Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်က စစ်တပ်ရဲ့ ကော်သွေးကျိုးစခန်းကို KNU သိမ်းယူ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်ရဲ့ကော်သွေးကျိုးစခန်းကို KNU နဲ့ ပူးပေါင်းတပ်က မတ်လ ၁၇ ရက်မှာ တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အထိအခိုက်အကျအဆုံးများပြီး စခန်းကိုစွန့်ခွာသွားကြတယ်လို့ Rebel Bees-UAV Force က ဒီနေ့ (မတ်လ ၂၃ ရက်)မှာသတင်းထုတ်ပြန်ပါတယ်။

မတ် – ၂၃ ၊၂၀၂၆ ၊ နိုင်ပကောင်း /People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်ရဲ့ကော်သွေးကျိုးစခန်းကို KNU နဲ့ ပူးပေါင်းတပ်က မတ်လ ၁၇ ရက်မှာ တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အထိအခိုက်အကျအဆုံးများပြီး စခန်းကိုစွန့်ခွာသွားကြတယ်လို့ Rebel Bees-UAV Force က ဒီနေ့ (မတ်လ ၂၃ ရက်)မှာသတင်းထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင်၊ လူသောမြို့နယ်က KNU တပ်မဟာ(၅)နဲ့ တပ်မဟာ(၃) အစပ်အနီး တပ်စွဲထားတဲ့ ကော်သွေးကျိုး စစ်ကောင်စီတပ်စခန်းကို KNU စစ်ရေးဦးဆောင်မှုနဲ့ Rebel Bees-UAV Force ဒရုန်းတပ်ဖွဲ့ဝင်အပါအဝင် ပူးပေါင်းတပ်တွေက မတ်လ ၁၇ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်မှာ အပြီးသတ် ဝင်ရောက်တိုက်ခိုက်သိမ်းလိုက်တာပါ။

တိုက်ခိုက်မှုအတွင်း စခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အကျအဆုံးများစွာနဲ့ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ Rebel Bees-UAV Force က သတင်းထုတ်ပြန်ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲအတွင်း စိန်ပြောင်း ၊ ဒရုန်းဖျက်စက်တွေအပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရမိတာကိုလည်း သတင်းထုတ်ပြန်ချက် မှာ အသိပေးထားပါတယ်။

ကော်သွေးကျိုးစခန်းကို မသိမ်းခင် ရက်ပိုင်းအလို မတ်လ ၁၄ ရက်ကလူသောမြို့နယ်ထဲက ကဘောတူစခန်းကိုလည်း KNU ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့သတင်းထွက်နေပါတယ်။

ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေအတွင်းက စစ်တပ်ရဲ့ ကော်သွေးကျိုးစခန်းနဲ့ ကဘောတူတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KNU တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုကို မနေ့ ( မတ်လ ၂၂ ရက်) က ဆက်သွယ်မေးမြန်းထားရာ စခန်းသိမ်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ မသိရသေးကြောင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook