Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အရှေ့ခြမ်းတိုက်ပွဲ စစ်သား၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းu မင်းကုန်းရွာအနီးမှာ ဒီနေ့မတ်လ၂၃ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အနည်းဆုံး၂၀ကျော် သေဆုံးကာ အလောင်းနဲ့ လက်နက်တွေရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ် ရဲဘော်တွေက ပြောပါတယ်။

​ရွှေဘိုခရိုင်တပ်ရင်း​တွေက PDF တပ်ဖွဲဝင်​တွေ။ ဓါတ်ပုံ -​ရွှေဘိုခရိုင်တပ်ရင်း ၂၃ 

မတ်-၂၃၊၂၀၂၆-ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းu မင်းကုန်းရွာအနီးမှာ ဒီနေ့မတ်လ၂၃ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အနည်းဆုံး၂၀ကျော် သေဆုံးကာ အလောင်းနဲ့ လက်နက်တွေရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ် ရဲဘော်တွေက ပြောပါတယ်။

သစ်ဆိမ့်ကျေးရွာကို တပ်စွဲထားတဲ့ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး မတ်လ၂၁ ရက်ကတည်းက တိုက်ပွဲတွေ ထပ်မံပြင်းထန်နေတာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ပွိုင့်ဖိုက် ​သေနတ်တင်ကား
၂စီးပါဝင်ပြီး အင်အား၂၀၀ ခန့်ရှိကာ ရေချိုအိုင်ရွာနဲ့ မင်းကုန်းကျေးရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာ ထပ်တိုးလာတာမို့ ဒီနေ့ မနက်၅နာရီကျော်မှာ ထပ်မံတိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

“မနက်၅နာရီက စပြီးတိုက်ပွဲဖြစ်တာ။အလောင်း၂၀ လောက်နဲ့ တခြားရတာတွေရှိတယ်”လို့ တော်လှန် ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

နောက်ထပ် ဒေသခံတစ်ဦးကတော့ တိုက်ပွဲအကြီးကျယ်ပြင်းထန်ခဲ့ပြီး စစ်တပ်က အကျဆုံးများကာပြန်ဆုတ်သွားတယ်လို့ ပြောပါတယ်။

“ပွိုင့်-5ကား ရခါနီး လုံးတဲ့အချိန်မှာ ကိုယ့်ဘက်ကလည်း အကျ‌တချို့ရှိသွားတယ်။စကစကတော့ ရေဖြူလမ်းဆုံကိုပြန်ဆုတ်သွားပြီ”လို့ တခြားတော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ​တော်လှန်​ရေးတပ်ဖွဲ့​တွေဘက်က ရဲ​ဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က အထိနာပြီး ရေဖြူလမ်းဆုံအထိ ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

သစ်ဆိမ့်ကျေးရွာကို ဖေဖော်ဝါရီ ၁၁ရက်က စစ်တပ် တပ်စွဲလိုက်ပြီးနောက် ထပ်မံစစ် ကြောင်းထိုးဖို့ကြိုးစားနေရာ တစ်လကျော်အကြာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်က ထုံးကြီးနယ်မြေရဲစခန်းကနေ ကျွန်းရွာ‌တွေဘက်ကို သင်္ဘောနဲ့စစ်ကြောင်းထိုးဖို့ဆင်းလာစဉ် တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ဦး သေဆုံးပြိး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရေဘေးသင့်ဒဏ်ခံစားနေရတဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြု့နယ်အတွင်း စစ်ကြောင်းထိုးတဲ့ စစ်တပ်က အရပ်သား ၁ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ရေ ဘေးကြုံနေချိန်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်ပါတယ်။