သတင်း စက်သုံးဆီ တန်းစီဝယ်ယူခြင်းမပြုဖို့ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေ ကြေညာ စက်သုံးဆီဝယ်ယူမှုအတွက် စစ်ကောင်စီက အမိန့်တွေ တစ်မျိုးပြီးတစ်မျိုးထုတ်ပြန်နေပြီး စစ်တပ်ခန့်ထားတဲ့အုပ်ချုပ်ရေးမှုးတွေက ဆီတန်းစီဝယ်ယူတာတွေမလုပ်ဖို့ ကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooမတ် 24, 2026
သတင်း ဝက်လက်အရှေ့ခြမ်းတိုက်ပွဲ စစ်သား၂၀ ကျော် သေဆုံး စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းu မင်းကုန်းရွာအနီးမှာ ဒီနေ့မတ်လ၂၃ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အနည်းဆုံး၂၀ကျော် သေဆုံးကာ အလောင်းနဲ့ လက်နက်တွေရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ် ရဲဘော်တွေက ပြောပါတယ်။ ludunwayooမတ် 24, 2026
သတင်း ကသာမြို့ကို စစ်တပ်က ပိတ်ဆို့ပြီး လေကြောင်းတိုက်ခိုက်၊ ပြည်သူတွေ ပိတ်မိနေ စစ်ကိုင်းတိုင်း၊ ကသာမြို့ကို စစ်တပ်က ပိတ်ဆို့ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ ဒေသခံပြည်သူတွေ ပိတ်မိနေတယ်လို့ သတင်းရရှိပါတယ်။ ludunwayooမတ် 24, 2026
သတင်း မြောင်မြို့နယ်၊သောင်ကြီးရွာကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၅ ဦးသေ ၊၁၀ ဦးခန့် ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူတွေထိခိုက်မှုရှိပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooမတ် 24, 2026
သတင်း ချင်းကာကွယ်ရေးတပ် PDA ရဲ့စခန်းကိုစစ်တပ်လက်အောက်ခံ ZRA တပ် ဝင်စီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ People Defense Army (PDA)ရဲ့ တပ်စခန်းကို စစ်ကောင်စီတပ် လက်အောက်ခံ ဇိုမီးတပ်(ZRA)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်တွေ သိမ်းရသွားတယ်လို့ ချင်းဒေသ သတင်းရင်းမြစ်တွေက အသိပေးပါတယ်။ ludunwayooမတ် 24, 2026
သတင်း မြန်မာဖက်ကို မှောင်ခိုတင်ပို့မယ့် ဒီဇယ်လီတာနှစ်သောင်းကို ထိုင်းသိမ်းဆည်း မြန်မာနိုင်ငံဖက်ခြမ်းကိုတရားမဝင်တင်ပို့မယ့် ဒီဇယ် လီတာပေါင်း နှစ်သောင်းလောက်ကို သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ludunwayooမတ် 24, 2026
သတင်း ကန်နီရွာက ပျူစောထီးတွေကို PDF တပ်ရင်းနဲ့အညာမြေတပ်ပေါင်းစု တိုက်ခိုက် မကွေးတိုင်း၊ မြိုင်မြို့နယ်က ကန်နီကျေးရွာက ကင်းပတ်နေတဲ့ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ရာ သုံးဦး သေဆုံးကြောင်း အညာမြေတပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။ ludunwayooမတ် 24, 2026
သတင်း ဖာပွန်က စစ်တပ်ရဲ့ ကော်သွေးကျိုးစခန်းကို KNU သိမ်းယူ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်ရဲ့ကော်သွေးကျိုးစခန်းကို KNU နဲ့ ပူးပေါင်းတပ်က မတ်လ ၁၇ ရက်မှာ တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အထိအခိုက်အကျအဆုံးများပြီး စခန်းကိုစွန့်ခွာသွားကြတယ်လို့ Rebel Bees-UAV Force က ဒီနေ့ (မတ်လ ၂၃ ရက်)မှာသတင်းထုတ်ပြန်ပါတယ်။ ludunwayooမတ် 24, 2026
သတင်း ဇီးကုန်းမြို့နယ်တိုက်ပွဲစစ်သား၈ဦးသေ၊ လက်နက်အချို့သိမ်းရဟုဗျူဟာ၂၂ ထုတ်ပြန် ပဲခူးတိုင်းအနောက်ခြမ်း၊ဇီးကုန်းမြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်နဲ့ စအာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၈ ဦးသေဆုံးကာ လက်နက်အချို့ သိမ်းရခဲ့ကြောင်း PDF ဗျူဟာ ၂၂ က သတင်းထုတ်ပြန်ပါတယ်။ ludunwayooမတ် 24, 2026
သတင်း စစ်တပ်ကစက်သုံးဆီခွဲတမ်းပုံစံသစ် ထပ်မံသတ်မှတ်ပြန် ၊နှစ်ပတ်ကျော်အတွင်းလေးကြိမ်ပြောင်း စစ်တပ်က စက်သုံးဆီခွဲတမ်းပုံစံသစ်ကို ဒီကနေ့(မတ်လ ၂၂ ရက်)မှာ ထပ်မံထုတ်ပြန်လာပါတယ်။ ludunwayooမတ် 23, 2026