Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်း Bar4U မီးလောင်၊ အမျိုးသား ၂ ဦး သေဆုံး

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

(ဘားမီး​လောင်ပြီး​သေဆုံးသူရဲ့ရုပ်အ​လောင်းကို မီးသတ်တပ်ဖွဲ့ဝင်​တွေက သယ်ယူ​​ပေး​နေစဥ်။ဓါတ်ပုံ-Than Htike Aung )

စက်တင်ဘာ-၁၃၊၂၀၂၆။ ရောင်နီ၊သုည/People’s Spring

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

“စမ်းချောင်း ဝင်းဘီယာဆိုင်ဘေးက Bar4U ဆိုင်ကနေ ဝါယာ​ရှော့ဖြစ်ပြီး စလောင်တာပါ။ ချက်ချင်းကြီး အုန်းဆို ထပေါက်တာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းနဲ့ မီးထတောက်ပြီး လောင်တာပါ။ ဆိုင်ကိုလာတဲ့ လူတွေတော့ အပြင်ကို ထွက်ပြေးကြတာနဲ့ လွတ်ပါတယ်။ အပေါ်ထပ် ထပ်ခိုးပေါ်က ဝန်ထမ်း ၂ ယောက် သေတယ်လို့ ကြားပါတယ်” လို့ စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ​​ပြောပါတယ်။

စက်တင်ဘာ ၁၃ည ၈ နာရီကျော်မှာ စမ်းချောင်းလမ်းမှာရှိတဲ့ Bar4U ဆိုင်မှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး နာရီဝက်လောက် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

“မုန့်တွေမှာနေကြရင်းညှော်နံ့တွေရလို့ မီးတွေအကုန်ပိတ်ပြီးကြည့်လိုက်မှ အပေါ်က Slight မီးက အငွေ့တွေထွက်နေရင်းနဲ့ မီးထလောင်လာတာပါ”လို့ ဒီဖြစ်စဉ်ကိုကြုံခဲ့ရသူကပြောပါတယ်။

မီးလောင်မှုမှာ ဓါတ်​​ငွေ့အိုးပေါက်ကွဲတာတွေရှိခဲ့ပြီး ဘေးဆိုင်တွေကိုလည်း ကူးစက်တာတွေရှိတယ်လို့ ဒေသခံတစ်ဦးက​ပြောပါတယ်။မီးလောင်ချိန် ဆိုင်အပေါ်ထပ်မှာ လူတွေကျန်သေးကြောင်း ပြောနေတာကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်တွေမှာတွေ့ရပါတယ်။

“Bar4U ရဲ့ အပေါ်ထပ် ထပ်ခိုးပေါ်မှာ အမျိုးသား ၂ ဦး သေဆုံးတာ တွေ့ခဲ့ပါတယ်။ ဆိုင်ခန်းက ကျဥ်းတော့ မီးခိုးမွှန်ပြီး သေတယ်လို့ ထင်ပါတယ်။ Dead Body ကို အပေါ်ထပ်ကနေ လှေကားနဲ့ချပြီးရန်ကုန်ဆေးရုံကို ပို့လိုက်ပါပြီ” လို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ​ပြောပါတယ်။

ည ၈ နာရီ ၂၄ မိနစ်မှာ မီးစလောင်သဖြင့် Level 1 ယာဉ်အုပ်စု သွားရောက်ငြှိမ်းသတ်ရာ ၈ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့မီးသတ်တပ်ဖွဲ့ကဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ဆီဘောက်ဆာကားနဲ့ ကွန်တိန်နာကား တိုက်မိရာက မီးလောင်မှုဖြစ်ခဲ့ပြီး လမ်းဘေးက ဘုန်းကြီးကျောင်းကို မီးကူးခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းတွေက ပြောပါတယ်။