Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့လက်နက်ကြီးကြောင့် DKBA တပ်ဖွဲ့ဝင်အချို့ သေဆုံး

ကရင်ပြည်နယ်၊မြ၀တီမြို့ရဲ့တောင်ဘက်မှာအာဏာသိမ်းစစ်တပ်ရဲ့လက် နက်ကြီးပစ်ခတ်မှုကြောင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်( DK BA)တပ်ဖွဲ့ဝင်တွေအချို့ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းကရင်သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

DKBA တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရပုံ (ပုံဟောင်း) ဓာတ်ပုံ - DKBA

သြဂုတ် -၂၀ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊မြ၀တီမြို့ရဲ့တောင်ဘက်မှာအာဏာသိမ်းစစ်တပ်ရဲ့လက် နက်ကြီးပစ်ခတ်မှုကြောင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်( DK BA)တပ်ဖွဲ့ဝင်တွေအချို့ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းကရင်သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းဩဂုတ်လ၁၇ ရက်ညနေပိုင်း ၅ နာရီကျော်အချိန်မှာ စစ်တပ်က မြ၀တီမြို့တောင်ဘက်ခြမ်းဖလူးလေးရွာဝန်းကျင်တ၀ိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာDKBA စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်ရဲ့စခန်းဝန်းထဲကျရောက်ပေါက်ကွဲခဲ့တာပါ။

စောဆန်းအောင်ရဲ့စခန်းဟာဖလူးလေးရွာအနီးကျွန်းတောမှာတည်ရှိတာပါ။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် DKBA တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးသွားခဲ့ပြီး တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေအပါအဝင် ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က အသိ ပေးပါတယ်။

DKBA တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး DKBA ဘက်က ဒီနေ့ (သြဂုတ်လ ၂၀ရက်)အထိ တစုံတရာထုတ်ပြန်ပြောဆိုတာမတွေ့ရပါဘူး။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ အာဏာသိမ်းစစ်တပ်ဘက်ကလည်း ထုတ်ပြန်ထားတာမရှိသေးပေမယ့် မြဝတီမြို့ ၊မင်းလက်ပံရွာအနီးမှာ ကျားဖြန့်ဝင်းတစ်ခုကို ဖမ်းဆီးရမိတယ်လို့ သြဂုတ်လ ၁၈ ရက်မှာ သတင်းဖော်ပြတာရှိပါတယ်။

အာဏာသိမ်းစစ်တပ်က သတင်းဖော်ပြတဲ့ ကျားဖြန့်ဝင်းဟာ ဒေသအခေါ် အမှိုက်ပုံကျားဖြန့်ဝင်းဖြစ်ကာ ဖလူးလေးရွာ၊ ကျွန်းတောအနီးဝန်းကျင်မှာ တည်ရှိတာလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်နဲ့ DKBA တို့ ပြီးခဲ့တဲ့ဇူလိုင် ၉ ရက်ကနေပြည်တော်မှာနှစ်ဖက်တွေ့ဆုံမှုအပြီး DKBA ထိန်းချုပ်နယ်မြေဒေသဖြစ်တဲ့ကျောက်ခက်အပါအဝင်ဘုရားသုံးဆူမြို့တွေမှာအွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)ကို တိုက်ဖျက်သွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့နောက် DKBA ထိန်းချုပ်တဲ့ ဖလူးလေးရွာအနီးက ကျားဖြန့်ဝင်းတွေကို စစ်တပ်က ဝင်ရောက်စီးနင်းတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်လာခဲ့တာပါ။

အမေရိကန်အစိုးရကတော့အမေရိကန်နိုင်ငံသားတွေကိုပစ်မှတ်ထားတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း ( ကျားဖြန့်) မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး DKBA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်လေးဦးကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊နိုဝင်ဘာလ ၁၂ ရက် မှာဒဏ်ခတ်ပိတ်ဆို့အရေးယူ တယ်ဆိုတာကို ကြေညာခဲ့ပါတယ်။

အမေရိကန်ရဲ့ပိတ်ဆို့အရေးယူခံရသူတွေကတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ရေးချုပ် ဗိုလ်မှုးကြီး စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်နဲ့ ဗိုလ်မှုးချုပ် စိုင်းကျော်လှ တို့ဖြစ်ပါတယ်။

DKBA တပ်ဖွဲ့ထဲမှာ ကျားဖြန့် လုပ်ကိုင်နေသူတွေ ရှိသလို မပတ်သက်တဲ့ သူတွေလည်းရှိနေတယ်လို့ DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ်စောစိန်ဝင်းက People’s Spring ကိုဖြေကြားဖူးပါတယ်။

DKBA ဟာ အာဏာသိမ်းစစ်တပ်နဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံဆွေးနွေးမှုတွေရှိတဲ့အဖွဲ့ဖြစ်သလို စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံတယ်ဆိုတာကို ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အထိုင်စခန်းချခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာမှာ ဒီ နေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်းက စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး အချို့မှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ ဇူလိုင်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးသူ ၃၁၅ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကျေးရွာ ၇ ရွာကျော်က နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးပြီး ယာဥ်တွေအပါအဝင် တန်ဖိုးကြီးပစ္ည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။