Connect with us

Hi, what are you looking for?

သတင်း

ကလေး – တမူးလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ဟု PDF ထုတ်ပြန်

မိုင်းထိမှန်သေဆုံးသည့် အလောင်းများနှင့် ဒဏ်ရာရသူများကို ၁၂ဘီးကားပေါ်တင်၍ ကလေးဘက်သို့ ပြန်လည်မောင်းနှင်သွားကြောင်း နှင့် ကျန် စစ်ကောင်စီတပ်များက တမူးဘက်သို့ဆက်လက် ဦးတည်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ကလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)
ကလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)

▪️ယနေ့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဟု ဖော်ပြ

စစ်ကိုင်းတိုင်း ကလေးမှ တမူးမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ကလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

စစ်ကား ၄စီး၊ ၁၂ဘီးကား တစ်စီးပါ ယာဉ်တန်းကို ယနေ့ (ဇူလိုင် ၃၀ရက်)နံနက် ၉နာရီခန့်တွင် (၅၆)မိုင်အနီးတွင် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ယာဉ်တန်းများရပ်တန့်ပြီး အနီးဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် ယာဉ်များ ဆက်လက်ထွက်ခွာရာ နာရီဝက်ခန့်အကြာတွင် ဒုတိယအကြိမ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကားသုံးစီး ထိမှန်လဲကျသွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

နေ့လည်ပိုင်းတွင် ကလေးဘက်မှ ကားကြီး နှစ်စီး ရောက်လာပြီး ၎င်းတို့ မိုင်းထိကားများကို ဆွဲယူခြင်း၊ အလောင်းကောက်ယူခြင်းများ ပြုလုပ်ခဲ့ရာ တတိယ အကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့၍စစ်ကောင်စီတပ်သား ငါးဦး ထပ်မံသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ကလေး PDFကဆိုသည်။

Public Service Announcement

Public Service Announcement

မိုင်းထိမှန်သေဆုံးသည့် အလောင်းများနှင့် ဒဏ်ရာရသူများကို ၁၂ဘီးကားပေါ်တင်၍ ကလေးဘက်သို့ ပြန်လည်မောင်းနှင်သွားကြောင်း နှင့် ကျန် စစ်ကောင်စီတပ်များက တမူးဘက်သို့ဆက်လက် ဦးတည်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်ခံရသည့်စစ်ကောင်စီတပ်သည် (၅၆)မိုင်နှင်းဆီခြံအနီးမှပြည်သူ ၃ဦး၊ နေကျော်လေး အနီးလမ်းဘေးစားသောက်ဆိုင်မှပြည်သူအချို့အားဖမ်းဆီးသွားကြောင်းဖော်ပြထားသည်။

လက်ရှိ စစ်ရေးအခြေအနေများအရ ကလေး – တမူးလမ်းကို ည ၉နာရီမှ နံနက် ၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံး၀မပြုရန် ကလေး PDFက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။