Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်ကုန်ပိုင်းမှာ ကင်မ်ဂျုံအွန်းနဲ့ တွေ့ဖြစ်လောက်တယ်လို့ ထရမ့်ဆို၊ ကင့်မ်ဆီမှာ နျူလက်နက် ၅၇ ခုရှိတယ်လို့လည်းပြော

အခုနှစ်ကုန်ပိုင်းလောက်ကျရင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖြစ်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အခုနှစ်ကုန်ပိုင်းလောက်ကျရင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖြစ်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေး ဆွေးနွေးမှုတွေအတွက် သူ့ရဲ့ သမ္မတသက်တမ်း ပထမအကြိမ်တုန်းက ကင်မ်နဲ့ သုံးကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။ မနှစ်က အိမ်ဖြူတော်ဆီ ဒုတိယအကြိမ် ရောက်လာပြီး နောက်ပိုင်းမှာတော့ ကင်မ်နဲ့ ထရမ့်တို့ လူချင်းမတွေ့ဖြစ်သေးပါဘူး။

အခု သီတင်းပတ်ထဲမှာတော့ ထရမ့်က သူနဲ့ကင်မ်နဲ့ကြားမှာ အထူးကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိနေကြောင်း ပြောဆိုခဲ့သလို နှစ်ဦးကြား ဆက်သွယ်မှုတွေ ရှိနေသေးတယ်ဆိုတဲ့ သဘောမျိုး အရိပ်အမြွက် မှတ်ချက်ပေးခဲ့ပါတယ်။

ဩဂုတ် ၁၉ ရက်နေ့မှာတော့ အိမ်ဖြူတော်မှာ ထရမ့်က ကင်မ်၊ မြောက်ကိုရီးယားတို့နဲ့ ပတ်သက်လို့ သူရဲ့ သဘောထားတွေကို ပိုပြီး စုံစုံလင်လင် ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက ကင်မ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ထားရှိဖို့က အရေးကြီးတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး မြောက်ကိုရီးယားမှာ အင်မတန် အားကောင်းတဲ့ နျူကလီးယားလက်နက် ၅၇ ခုထိ ပိုင်ဆိုင်နေပြီလို့လည်း ဆိုပါတယ်။ သတင်းထောက် တစ်ခုက အခုနှစ်ကုန်ပိုင်းလောက်မှာ ကင်မ်နဲ့ တွေ့ဆုံဖြစ်မလားလို့ မေးမြန်းတဲ့အခါ ထရမ့်က ဟုတ်မှန်ကြောင်း ပြန်ဖြေခဲ့ပါတယ်။

အီရန်မှာ နျူကလီးယား လက်နက် မပိုင်ဆိုင်စေဖို့ဆိုတဲ့ ကြွေးကြော်မှုနဲ့ အီရန်ကို စစ်တိုက်ခဲ့တဲ့ ထရမ့်က မြောက်ကိုရီးယား နျူကလီးယားလက်နက် ကိစ္စမှာတော့ တိုက်ရိုက် ဝေဖန်တာမျိုးလုပ်ဖို့ ရှောင်လွှဲသွားပါတယ်။

အခုဆိုရင် ကင်မ်ဆီမှာ အရမ်းအားကောင်းတဲ့ နျူကလီးယားလက်နက် ၅၇ ခု ရှိနေကြောင်း၊ ဒီအခြေအနေက တကယ်ဆိုရင် ဖြစ်မလာခဲ့သင့်ကြောင်း၊ သူသာ စောစောစီးစီး အမေရိကန် သမ္မတ ဖြစ်ခဲ့ရင် ဒါမျိုး အဖြစ်ခံမှာ မဟုတ်ကြောင်း ထရမ့်က ဆိုပါတယ်။ ဒါပေမဲ့ အခုတော့ ကင်မ်က အဲဒီ လက်နက်တွေကို ပိုင်ဆိုင်နေပြီဖြစ်ပြီး သူကလည်း ကင်မ်နဲ့ အဆင်ပြေကြောင်း၊ အီရန်ကိုတော့ သူ့အနေနဲ့ ဘယ်လိုမှ နျူကလီးယား ပိုင်ဆိုင်ဖို့ ခွင့်မပြုနိုင်ကြောင်း၊ တစ်ဖက်မှာ ကင်မ်ကို သူက ကောင်းကောင်း နားလည်ထားပြီး ကင်မ်ကတော့ အဆင်ပြေမယ်ဆိုတာ သိနေကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး အန်ဂျူဘဲ့ကတော့ မြောက်ကိုရီးယားဆီမှာရှိတဲ့ နျူကလီးယား လက်နက် အရေအတွက်ဟာ ထရမ့်ခန့်မှန်းတာထက် များနိုင်ကြောင်း ဩဂုတ် ၁၉ ရက်နေ့က သီးခြား မှတ်ချက်ပေးခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက် ၈၀ ကနေ ၁၂၀ ကြားရှိမယ်လို့ ယေဘုယျ ယူဆထားကြောင်း သူက ပြောပေမယ့် အသေးစိတ် ရှင်းပြဖို့ကိုတော့ ငြင်းဆိုသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို ကူညီပေးတဲ့ နိုင်ငံမှန်သမျှကို အမေရိကန်က အကြီးအကျယ် ဒဏ်ခတ်ပစ်မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးခဲ့တဲ့နောက် တောင်ကိုရီးယား-အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို အတိုင်းအတာ ပမာဏ အရရော၊ အချိန်ကြာမြင့်မှု အရပါ လျှော့ချပစ်ခဲ့ရပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဥက္ကဋ္ဌနဲ့ အမှုစစ်အရာရှိ တစ်ဦးကို အမေရိကန်က ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းလုပ်ဆောင်တဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယား အစိုးရ မီဒီယာက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။