Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးရန်ပုံငွေရရှိရန်ရည်ရွယ်၍ ‘စမှတ်’အမည်ဖြင့် ဇာတ်လမ်းတိုရုပ်ရှင် ဖန်တီးထားကြောင်း လင်းလင်းပြော

ယင်းဇာတ်လမ်းတွင် ပါဝင်မည့်သရုပ်ဆောင်များကို ကြေညာခြင်းမရှိသေးဘဲ စမှတ် အမည်ဖြင့် ဖွင့်ထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ယင်းဇာတ်ကား နှင့်ပတ်သက်သည့် အကြောင်းအရာ များကိုတင်ပေးမည်ဟု ၎င်းက ပြောသည်။

လင်းလင်း
လင်းလင်း

တော်လှန်ရေးရန်ပုံငွေရရှိရန်ရည်ရွယ်၍ ‘စမှတ်’ အမည်ဖြင့် ဇာတ်လမ်းတိုရုပ်ရှင် ကို ဇာတ်ညွှန်း ဒါရိုက်တာအနေဖြင့် ဖန်တီးထားကြောင်း အဆို‌တော် လင်းလင်းက ပြောသည်။

“ပေးချင်တဲ့စကားတွေ မက်ဆေ့ခ်ျတွေ ၊အကြောင်းအရာတွေ၊ ပြောချင်တာတွေ အားလုံးကို Short Film လေးနဲ့ ဒါ ပထမဆုံးတင်ပြဖြစ်တာ ။ အရင်တုန်းက ပြောတယ်၊ဆိုတယ်၊ရေးတယ်၊တီးတယ်ပေါ့ ။ အခုတော့ ရုပ်ရှင်ဇာတ်လမ်း တိုလေး အနေနဲ့ပေးဖြစ်တယ်ပေါ့။” ဟု ယင်းဇာတ်လမ်းတိုရုပ်ရှင် နှင့်ပတ်သက်၍ လင်းလင်းကသူ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် Live လွှင့်ပြောသည်။

ယင်းဇာတ်လမ်းတွင် ပါဝင်မည့်သရုပ်ဆောင်များကို ကြေညာခြင်းမရှိသေးဘဲ စမှတ် အမည်ဖြင့် ဖွင့်ထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ယင်းဇာတ်ကား နှင့်ပတ်သက်သည့် အကြောင်းအရာ များကိုတင်ပေးမည်ဟု ၎င်းက ပြောသည်။

အဆိုပါဇာတ်ကားကို လက်မှတ်ဝယ်ယူ၍ ကြည့်ရှုရမည်ဖြစ်ပြီး သြဂုတ် ၈ရက်တွင် ကြည့်ရှု့ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဇာတ်လမ်းအတွက် သီချင်းသစ်တစ်ပုဒ်ကိုလည်း ဖန်တီးထားပြီး ယင်းသီချင်းကိုလည်း အွန်လိုင်းပလက်ဖောင်းများမှ ရောင်းချပေးမည်ဟု လင်းလင်းက ပြောသည်။

“ဇာတ်ကားထဲမှာတော့ တစ်ဝက်တစ်ပြတ်လောက် အသုံးပြုထားတယ်။ သီချင်းအစအဆုံးကိုတော့ ထပ်ကြေညာပေးပါမယ်။ iTunes တို့ Spotify တို့ ကရောင်းပါမယ်။ တော်လှန်ရေးက ငွေလိုတယ်။ အဲဒီတော့ ရသလို ပြည်တွင်းပြည်ပမိသားစုတွေ ရတဲ့အားလေးနဲ့ ပါဝင်ပေးကြဖို့ အနူးအညွှတ်တောင်းဆိုပါတယ်” ဟု လင်းလင်းက ပြောသည်။

ယင်းဇာတ်ကားကို ဇာတ်ညွန်း ဒါရိုက်တာအပြင် ဂီတပိုင်းကိုလည်း ၎င်းကိုယ်တိုင် ဖန်တီးထား ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံ့အနာဂတ်အတွက် ရပ်တည်ချက်၊ရည်မှန်းချက် တူတဲ့အခါခေါင်းစဉ် တွေမတူတဲ့ ရပ်ဝန်း ကိုယ်စီက လူတွေဟာ တစ်သားထဲဖြစ်သွားကြတယ်။ အဲဒီစုပေါင်းအားနဲ့ ဒီ “စ” မှတ် ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပေါ်လာတယ်။” ဟု စမှတ် ဇာတ်ကားနှင့်ပတ်သက်၍ လင်းလင်းက ရေးသားထားသည်။

လင်းလင်းက တော်လှန်ရေးအတွက်ရန်ပုံငွေရရှိရန် သီချင်းများ‌ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို၍ ယူကျူ့ချန်နယ်များ၌ တင်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကိုမမေ့လျော့ကြဖို့အဓိကရည်ရွယ်တဲ့ Theatre 21 (ပြဇာတ် ၂၁)ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ရက်မှာ အမေရိကန်နိုင်ငံမေရီလန်းမှာ ပြုလုပ်မယ်လို့​​ကြေညာပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

Facebook