Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးရန်ပုံငွေရရှိရန်ရည်ရွယ်၍ ‘စမှတ်’အမည်ဖြင့် ဇာတ်လမ်းတိုရုပ်ရှင် ဖန်တီးထားကြောင်း လင်းလင်းပြော

ယင်းဇာတ်လမ်းတွင် ပါဝင်မည့်သရုပ်ဆောင်များကို ကြေညာခြင်းမရှိသေးဘဲ စမှတ် အမည်ဖြင့် ဖွင့်ထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ယင်းဇာတ်ကား နှင့်ပတ်သက်သည့် အကြောင်းအရာ များကိုတင်ပေးမည်ဟု ၎င်းက ပြောသည်။

လင်းလင်း
လင်းလင်း

တော်လှန်ရေးရန်ပုံငွေရရှိရန်ရည်ရွယ်၍ ‘စမှတ်’ အမည်ဖြင့် ဇာတ်လမ်းတိုရုပ်ရှင် ကို ဇာတ်ညွှန်း ဒါရိုက်တာအနေဖြင့် ဖန်တီးထားကြောင်း အဆို‌တော် လင်းလင်းက ပြောသည်။

“ပေးချင်တဲ့စကားတွေ မက်ဆေ့ခ်ျတွေ ၊အကြောင်းအရာတွေ၊ ပြောချင်တာတွေ အားလုံးကို Short Film လေးနဲ့ ဒါ ပထမဆုံးတင်ပြဖြစ်တာ ။ အရင်တုန်းက ပြောတယ်၊ဆိုတယ်၊ရေးတယ်၊တီးတယ်ပေါ့ ။ အခုတော့ ရုပ်ရှင်ဇာတ်လမ်း တိုလေး အနေနဲ့ပေးဖြစ်တယ်ပေါ့။” ဟု ယင်းဇာတ်လမ်းတိုရုပ်ရှင် နှင့်ပတ်သက်၍ လင်းလင်းကသူ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် Live လွှင့်ပြောသည်။

ယင်းဇာတ်လမ်းတွင် ပါဝင်မည့်သရုပ်ဆောင်များကို ကြေညာခြင်းမရှိသေးဘဲ စမှတ် အမည်ဖြင့် ဖွင့်ထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ယင်းဇာတ်ကား နှင့်ပတ်သက်သည့် အကြောင်းအရာ များကိုတင်ပေးမည်ဟု ၎င်းက ပြောသည်။

အဆိုပါဇာတ်ကားကို လက်မှတ်ဝယ်ယူ၍ ကြည့်ရှုရမည်ဖြစ်ပြီး သြဂုတ် ၈ရက်တွင် ကြည့်ရှု့ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဇာတ်လမ်းအတွက် သီချင်းသစ်တစ်ပုဒ်ကိုလည်း ဖန်တီးထားပြီး ယင်းသီချင်းကိုလည်း အွန်လိုင်းပလက်ဖောင်းများမှ ရောင်းချပေးမည်ဟု လင်းလင်းက ပြောသည်။

“ဇာတ်ကားထဲမှာတော့ တစ်ဝက်တစ်ပြတ်လောက် အသုံးပြုထားတယ်။ သီချင်းအစအဆုံးကိုတော့ ထပ်ကြေညာပေးပါမယ်။ iTunes တို့ Spotify တို့ ကရောင်းပါမယ်။ တော်လှန်ရေးက ငွေလိုတယ်။ အဲဒီတော့ ရသလို ပြည်တွင်းပြည်ပမိသားစုတွေ ရတဲ့အားလေးနဲ့ ပါဝင်ပေးကြဖို့ အနူးအညွှတ်တောင်းဆိုပါတယ်” ဟု လင်းလင်းက ပြောသည်။

ယင်းဇာတ်ကားကို ဇာတ်ညွန်း ဒါရိုက်တာအပြင် ဂီတပိုင်းကိုလည်း ၎င်းကိုယ်တိုင် ဖန်တီးထား ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံ့အနာဂတ်အတွက် ရပ်တည်ချက်၊ရည်မှန်းချက် တူတဲ့အခါခေါင်းစဉ် တွေမတူတဲ့ ရပ်ဝန်း ကိုယ်စီက လူတွေဟာ တစ်သားထဲဖြစ်သွားကြတယ်။ အဲဒီစုပေါင်းအားနဲ့ ဒီ “စ” မှတ် ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပေါ်လာတယ်။” ဟု စမှတ် ဇာတ်ကားနှင့်ပတ်သက်၍ လင်းလင်းက ရေးသားထားသည်။

လင်းလင်းက တော်လှန်ရေးအတွက်ရန်ပုံငွေရရှိရန် သီချင်းများ‌ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို၍ ယူကျူ့ချန်နယ်များ၌ တင်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်သို့ လေယာဉ်နှစ်ကြိမ်ပျံဝဲခဲ့ပြီး ဒေသခံများအားလုံး မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။