Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင် ကင်းလှည့်လာသည့် အကြမ်းဖက်စစ်အုပ်စု မိုင်းခွဲတိုက်ခိုက် ခံရပြီး သုံးဦးသေဟုဆို

ဇူလိုင် ၂၈ ရက်ညကလည်း အင်္ကုက္ကားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်အား နှစ်ကြိမ်တိုင် သွားရောက်တိုက်ခိုက်ရာ ပျူစောထီး နှစ်ဦးသေဆုံး ကြောင်း Guerrilla Warfare – KPK PDFအဖွဲ့က ထုတ်ပြန်ထားသည်။

တန့်ဆည်ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-TPC
တန့်ဆည်ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-TPC

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ယမန်နေ့ညက ကင်းလှည့်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်နှင့်ပျူစောထီးများအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၃၀ရက်) ည၈နာရီခန့်က တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာရှိ စစ်အုပ်စု ကင်းလှည့် လာစဉ် မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

စစ်အုပ်စုသည် အင်္ကုက္ကားရွာမှ အနောက်ဘက်အထွက် ကျွန်းပင်တန်းအနီးတွင် မိုင်းပွိုင့်ပေါ် တည့်တည့်ရောက်ရှိလာ၍ ပြည်သူ့တော်လှန်ရေးအဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားနှင့်ပျူ သုံးဦးသေဆုံးပြီး ဒဏ်ရာရသူ များလည်းရှိကြောင်း တန့်ဆည်(ပကဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး တန့်ဆည်(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြား ခြင်း မရှိသေးပေ။ထို့အပြင် ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၆ ရက် ည ၁၁နာရီခွဲခန့်ကလည်း အင်္ကုက္ကားရွာရှိ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့​ကြသည်။

ဇူလိုင် ၂၈ ရက်ညကလည်း အင်္ကုက္ကားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်အား နှစ်ကြိမ်တိုင် သွားရောက်တိုက်ခိုက်ရာ ပျူစောထီး နှစ်ဦးသေဆုံး ကြောင်း Guerrilla Warfare – KPK PDFအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။