Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်ကို မှောင်ခိုတင်ပို့မယ့် ဒီဇယ်လီတာနှစ်သောင်းကို ထိုင်းသိမ်းဆည်း

မြန်မာနိုင်ငံဖက်ခြမ်းကိုတရားမဝင်တင်ပို့မယ့် ဒီဇယ် လီတာပေါင်း နှစ်သောင်းလောက်ကို သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနယ်စပ်ကို ​မှောင်ခိုမပို့ခင် ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေကစက်သုံးဆီ​တွေကိုဖမ်းဆီးခဲ့ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ- Thai PBS

မတ်-၂၃၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံဖက်ခြမ်းကိုတရားမဝင်တင်ပို့မယ့် ဒီဇယ် လီတာပေါင်း နှစ်သောင်းလောက်ကို သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မတ်လ ၂၂ ရက်နေ့တုန်းက တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်မှာထိုင်းစစ်တပ်၊ရဲ နဲ့ အကောက်ခွန် အရာရှိတွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့က ထရပ်ကားတစ်စီးကို စစ်ဆေးတဲ့အခါတိုင်ကီတွေထဲမှာ ထည့်ထားတဲ့ အဲဒီလောင်စာဆီတွေကိုတွေ့ရှိခဲ့တာလို့ ပြောပါတယ်။

မြန်မာနိုင်ငံဖက်ခြမ်း၊ ကရင်ပြည်နယ်ရဲ့ မြဝတီမြို့နယ်ထဲ ထရပ်ကား တစ်စီးနဲ့ လောင်စာဆီတွေ မှောင်ခိုတင်ပို့မယ်လို့ ယုံကြည်ရတဲ့သတင်းပေး တိုင်တန်းချက်အရ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရာက ဒီဇယ်ဆီတွေ သိမ်းဆည်း ရမိခဲ့တာလို့ ထိုင်းအရာရှိတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီထရပ်ကားဟာနှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့ သောင်ရင်းမြစ်နားမှာ ရပ်တန့်ထားပြီး နောက်တွဲထဲမှာ လောင်စာဆီတွေကို သယ်ဆောင်လာတာ ဖြစ်ပါတယ်။ ယာဉ်မောင်းနဲ့ မြန်မာနိုင်ငံသား တစ်ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပြီး သူတို့တွေက အဲဒီစက်သုံးဆီတွေကို တရားဝင် ခွင့်ပြုချက် မရှိဘဲ နယ်စပ်ဖြတ်ကျော် သယ်ယူဖို့ စီစဉ်ထားကြောင်း ထွက်ဆိုခဲ့ပါတယ်။

စုံစမ်းရေး အရာရှိတွေဟာ လောင်စာဆီတွေကို သိုလှောင်ထားခဲ့တယ်လို့ ယုံကြည်ရတဲ့ ကုန်
လှောင်ရုံ တစ်ခုကိုလည်း ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။

အီရန် စစ်ပွဲကြောင့် ထိုင်းနိုင်ငံမှာ လောင်စာဆီ အကျပ်အတည်းတွေ ရင်ဆိုင်နေရပြီး မူလကတော့ အဲဒီ ထရပ်ကားကို မြင်ချိန်မှာ ဒေသခံတွေက ဆီလာပို့တယ်လို့ ယူဆပြီးပျော်ရွှင်နေခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီထရပ်ကားဟာ ဘယ်ဆီဆိုင်မှာမှမရပ်ဘဲ နယ်စပ်ဖက်ကို ဦးတည် မောင်းနှင်သွားတဲ့နောက် အာဏာပိုင်တွေဆီ သတင်းပေး တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ထရပ်ကားကို ရှာတွေ့တဲ့ နေရာနားမှာ လောင်စာဆီ အရောင်းဌာန တစ်ခုမှ ရှိမနေခဲ့ပါဘူး။

တက်ခ်ပြည်နယ်ထဲမှာတော့နယ်စပ်ခရိုင် ၅ခုလောက်ဟာ စက်သုံးဆီ ပြတ်လပ်မှု ပြဿနာနဲ့ ရုန်းကန်နေရပြီး မဲဆောက်က အခြေအနေ အဆိုးဆုံး ဒေသတစ်ခု ဖြစ်နေပါတယ်။ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေမှာလည်း အလားတူ ဆီပြတ်တဲ့ ပြဿနာတွေ ကြုံနေတဲ့အတွက် နယ်စပ်ဒေသတွေမှာဆီမှောင်ခိုသမားတွေပိုမို လှုပ်ရှားလာနေကြောင်းလည်း ထိုင်းအာဏာပိုင်တွေက ပြောကြားထားပါတယ်။

ကိုးကား-Thai PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီးကန့်သတ်တဲ့ လွှတ်တော် အမတ်တွေဟာ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် အတောအတွင်း အီရန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရလို့ ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲမှာ ဒုတိယအကြိမ် လေယာဉ်ပစ်ချခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။