြီးစား အတွဲလိုက်ပစ် ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ KCNAက ဖော်ပြခဲ့ပါတယ်။

စမ်းသပ်မှု ရလဒ်အရ ပစ်မှတ်တွေကို ၁၀၀ ရာခိုင်နှုန်း တိတိကျကျ ထိမှန်ပြီး ကြီးမားတဲ့ ထိခိုက်ဖျက်ဆီးမှု စွမ်းအားကို အတည်ပြု တွေ့မြင်နိုင်ခဲ့တယ်လို့လည်း KCNAက ပြောပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်မှုကို ဦးစားပေး ချဲ့ထွင်တည်ဆောက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သမားရိုးကျ စစ်လက်နက်တွေနဲ့ လက်နက်ကြီး နည်းပညာတွေကိုလည်း ပိုမို အာရုံစိုက် မြှင့်တင်လာခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကရင်ပြည်နယ်၊ကျုံဒိုးမြိုနယ်ထဲကကျေးရွာတွေကိုအာဏာသိမ်းစစ်တပ်ကလက်နက်ကြီးနဲ့ ပြီးခဲ့တဲ့လပိုင်းကပစ်ခတ်တာကြောင့်ဒေသခံသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးပြီး လူငယ်တစ်ဦးလည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး( KNU ) ကအောက်တိုဘာလ ၂ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်လို့ ကလေးငယ် ၁ဦး သေဆုံးကာ အရပ်သားအချို့ ဒဏ်ရာရခဲ့ပါတယ်။

Trending

Facebook