Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အရှေ့ခြမ်းတိုက်ပွဲ စစ်သား၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းu မင်းကုန်းရွာအနီးမှာ ဒီနေ့မတ်လ၂၃ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အနည်းဆုံး၂၀ကျော် သေဆုံးကာ အလောင်းနဲ့ လက်နက်တွေရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ် ရဲဘော်တွေက ပြောပါတယ်။

​ရွှေဘိုခရိုင်တပ်ရင်း​တွေက PDF တပ်ဖွဲဝင်​တွေ။ ဓါတ်ပုံ -​ရွှေဘိုခရိုင်တပ်ရင်း ၂၃ 

မတ်-၂၃၊၂၀၂၆-ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းu မင်းကုန်းရွာအနီးမှာ ဒီနေ့မတ်လ၂၃ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အနည်းဆုံး၂၀ကျော် သေဆုံးကာ အလောင်းနဲ့ လက်နက်တွေရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ် ရဲဘော်တွေက ပြောပါတယ်။

သစ်ဆိမ့်ကျေးရွာကို တပ်စွဲထားတဲ့ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး မတ်လ၂၁ ရက်ကတည်းက တိုက်ပွဲတွေ ထပ်မံပြင်းထန်နေတာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ပွိုင့်ဖိုက် ​သေနတ်တင်ကား
၂စီးပါဝင်ပြီး အင်အား၂၀၀ ခန့်ရှိကာ ရေချိုအိုင်ရွာနဲ့ မင်းကုန်းကျေးရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာ ထပ်တိုးလာတာမို့ ဒီနေ့ မနက်၅နာရီကျော်မှာ ထပ်မံတိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

“မနက်၅နာရီက စပြီးတိုက်ပွဲဖြစ်တာ။အလောင်း၂၀ လောက်နဲ့ တခြားရတာတွေရှိတယ်”လို့ တော်လှန် ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

နောက်ထပ် ဒေသခံတစ်ဦးကတော့ တိုက်ပွဲအကြီးကျယ်ပြင်းထန်ခဲ့ပြီး စစ်တပ်က အကျဆုံးများကာပြန်ဆုတ်သွားတယ်လို့ ပြောပါတယ်။

“ပွိုင့်-5ကား ရခါနီး လုံးတဲ့အချိန်မှာ ကိုယ့်ဘက်ကလည်း အကျ‌တချို့ရှိသွားတယ်။စကစကတော့ ရေဖြူလမ်းဆုံကိုပြန်ဆုတ်သွားပြီ”လို့ တခြားတော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ​တော်လှန်​ရေးတပ်ဖွဲ့​တွေဘက်က ရဲ​ဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က အထိနာပြီး ရေဖြူလမ်းဆုံအထိ ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

သစ်ဆိမ့်ကျေးရွာကို ဖေဖော်ဝါရီ ၁၁ရက်က စစ်တပ် တပ်စွဲလိုက်ပြီးနောက် ထပ်မံစစ် ကြောင်းထိုးဖို့ကြိုးစားနေရာ တစ်လကျော်အကြာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က အရပ်သားပြည်သူတွေ သတ်ဖြတ်ပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ ဇူလိုင်၁၇ရက်မှာ ထုတ်ပြန်ပါတယ်။