Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်တောင်ပိုင်း မွတ်ဆလင် ဒေသမှာ ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ - AFP

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

၁၉၉၀ ပြည့်လွန် နှောင်းပိုင်းနှစ်တွေမှာ စတင်ခဲ့ပြီး ပျက်ပြယ်လိုက်၊ ပြန်စလိုက် ဖြစ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေရဲ့ အပြီးသတ် ရလဒ်အဖြစ် ဖိလစ်ပိုင် တောင်ဖက်စွန်းက မွတ်ဆလင် အများစု နေထိုင်ရာ မင်ဒါနာအို ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ရွေးကောက်ပွဲ ကျင်းပခွင့်တွေ ရရှိလာခဲ့ပါတယ်။

ဖိလစ်ပိုင် အစိုးရဟာ မွတ်ဆလင် မင်ဒါနာဒိုရဲ့ ဘန်ဆာမိုရို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ (BARMM)ကို နိုင်ငံတောင်ဖက်စွန်းမှာ အသိအမှတ်ပြု ဖွဲ့စည်းပေးခဲ့ပြီး ပထမဆုံး ဒေသတွင်း ရွေးကောက်ပွဲကို စက်တင်ဘာ ၁၄ ရက်နေ့မှာ ကျင်းပပေးဖို့ စီစဉ်ထားပါတယ်။

ဒေသရဲ့ ပထမဆုံး ရွေးကောက်ခံ လွှတ်တော် အမတ်တွေကို တင်မြှောက်ပေးမယ့် ရွေးကောက်ပွဲ မတိုင်ခင် နာရီပိုင်းအလို စက်တင်ဘာ ၁၃ ရက်နေ့ညမှာ ဒေသခံ ပြိုင်ဘက် နိုင်ငံရေး အင်အားစုတွေကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဂျီဘင် ဘွန်ကာရောင်က BARMMမှာရှိတဲ့ ပြိုင်ဘက် မွတ်ဆလင် နိုင်ငံရေး အင်အားစုတွေဟာ ရွေးကောက်ပွဲမှာ ပထမဆုံး မဲပေးခွင့်အတွက် တန်းစီဖို့ နေရာလုရင်း အချင်းများ ရန်ဖြစ်ရာက သေနတ်တွေနဲ့ ပစ်ကုန်ကြတာလို့ ရှင်းပြခဲ့ပါတယ်။

မဲရုံတစ်ခုအဖြစ် ပြောင်းလဲ အသုံးပြုထားတဲ့ စာသင်ကျောင်းနားမှာ နှစ်ဖွဲ့ တန်းစီရင်း နေရာလုရာက ပြဿနာ စခဲ့တာလို့ သူက ဆိုပါတယ်။ ပထမတော့ စကားများကြကြောင်း၊ နောက်တော့ လက်သီးထိုးပွဲတွေ ဖြစ်လာပြီး လူတွေများပြားနေတဲ့ နေရာမှာ ပစ်ခတ်မှုတွေပါ ရှိလာကြောင်းလည်း ဘွန်ကာရောင်က ပြောပါတယ်။

ပြဿနာ တက်ကြတဲ့ အစုအဖွဲ့တွေဟာ ဒေသတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့အတွက် ဆယ်စုနှစ်တွေနဲ့ချီ ကြိုးစားရင်း အချင်းချင်းလည်း ပြိုင်ဆိုင်နေခဲ့တဲ့ နိုင်ငံရေး အင်အားစုတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်မှာ ကက်သလစ် ခရစ်ယာန် ဘာသာဝင် အများစု နေထိုင်ပေမယ့် နိုင်ငံတောင်ဖက်စွန်း ဒေသတွေမှာတော့ မွတ်ဆလင်ဦးရေက ထူထပ်ပါတယ်။ မိုရို အစ္စလာမ်မစ် လွတ်မြောက်ရေးတပ်ဦးက ဦးဆောင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေကြောင့် နိုင်ငံရေး အခြေပြု အကြမ်းဖက်မှုတွေရော၊ ပြိုင်ဘက်တွေကြားက သွေးထွက်သံယို အားပြိုင်မှုတွေပါ ထူပြောခဲ့တဲ့ ဒေသမှာ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပနိုင်ခြင်းဟာ အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဖိလစ်ပိုင် အစိုးရဟာ BARMM ဒေသထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း လုံခြုံရေး အစီအမံတွေကို တိုးမြှင့်ထားသလို အထူးသဖြင့် မဲရုံတွေ တဝိုက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား ၂၀၀၀၀ ကျော်ထိ ဖြန့်ကျက်ပြီး ကြုံတွေ့လာနိုင်သမျှ ပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။