Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်၊​​သောင်ကြီးရွာကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၅ ဦးသေ ၊၁၀ ဦးခန့် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူတွေထိခိုက်မှုရှိပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့်မီးလောင်ပျက်စီးခဲ့သောနေအိမ်​တွေနဲ့​သေဆုံးသူ​တွေရဲ့ရုပ်အ​လောင်း​တွေကို​စောင်နဲ့အုပ်ထားစဥ်။ ။ဓာတ်ပုံ-မြောင်မြို့နယ်T. G. R.သတင်းမှန် ပြန်ကြားရေးအဖွဲ့

မတ်လ-၂၃၊၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူတွေထိခိုက်မှုရှိပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၃ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာမြောင်မြို့နယ်၊ သောင်ကြီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲခဲ့လို့ နေအိမ်တွေ မီးလောင်ပျက်စီးကာ ပြည်သူ ၅ ဦး သေဆုံးကြောင်း မြောင်မြို့နယ် T. G. R. သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“လောလောဆယ်တွေ့ရှိတာကပြည်သူအလောင်း၄လောင်း၊ဆေးခန်းရောက်မှသေတာက၁ယောက်။စုစုပေါင်း သေဆုံးသူ ၅ယောက်ရှိပါပြီ”လို့ အထက်ပါ ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွာအတွင်းကြဲချသွားတာဖြစ်ပြီး နောက်ထက်လည်းမီးအရှိန်ကြောင့် မကောက်နိုင်သေးတာတွေလည်းရှိ‌ နေနိုင်သေးကာ ပြည်သူ ၁၀ဦးခန့်လည်း ဒဏ်ရာရခဲ့ကြောင်း ကိုနွေဦး(မြောင်)က ပြောပါတယ်။

ဒါ့အပြင်နွား၆ကောင်ထက်မနည်းသေဆုံးပြီးအိမ်ခြေ၁၅အိမ်ကျော်လည်းမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စက်သုံးဆီတွေ ရှားပါးနေတဲ့ကြားကနေ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိနေပါတယ်။

စစ်တပ်လွှတ်​တော်လုပ်​နေ​ပေမယ့်​ စစ်တပ်ကနိုင်ငံတစ်ဝန်း ဗုံးပတ်ကြဲ​နေတဲ့အတွက် သေဆုံး ဒဏ်ရာရတဲ့ ပြည်သူ​တွေကဆက်တိုက်တိုး​နေတာဖြစ်ပါတယ်။ မတ်လ ၂၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ကသာမြို့က မဟာ​လေးထပ်​ဘုန်းကြီး​ကျောင်းကိုဘုန်းကြဲလို့ ရဟန်း​တော်​တွေ ၊စစ်​ဘေး​ရှောင်က​လေးငယ်နဲ့အမျိုးသမီး​တွေအပါအဝင် ပြည်သူ၈၀ ခန့်​သေဆုံးခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook