Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်တစ်မြို့လုံး​ မိုးသည်းထန်စွာရွာပြီးစံချိန်တင်ရေကြီး​

မန္တလေးတိုင်းပြင်ဦးလွင်မြို့တွင် ယနေ့(ဇူလိုင် ၃၁ရက်) နံနက် ၂ နာရီခန့်မှ စ၍ နံနက် ၈ နာရီခန့်အထိ မိုးသည်းထန်စွာရွာခဲ့ပြီး ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသည်ဟု ဒေသခံများကပြောသည်။

ဓါတ်ပုံ-CJ
ဓါတ်ပုံ-CJ

■”ပြင်ဦးလွင်မှာမွေးပြီး ပြင်ဦးလွင်မှာကြီးတာ။ ခုလိုတစ်ခါမှမမြင်ဖူးဘူး။ တော်တော်ရေတက်တယ်။ တချို့​​နေရာတွေမှာအုတ်တံတိုင်းတောင်ပြိုကြတယ်” ဒေသခံတစ်ဦး

ပြင်ဦးလွင်မြို့တွင် ၆နာရီခန့်ကြာ မိုးသည်းထန်စွာရွာပြီးနောက် မြို့နေရာအများစုတွင် မကြုံစဖူးရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသည်။

မန္တလေးတိုင်းပြင်ဦးလွင်မြို့တွင် ယနေ့(ဇူလိုင် ၃၁ရက်) နံနက် ၂ နာရီခန့်မှ စ၍ နံနက် ၈ နာရီခန့်အထိ မိုးသည်းထန်စွာရွာခဲ့ပြီး ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသည်ဟု ဒေသခံများကပြောသည်။

မြို့​ပေါ်ရပ်ကွက်အများစု ရေဝင်နေပြီးပြင်ဦးလွင် အနီးစခန်းပတ်ဝန်းကျင်တွင် တောင်ကျရေ ပြင်းထန်စွာ ဆင်းနေသည်ဟု ဒေသခံများကပြောသည်။

“မိုးတွေမပြတ်ရွာနေလို့ နေရာအနှံ့ ရေကြီးနေတယ်။ အဖွဲ့တွေ မနက်၆နာရီကတည်းကရောက်လို့ကူညီနေတယ်။”ဟု ပြင်ဦးလွင်မြို့ရှိ သန္တိသုခလူမှုကူညီရေးအသင်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဓါတ်တော်ချိုင့်တွင်လည်း ရေများမကြံစဖူး ကျဆင်းလာနေပြီး အနီးစခန်းဘူတာအနီးတွင်လည်း ချောင်းရေများလျှံကာ ရေမြုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဓါတ်ပုံ-CJ
ဓါတ်ပုံ-CJ

“ပြင်ဦးလွင်မှာမွေးပြီး ပြင်ဦးလွင်မှာကြီးတာ။ ခုလိုတစ်ခါမှမမြင်ဖူးဘူး။ တော်တော်ရေတက်တယ်။ တချို့​​နေရာတွေမှာအုတ်တံတိုင်းတောင်ပြိုကြတယ်ကြားတယ်”ဟုဒေသခံတစ်ဦးက ပြောသည်။

ဒိုးကွင်ဥယျာဥ်ခြံတွင်လ​ည်း ရေတက်လာ၍မိသားစု၁၅ယောက်ပိတ်မိနေပြီး ကယ်ဆယ်ရန်ကြိုးစားနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ မိုး​လေဝသနှင့်ဇလ​ဗေဒညွန်ကြားမှုဦးစီးဌာနက ရေဘေးသတိပေးချက် ကြိုတင်ထုတ်ပြန်နိုင်​​​ခြင်းမရှိခဲ့ဘဲ လတ်တလောရာသီဥတုအခြေအနေကို လွဲမှားစွာ ခန့်မှန်းထုတ်ပြန်ထားသည်။ ဇူလိုင် (၃၀)ရက် ညမှ ဇူလိုင်(၃၁)ရက် နေ့လည်အတွင်း မန္တလေးတိုင်းတွင် နေရာကျဲကျဲသာ မိုးရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဌာနက ဇူလိုင် ၃၁ရက်အထိ မိုးလေဝသသတိပေးချက်တွင်ရေကြီးရေလျှံမှုဘေးဂရုပြုရန်သတိ​​ပေးထားသည်။

မိုးလေဝသဆိုင်ရာ ကွန်ပြူတာမော်ဒယ်တစ်ခုဖြစ်​သောECMWF တွင်သြဂုတ်လပထမလပါတ်အတွင်း ဘဂ်လားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံဒေသအများစု၌ မိုးရွာနိုင်သည်ဟု ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။