Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြင်ဦးလွင်တစ်မြို့လုံး​ မိုးသည်းထန်စွာရွာပြီးစံချိန်တင်ရေကြီး​

မန္တလေးတိုင်းပြင်ဦးလွင်မြို့တွင် ယနေ့(ဇူလိုင် ၃၁ရက်) နံနက် ၂ နာရီခန့်မှ စ၍ နံနက် ၈ နာရီခန့်အထိ မိုးသည်းထန်စွာရွာခဲ့ပြီး ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသည်ဟု ဒေသခံများကပြောသည်။

ဓါတ်ပုံ-CJ
ဓါတ်ပုံ-CJ

■”ပြင်ဦးလွင်မှာမွေးပြီး ပြင်ဦးလွင်မှာကြီးတာ။ ခုလိုတစ်ခါမှမမြင်ဖူးဘူး။ တော်တော်ရေတက်တယ်။ တချို့​​နေရာတွေမှာအုတ်တံတိုင်းတောင်ပြိုကြတယ်” ဒေသခံတစ်ဦး

ပြင်ဦးလွင်မြို့တွင် ၆နာရီခန့်ကြာ မိုးသည်းထန်စွာရွာပြီးနောက် မြို့နေရာအများစုတွင် မကြုံစဖူးရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသည်။

မန္တလေးတိုင်းပြင်ဦးလွင်မြို့တွင် ယနေ့(ဇူလိုင် ၃၁ရက်) နံနက် ၂ နာရီခန့်မှ စ၍ နံနက် ၈ နာရီခန့်အထိ မိုးသည်းထန်စွာရွာခဲ့ပြီး ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသည်ဟု ဒေသခံများကပြောသည်။

မြို့​ပေါ်ရပ်ကွက်အများစု ရေဝင်နေပြီးပြင်ဦးလွင် အနီးစခန်းပတ်ဝန်းကျင်တွင် တောင်ကျရေ ပြင်းထန်စွာ ဆင်းနေသည်ဟု ဒေသခံများကပြောသည်။

“မိုးတွေမပြတ်ရွာနေလို့ နေရာအနှံ့ ရေကြီးနေတယ်။ အဖွဲ့တွေ မနက်၆နာရီကတည်းကရောက်လို့ကူညီနေတယ်။”ဟု ပြင်ဦးလွင်မြို့ရှိ သန္တိသုခလူမှုကူညီရေးအသင်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဓါတ်တော်ချိုင့်တွင်လည်း ရေများမကြံစဖူး ကျဆင်းလာနေပြီး အနီးစခန်းဘူတာအနီးတွင်လည်း ချောင်းရေများလျှံကာ ရေမြုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဓါတ်ပုံ-CJ
ဓါတ်ပုံ-CJ

“ပြင်ဦးလွင်မှာမွေးပြီး ပြင်ဦးလွင်မှာကြီးတာ။ ခုလိုတစ်ခါမှမမြင်ဖူးဘူး။ တော်တော်ရေတက်တယ်။ တချို့​​နေရာတွေမှာအုတ်တံတိုင်းတောင်ပြိုကြတယ်ကြားတယ်”ဟုဒေသခံတစ်ဦးက ပြောသည်။

ဒိုးကွင်ဥယျာဥ်ခြံတွင်လ​ည်း ရေတက်လာ၍မိသားစု၁၅ယောက်ပိတ်မိနေပြီး ကယ်ဆယ်ရန်ကြိုးစားနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ မိုး​လေဝသနှင့်ဇလ​ဗေဒညွန်ကြားမှုဦးစီးဌာနက ရေဘေးသတိပေးချက် ကြိုတင်ထုတ်ပြန်နိုင်​​​ခြင်းမရှိခဲ့ဘဲ လတ်တလောရာသီဥတုအခြေအနေကို လွဲမှားစွာ ခန့်မှန်းထုတ်ပြန်ထားသည်။ ဇူလိုင် (၃၀)ရက် ညမှ ဇူလိုင်(၃၁)ရက် နေ့လည်အတွင်း မန္တလေးတိုင်းတွင် နေရာကျဲကျဲသာ မိုးရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဌာနက ဇူလိုင် ၃၁ရက်အထိ မိုးလေဝသသတိပေးချက်တွင်ရေကြီးရေလျှံမှုဘေးဂရုပြုရန်သတိ​​ပေးထားသည်။

မိုးလေဝသဆိုင်ရာ ကွန်ပြူတာမော်ဒယ်တစ်ခုဖြစ်​သောECMWF တွင်သြဂုတ်လပထမလပါတ်အတွင်း ဘဂ်လားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံဒေသအများစု၌ မိုးရွာနိုင်သည်ဟု ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

DSAကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများနေထိုင်သည့် အဆောင်အနီးသို့ လေးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးထားသည်။

သတင်း

လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မြို့ပေါ် ကန်တော်ကြီးလမ်းအထိ လာရောက်စိုက်ထူသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

ဆောင်းပါး

DSTA တက္ကသိုလ်အား တိုက်ခိုက်ခံရမည်စိုးရိမ်၍ အဆိုပါကျောင်းရှိ ဝန်ထမ်းမိသားစုအချို့မှာ ရွှေ့ပြောင်းနေထိုင်ကြကြောင်းလည်း ပြင်ဦးလွင်မြို့ခံများက ပြောသည်။

သတင်း

လူသိများတဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲကို မြို့ပြင် ပြည်ချစ်ဘုရားရှေ့ ကွင်းပြင်မှာ နိုဝင်ဘာလ ၂၄ ရက်ကနေ ၂၈ ရက်အထိ စည်စည်ကားကား ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။