Connect with us

Hi, what are you looking for?

သတင်း

ငါးဦးသေဆုံးသည်အထိ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ပခုက္ကူမြို့ အရှေ့ဘုန်းကံကျေးရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်နေ

‌”ရွာမှ တပ်စွဲထားတဲ့ စစ်ကြောင်းက ဒေသခံတွေကို ပြောတယ်။ သယ်နိုင်သလောက် သယ်သွားကြဖို့။ နောက်ထပ်ရောက်လာမယ့်စစ်ကြောင်းက မီးရှို့မရှို့အာမမခံဘူးလို့ပြောလို့ ဒေသခံတွေ ရွာကို စွန့်ခွာနေကြရတယ်”ဟု အထက်ပါ ပြည်သူ့ရဲဘော်က ပြောသည်။

ပခုက္ကူမြို့
ပခုက္ကူမြို့

▪️ဒေသခံများ ရွာကိုစွန့်ခွာထွက်ပြေး

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးသည်အထိ တိုက်ခိုက်ခံရပြီးနောက် မကွေးတိုင်း ပခုက္ကူမြို့ အရှေ့ဘုန်းကံကျေးရွာကို မီးရှို့မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်နေသောကြောင့် ဒေသခံများက ရွာကို စွန့်ခွာနေကြရသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

အရှေ့ဘုန်းကံရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ် ရေးမဟာမိတ်များက ဇူလိုင် ၂၈ရက်တွင် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီးနောက် စစ်ကြောင်းအချိန်းအပြောင်းပြုလုပ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

‌”ရွာမှ တပ်စွဲထားတဲ့ စစ်ကြောင်းက ဒေသခံတွေကို ပြောတယ်။ သယ်နိုင်သလောက် သယ်သွားကြဖို့။ နောက်ထပ်ရောက်လာမယ့်စစ်ကြောင်းက မီးရှို့မရှို့အာမမခံဘူးလို့ပြောလို့ ဒေသခံတွေ ရွာကို စွန့်ခွာနေကြရတယ်”ဟု အထက်ပါ ပြည်သူ့ရဲဘော်က ပြောသည်။

‌‌ကျေးရွာမှ ထွက်ခွာလာပြီး ပခုက္ကူမြို့ပေါ်တွင် တစ်လခန့်ကြာ အိမ်ငှားနေထိုင် ရန် စီစဥ်ထားသည်ဟု အရှေ့ဘုန်းကံရွာဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

‌‌”ကိုယ်နိုင်သလောက်လေးပဲ ယူလာခဲ့ရတယ်။ ရွာကို မီးရှို့ချင် ရှို့မယ်လို့ စစ်သားတွေက ပြောတယ်။ မနေရဲတော့လို့ ထွက်ခဲ့ရတာ”ဟု ၎င်းကပြောသည်။

‌‌အရှေ့ဘုန်းကံရွာဒေသခံများ မြို့ပေါ်သို့ လာရောက်တိမ်းရှောင်စဥ် အိမ်ငှားခများ စျေလျှော့ယူကြရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။

ဇူလိုင် ၂၈ရက်က တိုက်ခိုက်မှုကို Earthquake pdf၊ PKU N Pdf၊ Royal Defence Force PKU နှင့်King Cobra PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။